မၾကာမီက်ေရာက္ေတာ့မည့္ မဟာသၾကၤန္ကာလအတြင္း အမ်ားျပည္သူလုံၿခဳံေရးအတြက္ ရန္ကုန္- မႏၲေလး အျမန္လမ္းမႀကီးတြင္ တစ္မိုင္ကို တစ္ဦးႏႈန္းျဖင့္ ရဲဝန္ထမ္းမ်ားေနရာခ်ထားၿပီး ၂၄ နာရီ တာဝန္ေပးထားမည္ ျဖစ္ေၾကာင္း အျမန္လမ္းမႀကီး ရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီး ဉာဏ္ျမင့္ေက်ာ္က ေျပာသည္။

မိုင္ေပါင္း ၃၆၂ မိုင္ ရွည္လ်ားသည့္ ရန္ကုန္- မႏၲေလးအျမန္လမ္းႀကီးတြင္ ယခုကဲ့သို႔ တစ္မိုင္ကို ရဲဝန္ထမ္း တစ္ဦးစီျဖင့္  ၂၄ နာရီ တာဝန္ေပးရျခင္းမွာ ခက္ခဲမႈရွိၿပီး ထိုသို႔ တာဝန္ေပးရျခင္းမွာ ဝန္ထမ္းအင္အား နည္းပါးျခင္းေၾကာင့္ ျဖစ္သည္ဟု သိရသည္။

" အခါႀကီး၊ ရက္ႀကီး သၾကၤန္ကာလမွာ အစ္ကိုတို႔ အခုနကေျပာတဲ့ လူနည္းနည္းနဲ႔ က်ဲက်ဲဝိုင္းေနရတဲ့ အေန အထားျဖစ္တဲ့အတြက္ အင္အားေတြအားလုံးကို အျမန္လမ္းေပၚမွာ တစ္မိုင္ကို တစ္ေယာက္ႏႈန္း ၂၄ နာရီေနဖို႔ ဒါေလးကို အစ္ကိုတို႔ စီမံထားပါတယ္။ အခက္အခဲေတာ့ အမ်ားႀကီးပါ။ လူတစ္ေယာက္က ၂၄ နာရီလုံး တစ္မိုင္မွာ ေနဖို႔ဆိုတာ သူ႔ရဲ႕ စားမႈ၊ ေသာက္မႈ၊ ေနမႈ၊ ထိုင္မႈေလးေတြလည္းရွိပါတယ္။ ဒါေပမယ့္ အစ္ကိုတို႔ ႀကိဳးစားၿပီးလုပ္မွာပါ။ ႀကိဳးစားၿပီးလုပ္ဖို႔ စီမံထားပါတယ္"ဟု ရဲမႉးႀကီး ဉာဏ္ျမင့္ေက်ာ္က ေျပာသည္။

ဧၿပီလ ၆ ရက္ေန႔က ရန္ကုန္- မႏၲေလးအျမန္လမ္းမႀကီး မိုင္(ဝ/၂)တြင္ ျမန္မာဣစာၦသယ ျဖန႔္ျဖဴးေရး ကုမၸဏီလီမိတက္၊ Michelin Myanmar တို႔ႏွင့္ အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕မွ  ပူးေပါင္းကာ ယာဥ္မ်ား အႏၲရာယ္ မျဖစ္ေစေရး အတြက္ ယာဥ္ႀကံ့ခိုင္မႈမ်ားကို အခမဲ့စစ္ေဆးေပးျခင္း ကမ္ပိန္း တစ္ရပ္ျပဳလုပ္ခဲ့သည္။

ထိုကမ္ပိန္းတြင္ မဇၥ်ိမ၏ ေမးျမန္းမႈကို ရဲမႉးႀကီး ဉာဏ္ျမင့္ေက်ာ္က ျပန္လည္ေျဖၾကားေပးခဲ့ျခင္းျဖစ္သည္။

" ၃၆၂ မိုင္မွာ တကယ္တမ္းေျပာရမယ္ဆိုရင္ေတာ့ ကိုယ္တို႔အင္အား ၄ဝဝ ပတ္ဝန္းက်င္ပဲရွိပါတယ္။ ဒါသည္ ၂ဝ၁၉ ခုႏွစ္၊ ေဖေဖာ္ဝါရီလအထိ ျဖစ္ပါတယ္။ မတ္လမွာ ကိုယ္တို႔ ဝန္ထမ္း တပ္ဖြဲ႕တြင္း သေဘာသဘာဝအရ ကိုယ္တို႔ဆီကေန ေျပာင္းေ႐ႊ႕သြားတဲ့ အင္အားအေနနဲ႔ဆိုရင္ လူအင္အားေတာ္ေတာ္ေလး ေလ်ာ့နည္းေနပါ တယ္။ အဲဒီ ေလ်ာ့နည္းေနတဲ့ဟာကို ေတာ္ေတာ္ေလး ႐ုန္းကန္ၿပီးေတာ့ လႈပ္ရွားလုပ္ကိုင္ေနရပါတယ္"ဟု အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕မႉး ရဲမႉးႀကီး ဉာဏ္ျမင့္ေက်ာ္က လက္ရွိ အျမန္လမ္းရဲတပ္ဖြဲ႕အင္အားအေျခအေနႏွင့္ ပတ္သက္၍ ေျပာသည္။

ရန္ကုန္- မႏၲေလး အျမန္လမ္းမႀကီးတြင္ ၂ဝ၁၇ ခုႏွစ္က ယာဥ္မေတာ္တဆမႈ ၅၅၅ မႈ၊ ၂ဝ၁၈ ခုႏွစ္တြင္ ၄၇၄ မႈ ျဖစ္ပြားခဲ့ၿပီး ယင္းကိန္းဂဏန္းႏွစ္ခုကို ႏႈိင္းယွဥ္ၾကည့္မည္ဆိုပါကာ အျမန္လမ္းမႀကီးတြင္ ပွ်မ္းမွ်အားျဖင့္  ယာဥ္တိုက္မႈ ေလ်ာ့က်လာသည့္  အေနအထားတစ္ခုကို ေတြ႕ရသည္။

လက္ရွိတြင္လည္း အျမန္လမ္းမႀကီးရဲတပ္ဖြဲ႕မွ အႏုပညာရွင္မ်ား၊ ႐ုပ္ရွင္သ႐ုပ္ေဆာင္မ်ား၊ စာေပေလာကမွ ပညာရွင္မ်ားႏွင့္ ပူးေပါင္းကာ ယာဥ္အႏၲရာယ္ကင္းရွင္းေရးအတြက္ ပညာေပးလုပ္ငန္းမ်ား လုပ္ေဆာင္ေန ေၾကာင္း သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


 မကြာမီကျရောက်တော့မည့် မဟာသြင်္ကန်ကာလအတွင်း အများပြည်သူလုံခြုံရေးအတွက် ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးတွင် တစ်မိုင်ကို တစ်ဦးနှုန်းဖြင့် ရဲဝန်ထမ်းများနေရာချထားပြီး ၂၄ နာရီ တာဝန်ပေးထားမည် ဖြစ်ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဉာဏ်မြင့်ကျော်က ပြောသည်။

မိုင်ပေါင်း ၃၆၂ မိုင် ရှည်လျားသည့် ရန်ကုန်- မန္တလေးအမြန်လမ်းကြီးတွင် ယခုကဲ့သို့ တစ်မိုင်ကို ရဲဝန်ထမ်း တစ်ဦးစီဖြင့်  ၂၄ နာရီ တာဝန်ပေးရခြင်းမှာ ခက်ခဲမှုရှိပြီး ထိုသို့ တာဝန်ပေးရခြင်းမှာ ဝန်ထမ်းအင်အား နည်းပါးခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။

" အခါကြီး၊ ရက်ကြီး သြင်္ကန်ကာလမှာ အစ်ကိုတို့ အခုနကပြောတဲ့ လူနည်းနည်းနဲ့ ကျဲကျဲဝိုင်းနေရတဲ့ အနေ အထားဖြစ်တဲ့အတွက် အင်အားတွေအားလုံးကို အမြန်လမ်းပေါ်မှာ တစ်မိုင်ကို တစ်ယောက်နှုန်း ၂၄ နာရီနေဖို့ ဒါလေးကို အစ်ကိုတို့ စီမံထားပါတယ်။ အခက်အခဲတော့ အများကြီးပါ။ လူတစ်ယောက်က ၂၄ နာရီလုံး တစ်မိုင်မှာ နေဖို့ဆိုတာ သူ့ရဲ့ စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှုလေးတွေလည်းရှိပါတယ်။ ဒါပေမယ့် အစ်ကိုတို့ ကြိုးစားပြီးလုပ်မှာပါ။ ကြိုးစားပြီးလုပ်ဖို့ စီမံထားပါတယ်"ဟု ရဲမှူးကြီး ဉာဏ်မြင့်ကျော်က ပြောသည်။

ဧပြီလ ၆ ရက်နေ့က ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး မိုင်(ဝ/၂)တွင် မြန်မာဣစ္ဆာသယ ဖြန့်ဖြူးရေး ကုမ္ပဏီလီမိတက်၊ Michelin Myanmar တို့နှင့် အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ  ပူးပေါင်းကာ ယာဉ်များ အန္တရာယ် မဖြစ်စေရေး အတွက် ယာဉ်ကြံ့ခိုင်မှုများကို အခမဲ့စစ်ဆေးပေးခြင်း ကမ်ပိန်း တစ်ရပ်ပြုလုပ်ခဲ့သည်။

ထိုကမ်ပိန်းတွင် မဇ္ဈိမ၏ မေးမြန်းမှုကို ရဲမှူးကြီး ဉာဏ်မြင့်ကျော်က ပြန်လည်ဖြေကြားပေးခဲ့ခြင်းဖြစ်သည်။

" ၃၆၂ မိုင်မှာ တကယ်တမ်းပြောရမယ်ဆိုရင်တော့ ကိုယ်တို့အင်အား ၄ဝဝ ပတ်ဝန်းကျင်ပဲရှိပါတယ်။ ဒါသည် ၂ဝ၁၉ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ဖြစ်ပါတယ်။ မတ်လမှာ ကိုယ်တို့ ဝန်ထမ်း တပ်ဖွဲ့တွင်း သဘောသဘာဝအရ ကိုယ်တို့ဆီကနေ ပြောင်းရွှေ့သွားတဲ့ အင်အားအနေနဲ့ဆိုရင် လူအင်အားတော်တော်လေး လျော့နည်းနေပါ တယ်။ အဲဒီ လျော့နည်းနေတဲ့ဟာကို တော်တော်လေး ရုန်းကန်ပြီးတော့ လှုပ်ရှားလုပ်ကိုင်နေရပါတယ်"ဟု အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဉာဏ်မြင့်ကျော်က လက်ရှိ အမြန်လမ်းရဲတပ်ဖွဲ့အင်အားအခြေအနေနှင့် ပတ်သက်၍ ပြောသည်။

ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးတွင် ၂ဝ၁၇ ခုနှစ်က ယာဉ်မတော်တဆမှု ၅၅၅ မှု၊ ၂ဝ၁၈ ခုနှစ်တွင် ၄၇၄ မှု ဖြစ်ပွားခဲ့ပြီး ယင်းကိန်းဂဏန်းနှစ်ခုကို နှိုင်းယှဉ်ကြည့်မည်ဆိုပါကာ အမြန်လမ်းမကြီးတွင် ပျှမ်းမျှအားဖြင့်  ယာဉ်တိုက်မှု လျော့ကျလာသည့်  အနေအထားတစ်ခုကို တွေ့ရသည်။

လက်ရှိတွင်လည်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှ အနုပညာရှင်များ၊ ရုပ်ရှင်သရုပ်ဆောင်များ၊ စာပေလောကမှ ပညာရှင်များနှင့် ပူးပေါင်းကာ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ပညာပေးလုပ်ငန်းများ လုပ်ဆောင်နေ ကြောင်း သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top