20% အထိDiscount ပေးမည့် (ကမ္ဘာအေး ကျောက်မျက်ရှေ့ ) Grand Wireless ကွန်ဒိုအရောင်းပြပွဲ
×







Credit: SAW

#Unicode Version# ဖြင့်ဖတ်ပါ ။

သေဆုံးနေတဲ့ သမီးနဲ့ သုံးရက်ကျော် အတူ အိပ်နေရတဲ့ မိခင်

ထိုင်းနိုင်ငံ ပထုံဌာနီခရိုင်အတွင်းက နေအိမ်တစ်လုံးကနေ အပုတ်နံတွေ ထွက်လာနေလို့ အိမ်နီးချင်းတွေက ရဲဌာနကို အကြောင်းကြားခဲ့တာဖြစ် ပါတယ်။

လန်လို့ကာ မြို့အတွင်းက နှစ်ထပ်တိုက် တောင်းဟောက် အိမ်နံပါတ် ၅၃/၂၂၂၈ အိမ်တွင်းကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပိတ်ထားတဲ့ တံခါးတွေ ကို ဖျက်ဆီးပြီး ဝင်ရောက်ခဲ့ရပါတယ်။

အပေါ်ထပ် အိမ်ခန်းတခန်းအတွင်းမှာတော့ ကုတင်မှာ လဲနေတဲ့ အဖွားအိုတဦး နဲ့အနီးမှာ ပုတ်ပွနေတဲ့ အမျိုးသမီးတဦးရဲ့အလောင်း ကို တွေ့ခဲ့ရပါတယ်။

သေဆုံးနေသူ အမျိုးသမီးဟာ ကျန်ကြည်ဒါ ၄၄ နှစ် လို့ သိရပြီး လေဖြတ်နေသူ အသက် (၈၀) မိခင်ကြီး ကို လာရောက် ကြည့်ရူ့စောင့်ရှောက်ပေးနေတာပါ။

လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းက အမျိုးသမီးဟာ ဦးနှောက်သွေးကြောပြတ်ပြီး ရုတ်တရက် သေဆုံးသွားခဲ့ပြီး စကားမပြောနိုင်တဲ့ မိခင်ကြီးဟာ အပြင်ကဝင်လာမယ့်သူတွေကိုသာ စောင့်နေရင်း သေနေတဲ့ သမီးအလောင်းနဘေးမှာ နေနေရတာသုံးရက်ရှိနေပြီလို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: SAW
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top