သူမဟာ အနုပညာလောကကို ဆယ်ကျော်သက်အရါယ်ကတည်းက ၀င်ရောက်ခဲ့တာဖြစ်သလို သူမရဲ့ အသက်(၁၈) နှစ်မှာ ကတည်းက စတင်ရရှိခဲ့တဲ့ အနုပညာကြေးတ်ေနဲ့ မိဘတွေကို ပြုကျွေးပြုစုခွင့်ရရှိခဲ့ပြီး လက်ရှိမှာလည်း အိမ်ထောင်မပြုပဲ သူမနဲ့ သွေးသားမတော်စပ်တဲ့ သမီးလေးတွေကို လည်းကို မွေးစားထားတာဖြစ်ပြီး အိမ်ထောင်ပြုစရာမလိုတော့လောက်အောင် သူမဘ၀ကတော့ လုံးဝပြည်စုံနေပါပြီလို့ ဆိုရမှာပါ။
Credit:burmese.asia
#Unicode Version# ဖြင့်ဖတ်ပါ ။
ပရဟိတမင်းသမီးလို့အသိများတဲ့ မင်းသမီးချောလေး ခိုင်နှင်းေ၀ ကတော့ အနုပညာလောကမှာ ဝါရင့်သရုပ်ဆောင် တစ်ယောက်လို့ ဆိုနိုင်သလို တစ်ချိန်က တစ်တောက်ကွေးလောက်ရှိတဲ့ ဆံပင် အရှည်ကြီးနဲ့ မြန်မာဆန်ဆန် မိန်းမလှလေးတစ်ယောက်အဖြစ် စတင် လူသိများစေခဲ့တာဖြစ်ပါတယ်။ အနုပညာအလုပ်တွေထက် သူမဟာ လက်ရှိမှာ မရှိမပြည့်စုံတဲ့ ပြည်သူလူထု ပရိသတ်တွေအတွက် တဖက်တလှမ်းကနေ တတ်အားနိုင်သလောက် ကူညီပေးနေတာဖြစ်ပြီး လူမှုရေး ၊ကျန်းမာရေး၊ နာရေး၊ ရေဘေး၊ စစ်ပြေး၊မိဘမဲ့ ကလေးများ နဲ့ ဆေးကုသစရိတ် များကဲ့သို့သော အကူအညီတွေ အဓိကအားဖြင့် သူမရဲက အဖွဲ့အစည်းတွေနဲ့ အတူ သူမကိုယ်တိုင် ဦးဆောင်ကာ ပံ့ပိုးပေးနေတာဖြစ်ပါတယ်။
သူမဟာ အနုပညာလောကကို ဆယ်ကျော်သက်အရါယ်ကတည်းက ဝင်ရောက်ခဲ့တာဖြစ်သလို သူမရဲ့ အသက်(၁၈) နှစ်မှာ ကတည်းက စတင်ရရှိခဲ့တဲ့ အနုပညာကြေးတေ်နဲ့ မိဘတွေကို ပြုကျွေးပြုစုခွင့်ရရှိခဲ့ပြီး လက်ရှိမှာလည်း အိမ်ထောင်မပြုပဲ သူမနဲ့ သွေးသားမတော်စပ်တဲ့ သမီးလေးတွေကို လည်းကို မွေးစားထားတာဖြစ်ပြီး အိမ်ထောင်ပြုစရာမလိုတော့လောက်အောင် သူမဘဝကတော့ လုံးဝပြည်စုံနေပါပြီလို့ ဆိုရမှာပါ။
မိန်းမသားတယောက်တည်းရပ်တည်ရုန်းကန်ရလို့ ပင်ပန်းပေမဲ့လည်း သူမဘဝကို ကျေနပ်တယ်ဆိုတဲ့ အကြောင်း” ကျမတို့ သားအမိတွေ ဘဝအေးချမ်းတယ်… ဘယ်သူတွေ အပူပေးပေး ကျမကမယူခဲ့တဲ့ အတွက် ကျမ ဘဝ အေးချမ်းတယ်။ပင်ပန်းတာကလွဲလို့ အားလုံးအဆင်ပြေတယ်။ သမာအာဇီဝနဲ့ မိဘကို အသက် ၁၈နှစ်ကတည်း လုပ်ကျွေးခွင့်ရတဲ့ ကိုယ့်ဘဝကိုဂုဏ်ယူမိသလို သွေးသားမတော်ဆပ်တဲ့ ကလေးတွေကို မိဘမေတ္တာပေးခွင့်ရပြီး သူတို့လေးတွေဘဝကိုကယ်တင်ပေးနိုင်တဲ့ကျမမိန်းမသားတယောက်တည်းရပ်တည်ရုန်းကန်ရလို့ ပင်ပန်းပေမဲ့ နောက်ကျောလုံတယ်။ပင်ပန်းပါစေ ကျမသားသမီးတွေရဲ့ ကံကြောင့် အခုထိကျမ စောင့်ရှောက်ခွင့်ရတယ်။ဒုက္ခမရောက်သေးဘူး။ဒါတွေအားလုံးဟာ ၇ ရက်သားသမီးအလှူရှင်တွေရဲ့ ကျေးဇူးတွေကြောင့်ပါ။ကျမဆက်လက် ရပ်တည်ဖို့ အားပေးကြတဲ့သူတွေကို တဦးချင်းဆီလဲ မေတ္တာပို့သပေးပြီး ကျမတို့ အကုသိုလ်ပေးတိုင်း မယူကြပဲ ကုသိုလ်တွေနေ့တိုင်း ယူရလို့ ကျေနပ်ပီတိတွေနဲ့ ဘဝက ပြီးပြည့်စုံ နိုင်ကြပါစေရှင် ” လို့ ဆုတောင်းစကားနဲ့ တကွဆိုထားတာမို့ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ရပါတယ်နော်။
ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia