“သႀကၤန္ အၿပီး အိမ္ကို ေကာင္မေလးတေယာက္ နဲ႔ သူ႔အေမ သီခ်င္းလာအပ္တယ္ ။
ေကာင္မေလး အသံ နားေထာင္ၾကည့္ေတာ့ ေကာင္းသားဘဲ ဒါေပမယ့္ သႀကၤန္မွာ အလကားဆိုဘို႔ေတာင္ ပြဲေလး တရက္မွ မရခဲ့ဘူးလို႔ ညည္းေနရွာတယ္ ။
အဲဒါနဲ႔ ေသခ်ာေမးၾကည့္ေတာ့မွ .. သူတို႔ သားအမိ အားနည္းခ်က္ေတြ အျပစ္ေတြေပၚလာတယ္ ။
ကိုယ့္လူမ်ိဳးနဲ႔ တိုင္းျပည္မ်က္ႏွာ ကို မေထာက္တဲ့ သားအမိ ဗ်ာ။ ေမးၾကည့္ေတာ့ ေပၚလာေတာ့တာေပါ့။
” ေနစမ္းပါဦး သမီးက သီခ်င္း ဆိုတာ ဘာနဲ႔ ဆိုရတယ္ ထင္ေနလို႔လဲ ? ”
” အသံ နဲ႔ ပါ ”
” ဟဲ့ သီခ်င္းဆိုတာ ဖင္ နဲ႔ ရင္ နဲ႔ ဆိုရတာဟဲ့ ။
ဘာ အသံနဲ႔ ဆိုရမွာလဲ ?
ဒီ ႏိုင္ငံမွာေမြး ဒီ ေရေသာက္ၿပီး ကိုယ့္ဘဝကို နားမလည္ဘူး ။ လူသစ္တန္း အဆိုေတာ္ လုပ္ေနၿပီး .. ”
” ဟို သမီး က အသံ .. ”
” ဘာ အသံလဲ ? အသံ ဆိုတာ ပိတ္ ပိတ္ၿပီး ပါးစပ္လႈပ္ ဆိုရတာေလ .. ဒုကၡပါဘဲ နင္အဲဒါေၾကာင့္ ပြဲမရတာ”
ေတာ္ေတာ္ ဒူတဲ့ သားအမိဘဲ ။ မ်က္ႏွာငယ္ေလးေတြ နဲ႔ ထိုင္ေနၾကတယ္ ။ အဲဒါနဲ႔ ဆက္ေမးရတယ္ ။
” ၿပီးေတာ့ သမီးတို႔ သားအမိ သူမ်ားေတြလို မႀကိဳးစားၾကဘူးလားကြ ေဟ? ”

” ရွင္ ဘာကိုေျပာတာလဲ ? ”
” ေဩာ္ လူသစ္လုပ္ေနၿပီး ေစာက္ေပါသူေဌးတေယာက္ေယာက္ ပိုင္တဲ့ ေစာက္ေပါ Channel တခုခု က ေစာက္ေပါသီခ်င္းဆိုၿပိဳင္ပြဲ တခုခုမွာ ဝင္မၿပိဳင္ဘူးလား? လို႔ ေမးေနတာ ရွင္းလား ? ”
” ဟုတ္ သမီးက ေအးေဆးဘဲ ကိုယ့္သီခ်င္းေလးေတြကိုယ္ႀကိဳးစားဆိုခ်င္တာနမၿပိဳင္ .. ”
” ဟဲ့ ကိုယ့္ သီခ်င္း ကိုယ္ ႀကိဳးစား ဆိုခ်င္ရေအာင္ .. နင္ က အရူးလား ? နာမည္ႀကီးၿပီးသား သီခ်င္းေတြ ယူဆိုလိုက္ … ေဟာ .. ပြဲပါဝိုင္းငွားၾကေရာ .. ”
” ဟိုေလ .. သမီးက သမီးကိုယ္ပိုင္ သီခ်င္းအသစ္ေလးေတြ နဲ႔ ပရိသတ္ေတြ ကို ေဖ်ာ္ေျဖခ်င္ .. ”
” ေဩာ္ ေျပာေလကဲေလ တယ္ခက္ပါလား ?
ပရိတ္သတ္ ကို မေစာ္ကားပါနဲ႔ ။ပရိတ္သတ္က သူတို႔ ႀကိဳက္ၿပီးသား သီခ်င္းအေဟာင္းေတြကို အဆိုေက်ာ္အစစ္ေလာက္ မေကာင္းတဲ့ ေကာင္ေလး ေကာင္မေလးေတြ ဆိုျပတာကို ၾကည့္ခ်င္နားေထာင္ခ်င္ေနၾကတာေလ .. သမီး Keyမဝင္ စာသားမွားေတာင္ … သူတို႔က သမီးတို႔ သားတို႔ရဲ႕ ဘယ္ေနရာကို ၾကည့္ၾကည့္ၿပီး ႀကိဳက္ေနမွန္း မသိ ႀကိဳက္ေနၾကလိမ့္မယ္ ”
” ကိန္ ! သမီးက Keyေတာ့ဝင္ပါတယ္ ဦးရယ္ ”
” ေအး အဲဒါေၾကာင့္ နင္ သႀကၤန္ ပြဲမရတာပါ ဆို ”
အဲဒီအခါ သူ႔ အေမလည္း မ်က္စိပ်က္ မ်က္ႏွာပ်က္နဲ႔-
” အဲဒါ ဆို ဘယ္လိုလုပ္ၾကမလဲ ဆရာရယ္ ။နည္းလမ္းေကာင္းေလးမ်ား ရွိရင္ .. ”
” ဟုတ္ၿပီ ခင္ဗ်ား အခု ဘာေရာင္းလဲ ? ”
” ရွင္ က်မဝန္ထမ္းမို႔ ဘာမွ မေရာင္း .. ”
” တယ္ ! ခင္ဗ်ားကိုက မဟုတ္တာ ။ ကိုယ္က အရပ္ထဲ ေျပာင္းဖူးျပဳတ္ေလးေတာင္ မေရာင္းဘဲနဲ႔ ကိုယ့္သမီးကို ႏိုင္ငံေက်ာ္ အဆိုေတာ္ျဖစ္ခ်င္လို႔ ရမလား ? ။ ေတာ္ေတာ္ အတင့္ရဲတာဘဲ ”
” အဟင့္ ..ရႊတ္ က်မ အျပစ္ က်မသိပါၿပီ ဆရာရယ္။မနက္ျဖန္ မုန္႔လက္ေဆာင္း လည္ေရာင္းပါေတာ့မယ္ ”
” ဒီလိုမွေပါ့ဗ်ာ ။ ပရိတ္သတ္ဆႏၵ ကို ေလးစားပါ ”
ကိုင္း ! ျပည္သူ႔ ဆႏၵကို အေလးထား , တိုင္းျပည္ မ်က္ႏွာကိုေထာက္ရႈတဲ့ သားအမိျဖစ္ၿပီး ျပန္သြားၾကၿပီ။
ျပန္ခါနီး ေကာင္မေလး က ေျပာသြားေသးတယ္ ။

” ေက်းဇူးေနာ္ ဦး ။ ဒါဆို သမီး ဦးကို သီခ်င္းအသစ္ေတြ မအပ္ေတာ့ပါဘူး ။ ပြဲရေအာင္ ဦးေရးၿပီးသား မနီနီခင္ေဇာ္တို႔ မဝိုင္းစုခိုင္သိန္းတို႔ သီခ်င္းေတြဘဲ ယူဆိုလိုက္ေတာ့မယ္ေနာ္ ။ တာ့ တာ ”
” လခြမ္း ဘဲေဟ့ .. ေနာက္ေရးမယ့္ သီခ်င္းနာမည္ ေျပာပါတယ္ … ”
” ရွင္ ”
” ေဩာ္ ႀကိဳးစားလို႔ ေျပာတာ သမီးရယ္ ။ ေနာင္ႏွစ္က်ရင္ Key ဝင္မွန္း မဝင္မွန္းေတာင္ မသိတဲ့ ေစာက္ေပါ Channel ေတြ မ႑ပ္ေတြက သမီးကို သီခ်င္းဆိုဘို႔ ငွားၾကပါေစလို႔ ..”
( ဟာသ တဝက္ နဲ႔ ခံစားေစခ်င္လို႔ပါဘဲ)
(အမွားေတြ ျပင္ႏိုင္ၾကပါေစ က်ေနာ္အပါအဝင္)
ဖိုးသူေတာ္(www.phothutaw.com)
Credit:Shweggtragicomic19
#Unicode Version#
တေးရေး ရွှေဂျော်ဂျာ်ကတော့ သြင်္ကန်မှာ ကြုံရတဲ့ ဂီတလောကအကြောင်းနဲ့ပတ်သတ်ပြီး ခုလို ဟာသနှောပြီး ရေးထားပါတယ်
“သြင်္ကန် အပြီး အိမ်ကို ကောင်မလေးတယောက် နဲ့ သူ့အမေ သီချင်းလာအပ်တယ် ။
ကောင်မလေး အသံ နားထောင်ကြည့်တော့ ကောင်းသားဘဲ ဒါပေမယ့် သြင်္ကန်မှာ အလကားဆိုဘို့တောင် ပွဲလေး တရက်မှ မရခဲ့ဘူးလို့ ညည်းနေရှာတယ် ။
အဲဒါနဲ့ သေချာမေးကြည့်တော့မှ .. သူတို့ သားအမိ အားနည်းချက်တွေ အပြစ်တွေပေါ်လာတယ် ။
ကိုယ့်လူမျိုးနဲ့ တိုင်းပြည်မျက်နှာ ကို မထောက်တဲ့ သားအမိ ဗျာ။ မေးကြည့်တော့ ပေါ်လာတော့တာပေါ့။
” နေစမ်းပါဦး သမီးက သီချင်း ဆိုတာ ဘာနဲ့ ဆိုရတယ် ထင်နေလို့လဲ ? ”
” အသံ နဲ့ ပါ ”
” ဟဲ့ သီချင်းဆိုတာ ဖင် နဲ့ ရင် နဲ့ ဆိုရတာဟဲ့ ။
ဘာ အသံနဲ့ ဆိုရမှာလဲ ?
ဒီ နိုင်ငံမှာမွေး ဒီ ရေသောက်ပြီး ကိုယ့်ဘဝကို နားမလည်ဘူး ။ လူသစ်တန်း အဆိုတော် လုပ်နေပြီး .. ”
” ဟို သမီး က အသံ .. ”
” ဘာ အသံလဲ ? အသံ ဆိုတာ ပိတ် ပိတ်ပြီး ပါးစပ်လှုပ် ဆိုရတာလေ .. ဒုက္ခပါဘဲ နင်အဲဒါကြောင့် ပွဲမရတာ”
တော်တော် ဒူတဲ့ သားအမိဘဲ ။ မျက်နှာငယ်လေးတွေ နဲ့ ထိုင်နေကြတယ် ။ အဲဒါနဲ့ ဆက်မေးရတယ် ။
” ပြီးတော့ သမီးတို့ သားအမိ သူများတွေလို မကြိုးစားကြဘူးလားကွ ဟေ? ”
” ရှင် ဘာကိုပြောတာလဲ ? ”
” ေဩာ် လူသစ်လုပ်နေပြီး စောက်ပေါသူဌေးတယောက်ယောက် ပိုင်တဲ့ စောက်ပေါ Channel တခုခု က စောက်ပေါသီချင်းဆိုပြိုင်ပွဲ တခုခုမှာ ဝင်မပြိုင်ဘူးလား? လို့ မေးနေတာ ရှင်းလား ? ”
” ဟုတ် သမီးက အေးဆေးဘဲ ကိုယ့်သီချင်းလေးတွေကိုယ်ကြိုးစားဆိုချင်တာနမပြိုင် .. ”
” ဟဲ့ ကိုယ့် သီချင်း ကိုယ် ကြိုးစား ဆိုချင်ရအောင် .. နင် က အရူးလား ? နာမည်ကြီးပြီးသား သီချင်းတွေ ယူဆိုလိုက် … ဟော .. ပွဲပါဝိုင်းငှားကြရော .. ”
” ဟိုလေ .. သမီးက သမီးကိုယ်ပိုင် သီချင်းအသစ်လေးတွေ နဲ့ ပရိသတ်တွေ ကို ဖျော်ဖြေချင် .. ”
” ေဩာ် ပြောလေကဲလေ တယ်ခက်ပါလား ?
ပရိတ်သတ် ကို မစော်ကားပါနဲ့ ။ပရိတ်သတ်က သူတို့ ကြိုက်ပြီးသား သီချင်းအဟောင်းတွေကို အဆိုကျော်အစစ်လောက် မကောင်းတဲ့ ကောင်လေး ကောင်မလေးတွေ ဆိုပြတာကို ကြည့်ချင်နားထောင်ချင်နေကြတာလေ .. သမီး Keyမဝင် စာသားမှားတောင် … သူတို့က သမီးတို့ သားတို့ရဲ့ ဘယ်နေရာကို ကြည့်ကြည့်ပြီး ကြိုက်နေမှန်း မသိ ကြိုက်နေကြလိမ့်မယ် ”
” ကိန် ! သမီးက Keyတော့ဝင်ပါတယ် ဦးရယ် ”
” အေး အဲဒါကြောင့် နင် သြင်္ကန် ပွဲမရတာပါ ဆို ”
အဲဒီအခါ သူ့ အမေလည်း မျက်စိပျက် မျက်နှာပျက်နဲ့-
” အဲဒါ ဆို ဘယ်လိုလုပ်ကြမလဲ ဆရာရယ် ။နည်းလမ်းကောင်းလေးများ ရှိရင် .. ”
” ဟုတ်ပြီ ခင်ဗျား အခု ဘာရောင်းလဲ ? ”
” ရှင် ကျမဝန်ထမ်းမို့ ဘာမှ မရောင်း .. ”
” တယ် ! ခင်ဗျားကိုက မဟုတ်တာ ။ ကိုယ်က အရပ်ထဲ ပြောင်းဖူးပြုတ်လေးတောင် မရောင်းဘဲနဲ့ ကိုယ့်သမီးကို နိုင်ငံကျော် အဆိုတော်ဖြစ်ချင်လို့ ရမလား ? ။ တော်တော် အတင့်ရဲတာဘဲ ”
” အဟင့် ..ရွှတ် ကျမ အပြစ် ကျမသိပါပြီ ဆရာရယ်။မနက်ဖြန် မုန့်လက်ဆောင်း လည်ရောင်းပါတော့မယ် ”
” ဒီလိုမှပေါ့ဗျာ ။ ပရိတ်သတ်ဆန္ဒ ကို လေးစားပါ ”
ကိုင်း ! ပြည်သူ့ ဆန္ဒကို အလေးထား , တိုင်းပြည် မျက်နှာကိုထောက်ရှုတဲ့ သားအမိဖြစ်ပြီး ပြန်သွားကြပြီ။
ပြန်ခါနီး ကောင်မလေး က ပြောသွားသေးတယ် ။
” ကျေးဇူးနော် ဦး ။ ဒါဆို သမီး ဦးကို သီချင်းအသစ်တွေ မအပ်တော့ပါဘူး ။ ပွဲရအောင် ဦးရေးပြီးသား မနီနီခင်ဇော်တို့ မဝိုင်းစုခိုင်သိန်းတို့ သီချင်းတွေဘဲ ယူဆိုလိုက်တော့မယ်နော် ။ တာ့ တာ ”
” လခွမ်း ဘဲဟေ့ .. နောက်ရေးမယ့် သီချင်းနာမည် ပြောပါတယ် … ”
” ရှင် ”
” ေဩာ် ကြိုးစားလို့ ပြောတာ သမီးရယ် ။ နောင်နှစ်ကျရင် Key ဝင်မှန်း မဝင်မှန်းတောင် မသိတဲ့ စောက်ပေါ Channel တွေ မဏ္ဍပ်တွေက သမီးကို သီချင်းဆိုဘို့ ငှားကြပါစေလို့ ..”
( ဟာသ တဝက် နဲ့ ခံစားစေချင်လို့ပါဘဲ)
(အမှားတွေ ပြင်နိုင်ကြပါစေ ကျနော်အပါအဝင်)
ဖိုးသူတော်(www.phothutaw.com)
Credit:Shweggtragicomic19