သြားၾကားထဲမွာ စားၾကြင္းစားက်န္ေတြ ရွိေနတဲ့အခါ သြားၾကားထိုးတံ သံုးျပီး ရွင္းပစ္တတ္ၾကပါတယ္။ ဒီလို သြားၾကားထုိးတဲ့ ျဖစ္စဥ္ဟာ ဘာမွအႏၱရာယ္မရွိဘူးလို႔ ထင္ရေပမယ့္ သူ႔ေနာက္မွာ ဆုိးက်ိဳးေတြ ရွိေနပါတယ္။ ပါးစပ္ထဲက စားၾကြင္းစားက်န္ေတြကို သန္႔ရွင္းဖို႔ရာမွာ အလံုျခံဳဆံုးနည္းလမ္းကေတာ့ သြားတုိက္ျခင္းပဲ ျဖစ္ပါတယ္။ သြားၾကားထိုးတံအသံုးျပဳမႈကို မၾကာခဏျပဳလုပ္ျခင္းဟာ က်န္းမာေရးနဲ႔ မညီညြတ္ဘဲ ေအာက္ပါလကၡဏာေတြ ျဖစ္ပြားလာမွာပါ။

၁ - သြားေတြပြန္းပဲ့တယ္

သြားၾကားထုိးတံအသံုးျပဳတဲ့အခါ သြားေတြကို ျဖည္းျဖည္းျခင္း တိုက္စားသလိုျဖစ္လာပါတယ္။ ဒီလိုပြန္းပဲ့တိုက္စားမႈဟာ ဆုိးဝါးလာျပီး သြားမွာ အေပါက္ေလးေတြျဖစ္ရာကေန အေခါင္းေပါက္ျဖစ္ပြားတဲ့ထိ ျဖစ္ေပၚလာႏုိင္ပါတယ္။ အထူးသျဖင့္ အေခါင္းေပါက္ျဖစ္ေနတဲ့အထဲကို သြားၾကားထိုးတံကို အားနဲ႔ထုိးတာမ်ိဳးဟာ အဆုိးရြားဆံုးပါပဲ။

၂ - သြားဖံုးနာ

သြားၾကားထိုးတံေၾကာင့္ သြားဖံုးေသြးယုိတာေတြလည္း ျဖစ္ႏုိင္ပါတယ္။ ဒီအခ်ိန္မွာေတာ့ သြားဖံုးေရာင္တာနဲ႔ အျခားသြားဖံုးဆုိင္ရာ ေရာဂါေတြ ျဖစ္တတ္ပါတယ္။

၃ - သြားေတြ မခိုင္ေတာ့ဘူး

သြားေတြရဲ႕သိပ္သည္းဆဟာလည္း သြားၾကားထိုးတံကို မၾကာခဏအသံုးျပဳတဲ့အခါ ေလ်ာ့က်လာပါတယ္။ သြားၾကားထိုးတံနဲ႔ ထိုးခံရတဲ့ သြားေတြရဲ႕ အေနအထားေတြဟာ ေျပာင္းလဲလာျပီး ခုိင္မာျခင္း မရွိေတာ့တာ ျဖစ္ပါတယ္။

၄ - ေၾကြလႊာ

သြားရဲ႕ ေၾကြလႊာေတြဟာလည္း ပ်က္ဆီးႏုိင္တာ ျဖစ္ပါတယ္။ သြားၾကားထိုးတံအသံုးျပဳျပီး စားၾကြင္းစားက်န္ေတြကို ဖယ္တဲ့အခါ သြားရဲ႕ ေၾကြလႊာေတြကို ထိခိုက္ႏုိင္တာ ျဖစ္ပါတယ္။ ေအးစက္တဲ့အရာေတြနဲ႔ သြားဟာ မထိေတြ႕ႏုိင္တာမ်ိဳး ျဖစ္တတ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version# ျဖင့္ဖတ္ပါ ။

သွားကြားထဲမှာ စားကြွင်းစားကျန်တွေ ရှိနေတဲ့အခါ သွားကြားထိုးတံ သုံးပြီး ရှင်းပစ်တတ်ကြပါတယ်။ ဒီလို သွားကြားထိုးတဲ့ ဖြစ်စဉ်ဟာ ဘာမှအန္တရာယ်မရှိဘူးလို့ ထင်ရပေမယ့် သူ့နောက်မှာ ဆိုးကျိုးတွေ ရှိနေပါတယ်။ ပါးစပ်ထဲက စားကြွင်းစားကျန်တွေကို သန့်ရှင်းဖို့ရာမှာ အလုံခြုံဆုံးနည်းလမ်းကတော့ သွားတိုက်ခြင်းပဲ ဖြစ်ပါတယ်။ သွားကြားထိုးတံအသုံးပြုမှုကို မကြာခဏပြုလုပ်ခြင်းဟာ ကျန်းမာရေးနဲ့ မညီညွတ်ဘဲ အောက်ပါလက္ခဏာတွေ ဖြစ်ပွားလာမှာပါ။

၁ - သွားတွေပွန်းပဲ့တယ်

သွားကြားထိုးတံအသုံးပြုတဲ့အခါ သွားတွေကို ဖြည်းဖြည်းခြင်း တိုက်စားသလိုဖြစ်လာပါတယ်။ ဒီလိုပွန်းပဲ့တိုက်စားမှုဟာ ဆိုးဝါးလာပြီး သွားမှာ အပေါက်လေးတွေဖြစ်ရာကနေ အခေါင်းပေါက်ဖြစ်ပွားတဲ့ထိ ဖြစ်ပေါ်လာနိုင်ပါတယ်။ အထူးသဖြင့် အခေါင်းပေါက်ဖြစ်နေတဲ့အထဲကို သွားကြားထိုးတံကို အားနဲ့ထိုးတာမျိုးဟာ အဆိုးရွားဆုံးပါပဲ။

၂ - သွားဖုံးနာ

သွားကြားထိုးတံကြောင့် သွားဖုံးသွေးယိုတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒီအချိန်မှာတော့ သွားဖုံးရောင်တာနဲ့ အခြားသွားဖုံးဆိုင်ရာ ရောဂါတွေ ဖြစ်တတ်ပါတယ်။

၃ - သွားတွေ မခိုင်တော့ဘူး

သွားတွေရဲ့သိပ်သည်းဆဟာလည်း သွားကြားထိုးတံကို မကြာခဏအသုံးပြုတဲ့အခါ လျော့ကျလာပါတယ်။ သွားကြားထိုးတံနဲ့ ထိုးခံရတဲ့ သွားတွေရဲ့ အနေအထားတွေဟာ ပြောင်းလဲလာပြီး ခိုင်မာခြင်း မရှိတော့တာ ဖြစ်ပါတယ်။

၄ - ကြွေလွှာ

သွားရဲ့ ကြွေလွှာတွေဟာလည်း ပျက်ဆီးနိုင်တာ ဖြစ်ပါတယ်။ သွားကြားထိုးတံအသုံးပြုပြီး စားကြွင်းစားကျန်တွေကို ဖယ်တဲ့အခါ သွားရဲ့ ကြွေလွှာတွေကို ထိခိုက်နိုင်တာ ဖြစ်ပါတယ်။ အေးစက်တဲ့အရာတွေနဲ့ သွားဟာ မထိတွေ့နိုင်တာမျိုး ဖြစ်တတ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top