Credit:nanmalgyi
# Unicode Version # ဖြင့် ဖတ်ပါ #
စွဲဆောင်မှုအပြည့်နဲ့ဝန်းရံသူအများ စိတ်ချမ်းသာစရာ ဓာတ်ပုံတွေနဲ့ အမိုက်စားကိုယ်လုံး ကိုယ်ပေါက်အချိုးအစားနဲ့ဖွံ့ဖွံ့ထွားထွားလှနေတဲ့ မမဉ္ဇာဝင့်ကျော် ကိုသဘောကျတဲ့ မိတ်ဆွေတွေဆီကိုသူစမူဆာ Music Videoမှာ ပါဝင်သရုပ်ဆောင်ဖြစ်ပုံနဲ့သူနှင်းဆီပုံ တက်တူးထိုးလိုက်တဲ့အကြောင်းကို Fashion Magazine နဲ့ Myanmar Celebrity တို့နဲ့အင်တာဗျူးတွေမှာပြောပြသွားခဲ့ပါတယ်။ အဲ့ဒီလိုပြောပြသွားတဲ့အကြောင်းအရာတွေကို မိတ်ဆွေတွေသိအောင်ပြောပြပေးလိုက်ပါတယ်။
နှင်းဆီပုံတက်တူးထိုးဖြစ်တဲ့အကြောင်းကို “သဉ္ဇာခန္ဓာကိုယ်မှာက တက်တူးသေးသေးလေးတွေပဲရှိ တယ်လေ ။အကြီးကြီးမရှိဘူးနောက်ပြီးတော့ ကာလာတက်တူးလည်းမရှိဘူး။ ဒီဘက်တစ်ခြမ်း ဆိုရင်ဘေးတိုက်ကြည့်ရင် ဘာတက်တူးမှမရှိဘူး ။ခပ်ကြီးကြီးလည်းထိုးချင်တယ်။
 ဒီဘက်ခြမ်း(ဘယ်ဘက်)မှာလည်းထိုးချင်တယ်ဆိုတော့ အဲ့ဒီနေရာလေး Ideaရလို့ထိုးဖြစ်သွားတာပေါ့။ပြီးတော့ နှင်းဆီပန်းကသဉ္ဇာအကြိုက်ဆုံး ပြီးတော့နှင်းဆီပန်းမှာမှနှင်းဆီအနီကိုအရမ်းကြိုက်တာ။ ပြီးတော့အနီရောင်လည်းကြိုက်တယ်။ အဲ့တာကြောင့်အဲ့ဒီပုံလေးကိုထိုးဖြစ်သွားတာ။
ထိုးချင်တာကြာလှပြီ။ ကိုယ်ကြိုက်တဲ့အရောင်လေးနဲ့ကိုယ်ကြိုက်တဲ့ပန်းလေးနဲ့အဲ့ဒီလိုမျိုးထိုးဖြစ်သွားတာ။လူတွေအများစုက ပန်းစည်းတွေဘာတွေပေးရင်လည်း နှင်းဆီအနီပဲပေးကြတာများတယ်။ ထူးဆန်းတာလားတော့မသိဘူး သဉ္ဇာကလည်းမတောင်းဘူး လာပေးရင်နှင်းဆီပန်းအနီလေးတွေပဲလာလာပေးကြတာပေါ့ အဲ့ဒါလေးကတော့အမှတ်တရပါ။
အရင်တုန်းကထိုးတာကြတော့ သိပ်ပြီးတော့နာတာမျိုးမဖြစ်ဘူး သေးတာကိုး ဒီတစ်ခေါက်ဟာတော်တော်နာတယ်။ အရိုးထဲကစိမ့်ပြီးနာတာ ။ထိုးလို့ပြီးခါနီးမှာအနာဆုံးပဲ။ ဒါပေမယ့်တစ်ခါတည်းတော့ အကုန်ပြီးအောင်ထိုးလိုက်တယ်။
နောက်ပြီးသူရဲ့ထိုးထားပြီးတဲ့ တက်တူးတွေအကြောင်းကိုလည်း “ ပခုံးပေါ်ကတက်တူးနှစ်ခုက တစ်ဖက်က အမေရဲ့မွေးနေ့ပေါ့ တစ်ဖက်ကအမေရဲ့မွေးနေ့ပါ။ နောက်ထပ်လည်းထပ်ထိုးဦးမှာပါ။ တချို့သဉ္ဇာကိုချစ်တဲ့သူတွေကတော့ မထိုးစေချင်တော့ဘူး ။ သဉ္ဇာသာမင်းသမီးမလုပ်ဖူးဆိုရင် တကိုယ်လုံးအပြည့်ထိုးမိမှာ အမှန်ပဲ။ဒါမင်းသမီးလုပ်နေလို့အများကြီးလျော့ထားတာ။
ထိုထားတဲ့အရာမှန်သမျှကလည်း အမှတ်တရကတွေလည်းရှိတယ်။ ပြီးလို့ရှိရင်စတိုင်လ်လည်းကျအောင်ပေါ့နော် ။ ပြီးလို့ရှိရင်တက်တူးထိုးထားတဲ့ မိန်းကလေးတွေတွေ့ရင်လည ်း အရမ်းသဘောကျတာ အဲ့ဒီလိုယောက်ျားလေးတွေမြင်ရင်လည်း အရမ်းသဘောကျတာ။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။
ဟဲလေးရဲ့စမူစာသီချင်းMusic Video မှာပါဝင်သရုပ်ဆောင်ဖြစ်တဲ့အကြောင်းကိုလည်း “သီချင်းလေးသဉ္ဇာကိုပေးပြီးနားထောင်ခိုင်းကတည်းက သဉ္ဇာအရမ်းကြိုက်တယ်။ မြူးလည်းအရမ်းမြူးတယ်။ ပြီးတော့အရင်သီချင်းကတည်းက ကိုဟဲလေးက သဉ္ဇာကိုကမ်းလှမ်းထားတာ ပြီးခဲ့တဲ့နှစ်ကလည်းမရိုက်ဖြစ်တဲ့အခါကျတော့ဒီနှစ်ကပြန်အကြွေးပြန် ဆပ်တဲ့အနေနဲ့ရိုက်ဖြစ်သွားတာပါ။
ကိုယ်ကလည်းရိုက်မယ်ဆိုပြီးကတိပေးပြီးသွားပြီ။ ဒါတောင်မှ ရက်ကိုတစ်ရက်ရွှေ့လိုက်တာ ထပ်ရွှေ့တာကို မငြီးမငြူဘဲ ရွှေ့ပေးတယ်။ အဲ့ဒီရွှေ့ပေးတဲ့ရက်မှာ သဉ္ဇာရိုက်ဖြစ်အောင်ရိုက်ပေးဖြစ်တာ။ ရိုက်ပြီးတော့ အောင်မြင်တာသိရလို့ပရိသတ်တွေကြိုက်တာသိရလို့ဝမ်းသာပါတယ်။”လို့ပြောပြသွားတဲ့အပြင်သူရဲ့အကြောင်းလေးအနည်းငယ်ကိုလည်း “သဉ္ဇာက ဘဝမှာကိုယ်လုပ်ချင်တာလုပ်ရရင်ပျော်တဲ့လူမျိုးလေ စိတ်ထင်ရာတွေလုပ်တာ စိတ်ထဲမှာလုပ်ချင်တာရှိရင်လုပ်လိုက်တယ် ။
ဘယ်သူတားတားမရဘူးပေါ့ ။အဲ့ဒီလိုစိတ်လေးတော့ရှိပေမယ့်လည်း အခုလုပ်လိုက်ပြီးတဲ့အရာအားလုံးကိုလည်း ကျေနပ်ပါတယ်။ ဘယ်သူတွေဘာပြောပြောအပြစ်ရှိလည်းခံယူပါ့မယ်။”လို့လည်းပြောပြခဲ့ပါတယ်။သဉ္ဇာဓာတ်ပုံဆရာဖြစ်ချင်တဲ့သူတွေကိုဆိုတော့ “ သဉ္ဇာ ဓာတ်ပုံဆရာဖြစ်ချင်ရင်တော့ဆုတောင်းပေါ့ (ရယ်လျက်) အားလုံးကိုချစ်လိုစတာ”ဆိုပြီးပြောပြသွားပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:nanmalgyi
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top