အင္အားအသင့္အတင့္ရိွေသာ အယ္လ္နီညိဳျဖစ္ပြားေန၍ ျမန္မာႏုိင္ငံေဒသအမ်ားစုတြင္  ပံုမွန္ထက္ပိုမိုပူေနၿပီး ဧၿပီလကုန္အထိ အပူခ်ိန္မ်ားဆက္လက္ျမင့္တက္ေနမည္ဟု မိုးေလဝသပညာရွင္ ေဒါက္တာထြန္းလြင္က ေျပာၾကားသည္။

‘‘မိုးရိပ္က မရိွဘူး။ မုန္တိုင္းျဖစ္ဖို႔ကမရိွေတာ့ အပူခ်ိန္က အရိွန္နဲ႔ ဆက္တက္ႏိုင္တယ္။ ဒီလကုန္ေလာက္အထိေတာ့ အပူခ်ိန္ေတြက ျမင့္ေနမယ္’’ဟု ေဒါက္တာထြန္းလြင္က ေျပာသည္။

၂၀၁၉ မတ္လမွ ဧၿပီအထိႏိုင္ငံတစ္ဝန္းရိွ ေျခာက္ၿမိဳ႕နယ္တြင္ အပူခ်ိန္စံခ်ိန္က်ိဳးခဲ့သည္။ လတ္တေလာအပူခ်ိန္ စံခ်ိန္က်ိဳးေသာ ေနာက္ဆံုးၿမိဳ႕မွာ အမ္းၿမိဳ႕ျဖစ္ၿပီး ဧၿပီ ၂၀ ရက္က အမ္းၿမိဳ႕တြင္ အပူခ်ိန္ ၄၂ ဒီဂရီစင္တီဂရိတ္အထိ ျမင့္တက္ၿပီး စံခ်ိန္က်ိဳးျခင္းျဖစ္သည္။

စစ္ကိုင္းတိုင္းေဒသႀကီးအ ထက္ပုိင္း၊ ကခ်င္ျပည္နယ္၊ ရွမ္း ျပည္နယ္(အေရွ႕ပုိင္း)ႏွင့္ ကယား ျပည္နယ္တုိ႔တြင္ ဧၿပီလ၏ ပုံမွန္ အပူခ်ိန္ထက္ ၃ ဒီဂရီစင္တီဂရိတ္ မွ ၄ ဒီဂရီစင္တီဂရိတ္၊ မေကြး၊ ပဲခူး၊ တနသၤာရီတိုင္းေဒသႀကီး၊ ရွမ္းႏွင့္မြန္ျပည္နယ္တုိ႔တြင္ ဧၿပီ လ၏ ပုံမွန္အပူခ်ိန္ထက္ ၂ ဒီဂရီ စင္တီဂရိတ္ခန္႔ပုိပူခဲ့သည္

အပူခ်ိန္ ၄၀ ဒီဂရီစင္တီဂ ရိတ္ႏွင့္အထက္သည္ ကေလး ငယ္၊ သက္ႀကီးရြယ္အုိႏွင့္ က်န္း မာေရးမေကာင္းသူမ်ားအတြက္ အလြန္သတိျပဳရမည့္ အေနအ ထားျဖစ္ေၾကာင္း မုိးေလ၀သ ပညာရွင္ေဒါက္တာထြန္းလြင္က သတိေပးထားသည္။

အပူအႏၲရာယ္ ႀကိဳတင္ကာကြယ္ေနထုိင္ရန္ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနကလည္း သတိေပးထားသည္။
ဖိုးသူေတာ္(www.phothutaw.com)
Credit:burmese.asia

#Unicode Version#
အင်အားအသင့်အတင့်ရှိသော အယ်လ်နီညိုဖြစ်ပွားနေ၍ မြန်မာနိုင်ငံဒေသအများစုတွင်  ပုံမှန်ထက်ပိုမိုပူနေပြီး ဧပြီလကုန်အထိ အပူချိန်များဆက်လက်မြင့်တက်နေမည်ဟု မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

‘‘မိုးရိပ်က မရှိဘူး။ မုန်တိုင်းဖြစ်ဖို့ကမရှိတော့ အပူချိန်က အရှိန်နဲ့ ဆက်တက်နိုင်တယ်။ ဒီလကုန်လောက်အထိတော့ အပူချိန်တွေက မြင့်နေမယ်’’ဟု ဒေါက်တာထွန်းလွင်က ပြောသည်။

၂၀၁၉ မတ်လမှ ဧပြီအထိနိုင်ငံတစ်ဝန်းရှိ ခြောက်မြို့နယ်တွင် အပူချိန်စံချိန်ကျိုးခဲ့သည်။ လတ်တလောအပူချိန် စံချိန်ကျိုးသော နောက်ဆုံးမြို့မှာ အမ်းမြို့ဖြစ်ပြီး ဧပြီ ၂၀ ရက်က အမ်းမြို့တွင် အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ပြီး စံချိန်ကျိုးခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးအ ထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်း ပြည်နယ်(အရှေ့ပိုင်း)နှင့် ကယား ပြည်နယ်တို့တွင် ဧပြီလ၏ ပုံမှန် အပူချိန်ထက် ၃ ဒီဂရီစင်တီဂရိတ် မှ ၄ ဒီဂရီစင်တီဂရိတ်၊ မကွေး၊ ပဲခူး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းနှင့်မွန်ပြည်နယ်တို့တွင် ဧပြီ လ၏ ပုံမှန်အပူချိန်ထက် ၂ ဒီဂရီ စင်တီဂရိတ်ခန့်ပိုပူခဲ့သည်

အပူချိန် ၄၀ ဒီဂရီစင်တီဂ ရိတ်နှင့်အထက်သည် ကလေး ငယ်၊ သက်ကြီးရွယ်အိုနှင့် ကျန်း မာရေးမကောင်းသူများအတွက် အလွန်သတိပြုရမည့် အနေအ ထားဖြစ်ကြောင်း မိုးလေဝသ ပညာရှင်ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

အပူအန္တရာယ် ကြိုတင်ကာကွယ်နေထိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း သတိပေးထားသည်။
ဖိုးသူတော်(www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top