20% အထိDiscount ေပးမည့္ (ကမၻာေအး ေက်ာက္မ်က္ေရွ ႔) Grand Wireless ကြန္ဒိုအေရာင္းျပပြဲ
×


ဖတ္ျဖစ္ေအာင္ဖတ္ပါ
မာန မ႐ွိတာ မဟုတ္ပါဘူး။ ကုိယ့္မာနေၾကာင့္ အျခားသူကုိ အေနက်ပ္မွာဆုိးလုိ႔ပါ။
ရန္မျဖစ္တတ္တာ မဟုတ္ဘူး။ ရန္ျဖစ္ျခင္းက ႏွစ္ဦးစလုံးကုိ ထိခုိက္ေစလုိ႔ပါ။

ေလာဘ မ႐ွိတာမဟုတ္ဘူး။ သူမ်ားမ်က္ရည္ပါေနတဲ့ ထမင္းကုိ မစားခ်င္လုိ႔ပါ။
ေအာင္ျမင္မူွ အႀကီးႀကီး မလုိခ်င္တာမဟုတ္ဘူး။ သူမ်ားတကာကုိ နင္းၿပီး မတက္ခ်င္လုိ႔ပါ။
စုိးရိမ္စိတ္ေတြ မ႐ွိတာ မဟုတ္ပါဘူး။ စုိးရိမ္ေနလုိ႔ေရာ အရာအားလုံးကၿပီးသြားမွာ မဟုတ္လုိ႔ပါ။

မလိမ္ညာတတ္တာ မဟုတ္ဘူး။ ႐ုိးသားျခင္းက ပုိၿပီးၿငိမ္းခ်မ္းေစတယ္ ထင္လုိ႔ပါ။
မခ်စ္တတ္တာ မဟုတ္ပါဘူး။ သံေယာဇဥ္ရဲ႕ ပူေလာင္ျခင္းကုိ ေၾကာက္သြားလုိ႔ပါ။
ေဒါသ မ႐ွိတာ မဟုတ္ပါဘူး။ စိတ္တုိမိရင္ ကုိယ့္ကုိယ္ကုိယ္ အရမ္းပင္ပန္းလြန္းလုိ႔ပါ။

မယုံၾကည္တတ္တာ မဟုတ္ဘူး။ ယုံၾကည္မိရင္ အလိမ္ခံရလြန္းလုိ႔ပါ။
စကား မေျပာတတ္တာ မဟုတ္ဘူး။ မုသားစကားေတြကုိ သုံးေနရတာ စိတ္ပ်က္လြန္းလုိ႔ပါ။
ကြက္ေက်ာ္႐ုိက္သြားတာ “အ”လုိ႔ခံလုိက္တာ မဟုတ္ဘူး။ တစ္ခါတေလ မသိခ်င္ေယာင္ေဆာင္လုိက္ျခင္းက ကုိယ့္အတြက္ ေအးခ်မ္းတယ္ ထင္လုိ႔ပါ။

လူသားတုိင္းမွာ ေလာဘ ၊ ေဒါသ ၊ မာန ၊ ကိေလသာ … စသည္တုိ႔ ႐ွိေနေပမယ့္လည္း သည္းခံသင့္သည္ကုိ သည္းခံျခင္းက မိမိအတြက္ စစ္မွန္တဲ့ ၿငိမ္းေအးျခင္း ျဖစ္ပါတယ္။
“သည္းခံျခင္းဆုိတာက အည့ံခံျခင္း မဟုတ္သလုိ အ႐ူံးေပးျခင္း လည္း မဟုတ္ပါ မိမိကုိယ္ႏွင့္ အျခားသူကုိ ေအာင္ႏူိင္ရန္ တုန္႔ျပန္တတ္တဲ့ စိတ္ကုိ ဘရိတ္အုပ္ ထိမ္းသိမ္းျခင္းပင္ ျဖစ္ပါတယ္။”

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mmcelesmedia
# Unicode Version # ျဖင့္ ဖတ္ပါ #

ဖတ်ဖြစ်အောင်ဖတ်ပါ
မာန မရှိတာ မဟုတ်ပါဘူး။ ကိုယ့်မာနကြောင့် အခြားသူကို အနေကျပ်မှာဆိုးလို့ပါ။
ရန်မဖြစ်တတ်တာ မဟုတ်ဘူး။ ရန်ဖြစ်ခြင်းက နှစ်ဦးစလုံးကို ထိခိုက်စေလို့ပါ။

လောဘ မရှိတာမဟုတ်ဘူး။ သူများမျက်ရည်ပါနေတဲ့ ထမင်းကို မစားချင်လို့ပါ။
အောင်မြင်မူှ အကြီးကြီး မလိုချင်တာမဟုတ်ဘူး။ သူများတကာကို နင်းပြီး မတက်ချင်လို့ပါ။
စိုးရိမ်စိတ်တွေ မရှိတာ မဟုတ်ပါဘူး။ စိုးရိမ်နေလို့ရော အရာအားလုံးကပြီးသွားမှာ မဟုတ်လို့ပါ။

မလိမ်ညာတတ်တာ မဟုတ်ဘူး။ ရိုးသားခြင်းက ပိုပြီးငြိမ်းချမ်းစေတယ် ထင်လို့ပါ။
မချစ်တတ်တာ မဟုတ်ပါဘူး။ သံယောဇဉ်ရဲ့ ပူလောင်ခြင်းကို ကြောက်သွားလို့ပါ။
ဒေါသ မရှိတာ မဟုတ်ပါဘူး။ စိတ်တိုမိရင် ကိုယ့်ကိုယ်ကိုယ် အရမ်းပင်ပန်းလွန်းလို့ပါ။

မယုံကြည်တတ်တာ မဟုတ်ဘူး။ ယုံကြည်မိရင် အလိမ်ခံရလွန်းလို့ပါ။
စကား မပြောတတ်တာ မဟုတ်ဘူး။ မုသားစကားတွေကို သုံးနေရတာ စိတ်ပျက်လွန်းလို့ပါ။
ကွက်ကျော်ရိုက်သွားတာ “အ”လို့ခံလိုက်တာ မဟုတ်ဘူး။ တစ်ခါတလေ မသိချင်ယောင်ဆောင်လိုက်ခြင်းက ကိုယ့်အတွက် အေးချမ်းတယ် ထင်လို့ပါ။

လူသားတိုင်းမှာ လောဘ ၊ ဒေါသ ၊ မာန ၊ ကိလေသာ … စသည်တို့ ရှိနေပေမယ့်လည်း သည်းခံသင့်သည်ကို သည်းခံခြင်းက မိမိအတွက် စစ်မှန်တဲ့ ငြိမ်းအေးခြင်း ဖြစ်ပါတယ်။
“သည်းခံခြင်းဆိုတာက အညံ့ခံခြင်း မဟုတ်သလို အရူံးပေးခြင်း လည်း မဟုတ်ပါ မိမိကိုယ်နှင့် အခြားသူကို အောင်နိူင်ရန် တုန့်ပြန်တတ်တဲ့ စိတ်ကို ဘရိတ်အုပ် ထိမ်းသိမ်းခြင်းပင် ဖြစ်ပါတယ်။”

ဖိုးသူတော် (www.phothutaw.com)
Credit:mmcelesmedia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top