ကိုယ္လက္လႈပ္ရွား ေလ့က်င့္ခန္းေတြက ေသြးတိုးက်ေစပါတယ္
ေလ့က်င့္ခန္းက ေသြးတိုးက်ေစဖို႔အတြက္ ေဆးတစ္ပါးလိုပဲဆိုတာကို သုေတသီေတြ ရွာေဖြေတြ႕ရွိခဲ့ပါတယ္။
ပံုမွန္လမ္းေလွ်ာက္ျခင္း၊ ေရကူးျခင္း၊ အေလးမျခင္း စတာေတြက ေသြးတိုးက်ေဆးေတြ ေသာက္သလိုပဲ ေသြးတိုးကို က်ေစပါတယ္။ ေသြးတိုးေရာဂါက လူႀကီး ၃ ေယာက္မွာ တစ္ေယာက္ေလာက္ ခံစားေနရပါတယ္။ ေသြးတိုးက ႏွလံုးတိုက္ခိုက္ခံရမႈနဲ႔ ေလျဖတ္ျခင္းေတြကို အျဖစ္မ်ားေစပါတယ္။ ဒါေပမဲ့လည္း အရမ္းေနာက္က်တဲ့အထိ လကၡဏာမျပတဲ့အတြက္ လူအမ်ားစုက သတိမမူမိၾကပါဘူး။
ေသြးတိုးတာကို ေကာင္းေကာင္း မထိန္းႏိုင္တဲ့အတြက္ ေလျဖတ္ျခင္းနဲ႔ ႏွလံုးတုိက္ခိုက္ခံရျခင္းေၾကာင့္ ႏွစ္စဥ္ လူေပါင္း ၆၂၀၀၀ ေလာက္ ေသဆံုးေနပါတယ္။ ဒါေၾကာင့္လည္း ဆရာဝန္ေတြက ပိုမိုထိေရာက္တဲ့ကုထံုးေတြကို ရွာေဖြေနပါတယ္။
US မွာရွိတဲ့ တကၠသိုလ္တစ္ခုက သုေတသီေတြက လူေပါင္း ၃၉၇၀၀ ပါဝင္တဲ့ စမ္းသပ္မႈ ၃၉၁ ခုက ရလဒ္ေတြကို စုစည္းခဲ့ပါတယ္။ ဒီအခါမွာ လမ္းေလွ်ာက္ျခင္း၊ အေႏွးေျပးျခင္း၊ စက္ဘီးစီးျခင္း၊ ေရကူးျခင္းနဲ႔ အေလးမျခင္း၊ ဒိုက္ထိုးျခင္း စတဲ့ ေလ့က်င့္ခန္းေတြလုပ္ျခင္းက ေသြးတုိးရွိတဲ့သူေတြမွာ ေသြးေပါင္ကို ပံုမွန္ပမာဏေရာက္ေအာင္ ထိန္းထားႏိုင္တာကို ေတြ႕ရပါတယ္။ လူနာေတြအေနနဲ႔ ေလ့က်င့္ခန္းကို ပံုမွန္လုပ္ဖို႔ လိုပါတယ္။
ဒီလိုဆိုၿပီးေတာ့ ဆရာဝန္ကို မတိုင္ပင္ဘဲနဲ႔ ေသာက္ေနက်ေဆးေတြကိုေတာ့ မရပ္လိုက္သင့္ပါဘူး။ သမားေတာ္ေတြကလည္း ေဆးေပးတာအျပင္ ေလ့က်င့္ခန္းပါတြဲၿပီးလုပ္ဖို႔ အၾကံျပဳၾကပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:drmyanmar
# Unicode Version # ျဖင့္ ဖတ္ပါ #
လေ့ကျင့်ခန်းက သွေးတိုးကျစေဖို့အတွက် ဆေးတစ်ပါးလိုပဲဆိုတာကို သုတေသီတွေ ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ပုံမှန်လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ အလေးမခြင်း စတာတွေက သွေးတိုးကျဆေးတွေ သောက်သလိုပဲ သွေးတိုးကို ကျစေပါတယ်။ သွေးတိုးရောဂါက လူကြီး ၃ ယောက်မှာ တစ်ယောက်လောက် ခံစားနေရပါတယ်။ သွေးတိုးက နှလုံးတိုက်ခိုက်ခံရမှုနဲ့ လေဖြတ်ခြင်းတွေကို အဖြစ်များစေပါတယ်။ ဒါပေမဲ့လည်း အရမ်းနောက်ကျတဲ့အထိ လက္ခဏာမပြတဲ့အတွက် လူအများစုက သတိမမူမိကြပါဘူး။
သွေးတိုးတာကို ကောင်းကောင်း မထိန်းနိုင်တဲ့အတွက် လေဖြတ်ခြင်းနဲ့ နှလုံးတိုက်ခိုက်ခံရခြင်းကြောင့် နှစ်စဉ် လူပေါင်း ၆၂၀၀၀ လောက် သေဆုံးနေပါတယ်။ ဒါကြောင့်လည်း ဆရာဝန်တွေက ပိုမိုထိရောက်တဲ့ကုထုံးတွေကို ရှာဖွေနေပါတယ်။
US မှာရှိတဲ့ တက္ကသိုလ်တစ်ခုက သုတေသီတွေက လူပေါင်း ၃၉၇၀၀ ပါဝင်တဲ့ စမ်းသပ်မှု ၃၉၁ ခုက ရလဒ်တွေကို စုစည်းခဲ့ပါတယ်။ ဒီအခါမှာ လမ်းလျှောက်ခြင်း၊ အနှေးပြေးခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်းနဲ့ အလေးမခြင်း၊ ဒိုက်ထိုးခြင်း စတဲ့ လေ့ကျင့်ခန်းတွေလုပ်ခြင်းက သွေးတိုးရှိတဲ့သူတွေမှာ သွေးပေါင်ကို ပုံမှန်ပမာဏရောက်အောင် ထိန်းထားနိုင်တာကို တွေ့ရပါတယ်။ လူနာတွေအနေနဲ့ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ဖို့ လိုပါတယ်။
ဒီလိုဆိုပြီးတော့ ဆရာဝန်ကို မတိုင်ပင်ဘဲနဲ့ သောက်နေကျဆေးတွေကိုတော့ မရပ်လိုက်သင့်ပါဘူး။ သမားတော်တွေကလည်း ဆေးပေးတာအပြင် လေ့ကျင့်ခန်းပါတွဲပြီးလုပ်ဖို့ အကြံပြုကြပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:drmyanmar