ခုေနာက္ပိုင္း ဒူးကမ်က္ခနဲ၊ ခါးက မ်က္ခနဲ၊ ပခံုးက အေၾကာတင္ျပန္ျပီ၊ ၾကြက္သားေတြနာေနျပန္ျပီ။ ဟိုနားကကိုက္ ဒီနားကနာ နဲ႔နာက်င္ကိုက္ခဲေနတာပဲ။ ဟယ္ၾကည့္စမ္း..ဝိတ္ေတြ လည္းတက္ေနတာပဲ။ ဝလို႔ျဖစ္တာေနမယ္။

ဒီလိုပဲေတြးလိိုက္တာမလား။ လူကဝလာလို႔ ဒီေဝဒနာေတြျဖစ္လာတယ္လို႔ ယူဆတတ္ၾကေပမယ့္ ေနာက္ထပ္အေၾကာင္းရင္းတစ္ခုလည္းရွိေနေသးတယ္ဆိုတာေရာ သိထားျပီးျပီလား။ ကိုုယ္အေလးခ်ိန္တက္ျခင္းနဲ႔ နာက်င္ကိုက္ခဲမႈေတြဟာ စိတ္ဖိစီးမႈခံစားေနရတဲ့ လကၡဏာေတြထဲပါဝင္ပါတယ္။

စိတ္ဖိစီးမႈဆိုတာ စိတ္က်န္းမာေရးျပႆနာတစ္ခုတင္မကပါဘူး။ ခႏၶာကိုယ္မွာ ထင္ထားတာထက္ ဆုတ္ယုတ္မႈပိုရွိေစနိုိင္ျပီး ရုပ္ပိုင္းဆိုင္ရာက်န္းမာေရးကိုပါထိခိုက္ေစနိုင္ပါတယ္။
စိတ္ဖိစီးမႈဆိုတာ အေျခအေနအမ်ိဳးမ်ိဳးမွာ ျဖစ္လာနိုင္တယ္။ အလုပ္နဲ႔ပတ္သက္လို႔လား၊ မိသားစုျပႆနာလား၊ လူမႈဆက္ဆံေရးမွာလား၊ အခ်စ္ေရးမွာလား စသည္ျဖင့္ေပါ့။

တိုးတက္ေျပာင္းလဲလာတဲ့ ေခတ္နဲ႔ ေနထိုင္မႈပံုစံေတြေၾကာင့္လည္း စိတ္ဖိစီးမႈနဲ႔ ေတြ႔ရတာမ်ားလာေတာ့ ခြဲခြာမရေတာ့ပါဘူး။ အလုပ္အတြက္ မၾကာခဏ အီးေမးလ္ဝင္ဝင္စစ္ေနရတယ္မလား၊ စီးပြားေရးမွာက သူမ်ားလက္ထဲမပါေအာင္ ျမန္ျမန္ဆန္ဆန္လႈပ္ရွားရတယ္မလား၊ နည္းပညာမွာလည္း အျပိဳင္အဆိုင္ေခတ္ေရွ႕ေျပးဖို႔ ၾကိဳေျပးေနရတယ္မလား။ စိတ္ဖိစီးမႈကို ေရွာင္ဖို႔မေျပာနဲ႔၊ စိတ္က်ေရာဂါမဝင္ေအာင္ မနည္းရုန္းကန္တြန္းလွန္ေနရတယ္မလား။

ဒီလိုနဲ႔ ဘာေၾကာင့္ပဲျဖစ္ျဖစ္ စိတ္ဖိစီးလာတဲ့အခါ ေကာ္တီေဆာ ေဟာ္မုန္းေတြထြက္လာတယ္။

ဘာေတြဆက္ျဖစ္လဲ

ေကာ္တီေဆာထုတ္လုပ္မႈမ်ားလာရင္ ခႏၶာကိုယ္အႏွံ႔မွာ သက္ေရာက္မႈလည္းအေတာ္မ်ားပါတယ္။ ဇက္ေၾကာ၊ ဦးေခါင္းနဲ႔ပခံုးတို႔လို ေနရာေတြမွာပဲ ထိခိုက္တယ္လို႔ ယူဆေလ့ရွိၾကေပမယ့္ တစ္ကိုယ္လံုးမွာ ဝိတ္တက္လာေစတာလည္း စိတ္ဖိစီးမႈေၾကာင့္ပါပဲ။

စိတ္ေရာကိုယ္ပါဖိစီးတယ္ဆိုတာ တကယ္ပါပဲ။ စိတ္ဖိစီးမႈတာရွည္ခံစားေနရတဲ့သူေတြဟာ တစ္ေန႔ထက္တစ္ေန႔ ကိုယ္အေလးခ်ိန္ပိုတက္လာတယ္၊ ကိုယ္လက္နာက်င္မႈေတြျဖစ္လာတယ္။

စိတ္ဖိစီးမႈေၾကာင့္ အမ်ိဳးသားေတြမွာ ခါး(ေအာက္ပိုင္း) နာျခင္းေဝဒနာခံစားရနုိင္ျပီး အမ်ိဳးသမီးေတြမွာေတာ့ ခါးအထက္ပိုင္း၊ ေနာက္ေက်ာၾကြက္သားေတြနဲ႔ ဇက္ေၾကာမွာ နာက်င္ကိုက္ခဲမႈခံစားရေလ့ရွိပါတယ္။ ေနာက္ေစ့မွာ ေခါင္းကိုက္ျခင္းေဝဒနာလည္းခံစားရနိုင္တယ္။

အျဖစ္မ်ားတဲ့ စိတ္ဖိစီးမႈသက္ေရာက္တဲ့ ရုပ္ပိုင္းဆိုင္ရာလကၡဏာေတြထဲမွာ ေခါင္းကိုက္တာ၊ အစာေျခစနစ္ျပႆနာေတြ၊ ၾကြက္သားနာက်င္ကိုက္ခဲမႈနဲ႔ ကိုယ္လက္နာက်င္မႈေတြပါဝင္ပါတယ္။

ဘယ္လိုျပန္ကုစားမလဲ

ကိုယ္အေလးခ်ိန္မ်ားေနတာကိုေတာ့ သင့္ေတာ္တဲ့နည္းနဲ႔ ျပန္ေလွ်ာ့ခ်သင့္ပါတယ္။ ဒါေပမယ့္ တခ်ိန္တည္းမွာပဲ စိတ္ဖိစီးမႈကိုလည္း တတ္နိုင္သေလာက္ထိန္းခ်ဳပ္သင့္ပါတယ္။ မဟုတ္ရင္ ဝိတ္ေလွ်ာ့လိုက္၊ ျပန္တက္လာလိုက္နဲ႔ ဘာမွမထူးေတာ့ပါဘူး။

 ေနာက္ထပ္ဆက္ႏႊယ္ေနတဲ့အခ်က္က စိတ္ဖိစီးရင္ အိပ္မေပ်ာ္ဘူး၊ အိပ္ေရးပ်က္ရင္ ေနာက္ရက္မွာ အစားေတြအလြန္အက်ြံစားမိမယ္ ဒါမွမဟုတ္ အဆီတက္မယ့္ဟာေတြပဲ စားခ်င္ေနမယ္၊ စားခ်ိန္အိပ္ခ်ိန္မမွန္ေတာ့ဘူး၊ ဒီလိုနဲ႔ပတ္လည္ကိုရိုက္ေနပါလိမ့္မယ္။

    အသက္ျပင္းျပင္းရွဴသြင္းပါ။ ျဖည္းျဖည္းခ်င္း ျပန္ရွဴထုတ္ပါ။ တည္ျငိမ္သြားတဲ့အထိလုပ္ပါ။
    ကိုယ္လက္လႈပ္ရွားလ့က်င့္ခန္းလုပ္ပါ သို႔မဟုတ္ တရားထိုင္ပါ။
    အာရံုလႊဲဖို႔ စိတ္ခ်မ္းသာမယ့္အရာတစ္ခုခုလုပ္ပါ။
    မိသားစု သို႔မဟုတ္ သူငယ္ခ်င္းေတြနဲ႔စကားေျပာပါ။
    ျပႆနာေတြကိုတစ္ဆင့္ျပီးတစ္ဆင့္ဘယ္လိုေျဖရွင္းရမလဲဆိုတာ အစီအစဥ္ဆြဲပါ။
    က်န္းမာေရးနဲ႔ညီညြတ္စြာ စားေသာက္တဲ့အေလ့အထကို ေမြးပါ။
     လံုေလာက္ေအာင္ အနားယူပါ။

ကိုယ္ခႏၶာကိုက္ခဲမႈေဝဒနာေတြကို ကာလတာရွည္ခံစားေနရတယ္ဆိုရင္ စိတ္ဖိစီးမႈေၾကာင့္ျဖစ္နိုင္ ပါတယ္။ ဒီလိုအေနအထားမွာ အကိုက္အခဲေပ်ာက္ေဆးေတြခ်ည္းေသာက္ေနလို႔ အဆင္မေျပ နိုင္ပါဘူး။ ေဝဒနာရဲ႕အရင္းအျမစ္ကိုအရင္ေျဖရွင္းရမွာျဖစ္သလို ေနာက္ဆံုးမွာဒီေဆးေတြေၾကာင့္ အစာအိမ္ေသြးယိုတာေတြျဖစ္လာနုိင္တယ္။

စိတ္က်န္းမာမွ ကိုယ္က်န္းမာနိုင္ပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #


ခုနောက်ပိုင်း ဒူးကမျက်ခနဲ၊ ခါးက မျက်ခနဲ၊ ပခုံးက အကြောတင်ပြန်ပြီ၊ ကြွက်သားတွေနာနေပြန်ပြီ။ ဟိုနားကကိုက် ဒီနားကနာ နဲ့နာကျင်ကိုက်ခဲနေတာပဲ။ ဟယ်ကြည့်စမ်း..ဝိတ်တွေ လည်းတက်နေတာပဲ။ ဝလို့ဖြစ်တာနေမယ်။

ဒီလိုပဲတွေးလိုက်တာမလား။ လူကဝလာလို့ ဒီဝေဒနာတွေဖြစ်လာတယ်လို့ ယူဆတတ်ကြပေမယ့် နောက်ထပ်အကြောင်းရင်းတစ်ခုလည်းရှိနေသေးတယ်ဆိုတာရော သိထားပြီးပြီလား။ ကိုယ်အလေးချိန်တက်ခြင်းနဲ့ နာကျင်ကိုက်ခဲမှုတွေဟာ စိတ်ဖိစီးမှုခံစားနေရတဲ့ လက္ခဏာတွေထဲပါဝင်ပါတယ်။

စိတ်ဖိစီးမှုဆိုတာ စိတ်ကျန်းမာရေးပြဿနာတစ်ခုတင်မကပါဘူး။ ခန္ဓာကိုယ်မှာ ထင်ထားတာထက် ဆုတ်ယုတ်မှုပိုရှိစေနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါထိခိုက်စေနိုင်ပါတယ်။
စိတ်ဖိစီးမှုဆိုတာ အခြေအနေအမျိုးမျိုးမှာ ဖြစ်လာနိုင်တယ်။ အလုပ်နဲ့ပတ်သက်လို့လား၊ မိသားစုပြဿနာလား၊ လူမှုဆက်ဆံရေးမှာလား၊ အချစ်ရေးမှာလား စသည်ဖြင့်ပေါ့။

တိုးတက်ပြောင်းလဲလာတဲ့ ခေတ်နဲ့ နေထိုင်မှုပုံစံတွေကြောင့်လည်း စိတ်ဖိစီးမှုနဲ့ တွေ့ရတာများလာတော့ ခွဲခွာမရတော့ပါဘူး။ အလုပ်အတွက် မကြာခဏ အီးမေးလ်ဝင်ဝင်စစ်နေရတယ်မလား၊ စီးပွားရေးမှာက သူများလက်ထဲမပါအောင် မြန်မြန်ဆန်ဆန်လှုပ်ရှားရတယ်မလား၊ နည်းပညာမှာလည်း အပြိုင်အဆိုင်ခေတ်ရှေ့ပြေးဖို့ ကြိုပြေးနေရတယ်မလား။ စိတ်ဖိစီးမှုကို ရှောင်ဖို့မပြောနဲ့၊ စိတ်ကျရောဂါမဝင်အောင် မနည်းရုန်းကန်တွန်းလှန်နေရတယ်မလား။

ဒီလိုနဲ့ ဘာကြောင့်ပဲဖြစ်ဖြစ် စိတ်ဖိစီးလာတဲ့အခါ ကော်တီဆော ဟော်မုန်းတွေထွက်လာတယ်။

ဘာတွေဆက်ဖြစ်လဲ

ကော်တီဆောထုတ်လုပ်မှုများလာရင် ခန္ဓာကိုယ်အနှံ့မှာ သက်ရောက်မှုလည်းအတော်များပါတယ်။ ဇက်ကြော၊ ဦးခေါင်းနဲ့ပခုံးတို့လို နေရာတွေမှာပဲ ထိခိုက်တယ်လို့ ယူဆလေ့ရှိကြပေမယ့် တစ်ကိုယ်လုံးမှာ ဝိတ်တက်လာစေတာလည်း စိတ်ဖိစီးမှုကြောင့်ပါပဲ။

စိတ်ရောကိုယ်ပါဖိစီးတယ်ဆိုတာ တကယ်ပါပဲ။ စိတ်ဖိစီးမှုတာရှည်ခံစားနေရတဲ့သူတွေဟာ တစ်နေ့ထက်တစ်နေ့ ကိုယ်အလေးချိန်ပိုတက်လာတယ်၊ ကိုယ်လက်နာကျင်မှုတွေဖြစ်လာတယ်။

စိတ်ဖိစီးမှုကြောင့် အမျိုးသားတွေမှာ ခါး(အောက်ပိုင်း) နာခြင်းဝေဒနာခံစားရနိုင်ပြီး အမျိုးသမီးတွေမှာတော့ ခါးအထက်ပိုင်း၊ နောက်ကျောကြွက်သားတွေနဲ့ ဇက်ကြောမှာ နာကျင်ကိုက်ခဲမှုခံစားရလေ့ရှိပါတယ်။ နောက်စေ့မှာ ခေါင်းကိုက်ခြင်းဝေဒနာလည်းခံစားရနိုင်တယ်။

အဖြစ်များတဲ့ စိတ်ဖိစီးမှုသက်ရောက်တဲ့ ရုပ်ပိုင်းဆိုင်ရာလက္ခဏာတွေထဲမှာ ခေါင်းကိုက်တာ၊ အစာခြေစနစ်ပြဿနာတွေ၊ ကြွက်သားနာကျင်ကိုက်ခဲမှုနဲ့ ကိုယ်လက်နာကျင်မှုတွေပါဝင်ပါတယ်။

ဘယ်လိုပြန်ကုစားမလဲ

ကိုယ်အလေးချိန်များနေတာကိုတော့ သင့်တော်တဲ့နည်းနဲ့ ပြန်လျှော့ချသင့်ပါတယ်။ ဒါပေမယ့် တချိန်တည်းမှာပဲ စိတ်ဖိစီးမှုကိုလည်း တတ်နိုင်သလောက်ထိန်းချုပ်သင့်ပါတယ်။ မဟုတ်ရင် ဝိတ်လျှော့လိုက်၊ ပြန်တက်လာလိုက်နဲ့ ဘာမှမထူးတော့ပါဘူး။

 နောက်ထပ်ဆက်နွှယ်နေတဲ့အချက်က စိတ်ဖိစီးရင် အိပ်မပျော်ဘူး၊ အိပ်ရေးပျက်ရင် နောက်ရက်မှာ အစားတွေအလွန်အကျွံစားမိမယ် ဒါမှမဟုတ် အဆီတက်မယ့်ဟာတွေပဲ စားချင်နေမယ်၊ စားချိန်အိပ်ချိန်မမှန်တော့ဘူး၊ ဒီလိုနဲ့ပတ်လည်ကိုရိုက်နေပါလိမ့်မယ်။

    အသက်ပြင်းပြင်းရှူသွင်းပါ။ ဖြည်းဖြည်းချင်း ပြန်ရှူထုတ်ပါ။ တည်ငြိမ်သွားတဲ့အထိလုပ်ပါ။
    ကိုယ်လက်လှုပ်ရှားလ့ကျင့်ခန်းလုပ်ပါ သို့မဟုတ် တရားထိုင်ပါ။
    အာရုံလွှဲဖို့ စိတ်ချမ်းသာမယ့်အရာတစ်ခုခုလုပ်ပါ။
    မိသားစု သို့မဟုတ် သူငယ်ချင်းတွေနဲ့စကားပြောပါ။
    ပြဿနာတွေကိုတစ်ဆင့်ပြီးတစ်ဆင့်ဘယ်လိုဖြေရှင်းရမလဲဆိုတာ အစီအစဉ်ဆွဲပါ။
    ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်တဲ့အလေ့အထကို မွေးပါ။
     လုံလောက်အောင် အနားယူပါ။

ကိုယ်ခန္ဓာကိုက်ခဲမှုဝေဒနာတွေကို ကာလတာရှည်ခံစားနေရတယ်ဆိုရင် စိတ်ဖိစီးမှုကြောင့်ဖြစ်နိုင် ပါတယ်။ ဒီလိုအနေအထားမှာ အကိုက်အခဲပျောက်ဆေးတွေချည်းသောက်နေလို့ အဆင်မပြေ နိုင်ပါဘူး။ ဝေဒနာရဲ့အရင်းအမြစ်ကိုအရင်ဖြေရှင်းရမှာဖြစ်သလို နောက်ဆုံးမှာဒီဆေးတွေကြောင့် အစာအိမ်သွေးယိုတာတွေဖြစ်လာနိုင်တယ်။

စိတ်ကျန်းမာမှ ကိုယ်ကျန်းမာနိုင်ပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top