မေတ္တာ ကြီးပါတယ်…
#Unicode Version#
ဒီနေ့မှာတော့ ဝေဖန်မှုတွေ များနေတဲ့ စည်ဖြိုးကို လက်ဆောင်ပေးခဲ့တဲ့ ကျားပေါက်ရဲ့ Reggae Buddha ဆိုတဲ့ ပန်ချီကားနဲ့ ပတ်သတ်တဲ့သတင်းလေးကို တင်ပေးလိုက်ပါတယ်
စည်ဖြိုးက ခုလို Post တင်ထားပါတယ်
“ကိုယ်လေးစားအားကျ ရတဲ့ Artist ရဲ့ လက်ရာကို ပိုင်ဆိုင်ရဖို့ဟာ ကျွန်တော့်အိမ်မက်တစ်ခုပါ .. Reggae Buddha ဆိုတော့ ကျွန်တော့်လို Buddhist Rasta အတွက် ရည်ရွယ်တာ..
ကျွန်တော့် BoomBox Recording studio မှာချိတ်ဖို့အတွက်…ကိုကျားဆီမှာ သွားယူဖြစ်ခဲ့တယ် … တရားအကြောင်းလည်းပြောဖြစ်ကြတယ်… ကိုယ့်ကိုလည်း ညီအကိုလို တစ်ကယ်ချစ်တဲ့အကိုတစ်ယောက်ပါ ..
မေတ္တာ ကြီးပါတယ်…
အားလုံး ကျန်းမာ ချမ်းသာ ချစ်ကြပါ .. 🙏🏻❤️✌🏻
#SiPhyo #Respect #Love #Peace” ဆိုပြီး Post တင်ထားတာဖြစ်ပါတယ်
ဒီပန်းချီကားနဲ့ ပတ်သတ်ပြီး ပရိတ်သတ်တွေက
“ကျားပေါက်သီချင်းတွေအရမ်းကြိုက်တယ် ခုလဲကြိုက်တယ် ဒါပေမဲ့ Reggae Buddha ဆိုတော့ မင်းကသီချင်းဘဲဆိုတတ်တာ မိုက်ရိုင်းတာကလွန်တယ် Buddha မပြော သာမာန်လူတွေအတွက် ၈ ပါးသီလမှာတောင် အတီးအမှုတ်၊အကအခုန်၊ပန်းမာန်နံ့သာမလိမ်းကျံရဘူးဆိုတာ လောက်တော့သိသင့်တယ် ဒါတောင်တရားဆွေးနွေးခဲ့သေးဆိုဘဲ ယဉ်ယဉ်ကျေးကျေးဆဲချင်သေးတာ ဗုဒ္ဓဘာသာဝင်အစစ်ဖြစ်တဲ့ ကိုယ်ဘာသာ တရားနှလုံးသွင်းနေလိုက်ပါတယ်”
“အနုပညာဆိုတဲ့ အသုံးအနှုံးအောက်မှာဘာသာတစ်ခုရဲ့ အထွဋ်အမြတ်ထားရာ ဗုဒ္ဓဟာ စော်ကားခံနေရပြီလား….။လူတိုင်း ကိုယ်မြတ်နိုးရာကို သရုပ်ပျက်စေရင် ဘယ်လို ခံစားရမလဲ။ဗုဒ္ဓဟာ ဘာသာတစ်ခုရဲ့ အထွဋ်အမြတ်ထားရာ။မြတ်နိုးရာ။အနုပညာဆိုတဲ့ ဖန်တီးမှုကို အသုံးချပြီး မစော်ကားသင့်။”
“ကိုကျားပေါက် သီချင်းတွေလည်း ကြိုက်တယ်…Si Phyo ရဲ့ သရုပ်ဆောင်တာတွေကိုလည်း ကြိုက်တယ်…၂ယောက်လုံးကို အားပေးပါတယ်….ပရိတ်သတ်ကို အဆိပ် မခက်ကျပါနဲ့” ဆိုပြီး ဝေဖန်နေမှုတွေ အများကြီး တွေ့နေရပါတယ်
ပရိတ်သတ်ကြီးရဲ့ အမြင်တွေကိုလည်း ပြောခဲ့ပါဦးနော်
ဖိုးသူတော်(www.phothutaw.com)
Credit:မဟာခေတ်သစ်မီဒီယာ