အထပ္ျမင့္ေန႔အိမ္ ၁၀ လႊာတြင္ မီးအႀကီးအက်ယ္ေလာင္ကၽြမ္းေနစဥ္ ဘာလုပ္လို႔ဘာကိုင္ရမွန္းမသိ ျဖစ္ေနတဲ့ မိခင္က အသက္ ၃ ႏွစ္အရြယ္ ကေလးေလးကို မီးေဘးလြတ္ေစရန္ အိမ္ေရွ႕ျပတင္းေပါက္မွ ေအာက္ကို လႊတ္ခ်ခဲ့ပါတယ္။

႐ုပ္သံတြင္ အသက္ ၃၂ ႏွစ္အရြယ္ မိခင္ျဖစ္သူက အသက္ ၃ ႏွစ္အရြယ္ကေလးကို ျပတင္းတံခါးဖြင့္ကာ ေအာက္ကိုပစ္ခ်ရန္ တန္းလန္ဆြဲလၽွက္ ရွိေနတာကို မ်က္ႏွာျခင္းဆိုင္ေနအိမ္မွ ႐ုပ္သံရိုက္ကူးထားၿပီး၊ ႐ုပ္သံရိုက္သူ အမ်ိဳးသမီးက “မလုပ္ပါနဲ႔ မလုပ္ပါနဲ႔” လို႔ ေျခာက္ျခားတုန္လွုပ္စြာ ဆုေတာင္းေနတာကို ၾကားခဲ့ရပါတယ္။
(႐ုပ္သံအား Facebook, YouTube တို႔၏ ေပၚလစီအရအျပည့္အစုံျပသခြင့္မရွိတာ နားလည္ေပးပါရန္)

မိခင္ျဖစ္သူဟာ သူ႔ကေလးကို ေအာက္ကေန တစ္ေယာက္ေယာက္က စီးဖမ္းထားမယ္ ဒါမွမဟုတ္ တစ္ေနရာရာမွာ တင္ေနမယ္လို႔ ေမၽွာ္လင့္ထားပုံရပါတယ္။ အဲဒီေနာက္ ကေလးကို မ်က္စိစုံမွိတ္ၿပီး ေအာက္ပစ္ခ်လိုက္ပါတယ္။

မ်က္ျမင္သက္ေသမ်ားရဲ့အဆိုအရ အိမ္နီးခ်င္းအခ်ိဳ႕က ေအာက္ကေန ပိတ္စနဲ႔ ကေလးကို ခံထားေပမယ့္ ျပဳတ္က်လာတဲ့အရွိန္နဲ႔ အေလးခ်ိန္ကို ေအာက္ခံပိတ္က မခံနိုင္ပဲ ျပဲကာေျမႀကီးေပၚ က်သြားခဲ့ၿပီး ဒဏ္ရာမ်ားျပင္းထန္စြာရကာ ကေလးေသဆုံးသြားခဲ့ပါတယ္။

သိပ္မၾကာခင္မွာ မိခင္လည္း သူ႔ကေလး သြားရာလမ္းအတိုင္း ျပတင္းေပါက္မွ ခုန္ခ်ခဲ့ရာ ေပ ၁၀၀ အျမင့္ေလာက္ကေန ေျမႀကီးေပၚက်ၿပီး ခ်က္ျခင္း ေသဆုံးသြားခဲ့ပါတယ္။

ျဖစ္စဥ္ကေတာ့ ႐ုရွားနိုင္ငံ ဆိုဗတ္စကီး စီရင္စုမွာ ျဖစ္ပြာခဲ့ပါတယ္။ မီးေလာင္မွုကေန လူေပါင္း ၃၀ ကယ္တင္နိုင္ခဲ့တယ္လို႔ မီးသတ္ဌါနက သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Popolay
#Unicode Version#
အထပ်မြင့်နေ့အိမ် ၁၀ လွှာတွင် မီးအကြီးအကျယ်လောင်ကျွမ်းနေစဉ် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေတဲ့ မိခင်က အသက် ၃ နှစ်အရွယ် ကလေးလေးကို မီးဘေးလွတ်စေရန် အိမ်ရှေ့ပြတင်းပေါက်မှ အောက်ကို လွှတ်ချခဲ့ပါတယ်။

ရုပ်သံတွင် အသက် ၃၂ နှစ်အရွယ် မိခင်ဖြစ်သူက အသက် ၃ နှစ်အရွယ်ကလေးကို ပြတင်းတံခါးဖွင့်ကာ အောက်ကိုပစ်ချရန် တန်းလန်ဆွဲလျှက် ရှိနေတာကို မျက်နှာခြင်းဆိုင်နေအိမ်မှ ရုပ်သံရိုက်ကူးထားပြီး၊ ရုပ်သံရိုက်သူ အမျိုးသမီးက “မလုပ်ပါနဲ့ မလုပ်ပါနဲ့” လို့ ခြောက်ခြားတုန်လှုပ်စွာ ဆုတောင်းနေတာကို ကြားခဲ့ရပါတယ်။
(ရုပ်သံအား Facebook, YouTube တို့၏ ပေါ်လစီအရအပြည့်အစုံပြသခွင့်မရှိတာ နားလည်ပေးပါရန်)

မိခင်ဖြစ်သူဟာ သူ့ကလေးကို အောက်ကနေ တစ်ယောက်ယောက်က စီးဖမ်းထားမယ် ဒါမှမဟုတ် တစ်နေရာရာမှာ တင်နေမယ်လို့ မျှော်လင့်ထားပုံရပါတယ်။ အဲဒီနောက် ကလေးကို မျက်စိစုံမှိတ်ပြီး အောက်ပစ်ချလိုက်ပါတယ်။

မျက်မြင်သက်သေများရဲ့အဆိုအရ အိမ်နီးချင်းအချို့က အောက်ကနေ ပိတ်စနဲ့ ကလေးကို ခံထားပေမယ့် ပြုတ်ကျလာတဲ့အရှိန်နဲ့ အလေးချိန်ကို အောက်ခံပိတ်က မခံနိုင်ပဲ ပြဲကာမြေကြီးပေါ် ကျသွားခဲ့ပြီး ဒဏ်ရာများပြင်းထန်စွာရကာ ကလေးသေဆုံးသွားခဲ့ပါတယ်။

သိပ်မကြာခင်မှာ မိခင်လည်း သူ့ကလေး သွားရာလမ်းအတိုင်း ပြတင်းပေါက်မှ ခုန်ချခဲ့ရာ ပေ ၁၀၀ အမြင့်လောက်ကနေ မြေကြီးပေါ်ကျပြီး ချက်ခြင်း သေဆုံးသွားခဲ့ပါတယ်။

ဖြစ်စဉ်ကတော့ ရုရှားနိုင်ငံ ဆိုဗတ်စကီး စီရင်စုမှာ ဖြစ်ပွာခဲ့ပါတယ်။ မီးလောင်မှုကနေ လူပေါင်း ၃၀ ကယ်တင်နိုင်ခဲ့တယ်လို့ မီးသတ်ဌါနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖိုးသူတော်(www.phothutaw.com)
Credit:Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top