20% အထိDiscount ပေးမည့် (ကမ္ဘာအေး ကျောက်မျက်ရှေ့ ) Grand Wireless ကွန်ဒိုအရောင်းပြပွဲ
×




Credit:popolay
#Unicode Version#
မတ်လ ၃၁ ၊ မနေ့က ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကုလာဘာကျေးရွာအုပ်စု ချောင်းဝကျေးရွာမှာ ဘုန်းကြီးပျံပွဲ လုံခြုံရေးဆောင်ရွက်နေတဲ့ ရဲဝန်ထမ်းတဦးက အရက်မူးပြီး ပွဲခင်းအတွင်း သေနတ်ပစ်ဖောက်ခဲ့တဲ့အတွက် ရွာသူရွာသားတွေ စိုးရိမ်ထိတ်လန့်ကာ ဝိုင်းဝန်း ဖမ်းဆီး ထိန်းသိမ်းခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါပွဲကို လုံခြုံရေး ကူညီဆောင်ရွတ်ပေးနေသူ ကိုချိုလေးက “ မနေ့က ညနေ ၅ နာရီကျော်လောက်မှာ ရဲတစ်ယောက်က အရက်မူးပြီးတော့ ရောက်လာတယ်။ အဲ့ဒီနောက် သေနတ်ကိုမောင်းတင်ပစ်လိုက်တယ် ။ လူကိုထိဖို့ နည်းနည်းပဲလိုတယ်။ ဒါကြောင့် ကျွန်တော်တို့ ပွဲတာဝန်ခံတွေက ဝိုင်းဝန်ဖမ်းဆီးထိန်းသိမ်း လိုက်တာ ဖြစ်တယ်” လို့ပြောပါတယ်။

ဒီဖြစ်ရပ်ဟာ ကျေးရွှာသူ ကျေးရွာသားသားတွေက အထင်မှားတာဖြစ်ပြီး သေနတ်ကျဉ်က မတော်မဆ ထွက်သွားတာဖြစ်တယ်လို့ မင်းပြင်ရဲစခန်းမှူး အောင်စိုးမိုးကပြောပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:popolay
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top