ေယာက်ၤားေလးပဲျဖစ္ျဖစ္၊ မိန္းကေလးပဲျဖစ္ျဖစ္ အသက္အ႐ြယ္ရလာတာနဲ႔အမၽွ ငယ္စဥ္တုန္းက စားေသာက္ေနထိုင္မႈ ပုံစံအမ်ိဳးမ်ိဳးေၾကာင့္ တစ္ေယာက္နဲ႔တစ္ေယာက္ မတူညီတဲ့ ပုံစံမ်ိဳးနဲ႔ ခႏၶာကိုယ္အခ်ိဳးအစားေတြ ေျပာင္းလဲလာတတ္ၾကပါတယ္။

အခ်ိဳ႕က ဗိုက္ေတြပူလာမယ္။ အခ်ိဳ႕က ခႏၶာကိုယ္အေလးခ်ိန္ေတြ တက္လာမယ္ စတဲ့ ျပႆနာေတြမျဖစ္ရေလေအာင္ ျပဳလုပ္သင့္တဲ့ အေလ့အထေကာင္းေလးေတြကို ေဖာ္ျပေပးလိုက္တယ္ေနာ္။

အစားအေသာက္ကို သတိထားၿပီး ေ႐ြးခ်ယ္ေပးပါ။ အသက္(၃၀)အ႐ြယ္ခန္႔ကစၿပီး ခႏၶာကိုယ္ဇီဝကမၼျဖစ္စဥ္ေတြက ငယ္စဥ္ကလို မလ်င္ျမန္ေတာ့ဘဲ ေႏွးေကြးလာပါတယ္။ အဲဒါေၾကာင့္ အစားအေသာက္စားေသာက္တဲ့အခါမွာလည္း စားလိုက္တဲ့ အစားအစာရဲ႕ ကယ္လိုရီပမာဏကို အလ်င္မီေအာင္ မဖ်က္ဆီးေပးနိင္ေတာ့ပါဘူး။

ဒီအတြက္ေၾကာင့္ အလြန္အကၽြံစားေသာက္ျခင္းကို သတိထားေရွာင္ၾကဥ္သင့္ၿပီး ခႏၶာကိုယ္အေလးခ်ိန္တက္ေစမယ့္ အစားအစာေတြကိုေရွာင္ၾကဥ္သင့္ပါတယ္။

ဇီဝကမၼျဖစ္စဥ္ေတြ ေႏွးေကြးလာတာေၾကာင့္ ျပန္လည္ အားျပည့္ေအာင္ အိပ္ေရးဝဝအိပ္စက္ဖို႔လိုအပ္ပါတယ္။ အိပ္ေရးဝဝအိပ္စက္ျခင္းက ကိုယ္ေရာ စိတ္ပါ က်န္းမာေစမွာပါ။

 အခ်ိန္ဘယ္ေလာက္အိပ္ရမယ္ဆိုတာထက္ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ဖို႔က ပိုၿပီး အေရးႀကီးပါတယ္။ အိပ္ရာမဝင္ခင္ ေလ့က်င့္ခန္းေတြ အျပင္းအထန္ျပဳလုပ္ျခင္း၊ အစားအစာေတြ စားေသာက္ျခင္းတို႔က အိပ္စက္ျခင္းကို ထိခိုက္ေစတာေၾကာင့္ ေရွာင္ၾကဥ္သင့္ပါတယ္။

ေလ့က်င့္ခန္းတစ္ခုကို ပုံမွန္ေလးလုပ္ပါ။ အခ်ိန္မရွိလို႔ အားကစားခန္းမ (Gym) ကိုသြားၿပီး ေလ့က်င့္ခန္း မျပဳလုပ္နိင္ဘူးဆိုရင္ေတာင္ သင့္ရဲ႕အိမ္မွာပဲ ကိုယ္လက္လႈပ္ရွားအားကစားနည္းတစ္ခုခုကို ေန႔တိုင္း ပုံမွန္ျပဳလုပ္သင့္ပါတယ္။ တစ္ေန႔ကို မိနစ္၃၀ တစ္ပတ္ကို (၅) ႀကိမ္ျပဳလုပ္ျခင္းက Gym မွာ တစ္ပတ္ (၃) ႀကိမ္ ျပဳလုပ္တာနဲ႔ ညီမၽွတယ္လို႔ ေလ့လာစမ္းသပ္ခ်က္ေတြအရ သိရွိရပါတယ္။

ေရဓာတ္မဆုံး႐ႈံးပါေစနဲ႔။ အားလုံးသိထားတဲ့အတိုင္းပဲ သင့္ရဲ႕က်န္းမာေရးေကာင္းမြန္ေစဖို႔ ေရရဲ႕အက်ိဳးေက်းဇူးကလည္း အဓိက ေသာ့ခ်က္တစ္ခုအေနနဲ႔ပါဝင္ပါတယ္။ သင့္ခႏၶာကိုယ္က လိုအပ္တဲ့ေရဓာတ္ပမာဏကို အလုံအေလာက္မရရွိဘဲ ဆုံး႐ႈံးေနမယ္ဆိုရင္ အသားအေရေတြ ေျခာက္ေသြ႕လာမွာျဖစ္ၿပီး အခ်ိန္မတန္မီ အိုမင္းရင့္ေရာ္မႈကို ျဖစ္ေစတာေၾကာင့္ ေန႔စဥ္ပုံမွန္ လုံေလာက္တဲ့ ေရဓာတ္ပမာဏကို ျဖည့္ဆည္းေပးဖို႔ အထူးလိုအပ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:lwinpyin
# Unicode Version # ျဖင့္ ဖတ္ပါ #


ယောင်္ကျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် အသက်အရွယ်ရလာတာနဲ့အမျှ ငယ်စဉ်တုန်းက စားသောက်နေထိုင်မှု ပုံစံအမျိုးမျိုးကြောင့် တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ပုံစံမျိုးနဲ့ ခန္ဓာကိုယ်အချိုးအစားတွေ ပြောင်းလဲလာတတ်ကြပါတယ်။

အချို့က ဗိုက်တွေပူလာမယ်။ အချို့က ခန္ဓာကိုယ်အလေးချိန်တွေ တက်လာမယ် စတဲ့ ပြဿနာတွေမဖြစ်ရလေအောင် ပြုလုပ်သင့်တဲ့ အလေ့အထကောင်းလေးတွေကို ဖော်ပြပေးလိုက်တယ်နော်။

အစားအသောက်ကို သတိထားပြီး ရွေးချယ်ပေးပါ။ အသက်(၃၀)အရွယ်ခန့်ကစပြီး ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်တွေက ငယ်စဉ်ကလို မလျင်မြန်တော့ဘဲ နှေးကွေးလာပါတယ်။ အဲဒါကြောင့် အစားအသောက်စားသောက်တဲ့အခါမှာလည်း စားလိုက်တဲ့ အစားအစာရဲ့ ကယ်လိုရီပမာဏကို အလျင်မီအောင် မဖျက်ဆီးပေးနိင်တော့ပါဘူး။

ဒီအတွက်ကြောင့် အလွန်အကျွံစားသောက်ခြင်းကို သတိထားရှောင်ကြဉ်သင့်ပြီး ခန္ဓာကိုယ်အလေးချိန်တက်စေမယ့် အစားအစာတွေကိုရှောင်ကြဉ်သင့်ပါတယ်။

ဇီဝကမ္မဖြစ်စဉ်တွေ နှေးကွေးလာတာကြောင့် ပြန်လည် အားပြည့်အောင် အိပ်ရေးဝဝအိပ်စက်ဖို့လိုအပ်ပါတယ်။ အိပ်ရေးဝဝအိပ်စက်ခြင်းက ကိုယ်ရော စိတ်ပါ ကျန်းမာစေမှာပါ။

 အချိန်ဘယ်လောက်အိပ်ရမယ်ဆိုတာထက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့က ပိုပြီး အရေးကြီးပါတယ်။ အိပ်ရာမဝင်ခင် လေ့ကျင့်ခန်းတွေ အပြင်းအထန်ပြုလုပ်ခြင်း၊ အစားအစာတွေ စားသောက်ခြင်းတို့က အိပ်စက်ခြင်းကို ထိခိုက်စေတာကြောင့် ရှောင်ကြဉ်သင့်ပါတယ်။

လေ့ကျင့်ခန်းတစ်ခုကို ပုံမှန်လေးလုပ်ပါ။ အချိန်မရှိလို့ အားကစားခန်းမ (Gym) ကိုသွားပြီး လေ့ကျင့်ခန်း မပြုလုပ်နိင်ဘူးဆိုရင်တောင် သင့်ရဲ့အိမ်မှာပဲ ကိုယ်လက်လှုပ်ရှားအားကစားနည်းတစ်ခုခုကို နေ့တိုင်း ပုံမှန်ပြုလုပ်သင့်ပါတယ်။ တစ်နေ့ကို မိနစ်၃၀ တစ်ပတ်ကို (၅) ကြိမ်ပြုလုပ်ခြင်းက Gym မှာ တစ်ပတ် (၃) ကြိမ် ပြုလုပ်တာနဲ့ ညီမျှတယ်လို့ လေ့လာစမ်းသပ်ချက်တွေအရ သိရှိရပါတယ်။

ရေဓာတ်မဆုံးရှုံးပါစေနဲ့။ အားလုံးသိထားတဲ့အတိုင်းပဲ သင့်ရဲ့ကျန်းမာရေးကောင်းမွန်စေဖို့ ရေရဲ့အကျိုးကျေးဇူးကလည်း အဓိက သော့ချက်တစ်ခုအနေနဲ့ပါဝင်ပါတယ်။ သင့်ခန္ဓာကိုယ်က လိုအပ်တဲ့ရေဓာတ်ပမာဏကို အလုံအလောက်မရရှိဘဲ ဆုံးရှုံးနေမယ်ဆိုရင် အသားအရေတွေ ခြောက်သွေ့လာမှာဖြစ်ပြီး အချိန်မတန်မီ အိုမင်းရင့်ရော်မှုကို ဖြစ်စေတာကြောင့် နေ့စဉ်ပုံမှန် လုံလောက်တဲ့ ရေဓာတ်ပမာဏကို ဖြည့်ဆည်းပေးဖို့ အထူးလိုအပ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top