စစ္ကိုင္းတိုင္းေဒသႀကီး၊ ကသာၿမိဳ႕ တုန္းေပါေက်းရြာမွာ ဧၿပီ ၁၁ ရက္ မြန္းတည့္ ၁၂ နာရီေလာက္က ဆီေဘာက္ဆာကား ဆီျဖည့္စဥ္ မီးေလာင္တဲ့အတြက္ လူ ၄ ဦး ဒဏ္ရာရရိွခဲ့ပါတယ္။

ကသာၿမိဳ႕ တုန္းေပါေက်းရြာ BOC ကုမၸဏီၿခံဝန္းအတြင္း ယာဥ္အမွတ္ MDY-9F-8719 UD အမ်ိဳးအစား ၁၂ဘီး ယာဥ္ ဂါလံ(၄၀၀၀)ဆံ့ ဆီေဘာက္ဆာကားကို ဆီျဖည့္စဥ္ မီးေလာင္ ခဲ့တာျဖစ္ပါတယ္။

ကသာၿမိဳ႕နယ္မီးသတ္ဦးစီး ဦးေအာင္ၿဖိဳးသူက “၁၂ ဘီး ကားေပၚကို ဧရာဝတီျမစ္ အတြင္းရိွဆီတင္ယာဥ္ ေရယာဥ္ေပၚမွ ဆီေတြကို ကိုကိုေမာင္ ဦးေဆာင္ၿပီး ဆီျဖည့္ေဂါက္ နဲ႔ ဆီျဖည့္ရာမွ မီးေလာင္မႈျဖစ္ပြားခဲ့တာ”လို႔ ေျပာပါတယ္။



အဆိုပါ မီးေလာင္မႈေၾကာင့္ ကိုကိုေမာင္ ရဲ႕ ခႏၶာကိုယ္တကိုယ္လံုး မီးေလာင္ဒဏ္ရာရ (မစိုးရိမ္ရ)၊ ထြန္းေဝရဲ႕ ခႏၶာကိုယ္တကိုယ္လံုး မီးေလာင္ဒဏ္ရာ (မစိုးရိမ္ရ)၊တင္ၿဖိဳးေအာင္ ရဲ႕ ခႏၶာကိုယ္တကိုယ္လံုး မီးေလာင္ဒဏ္ရာ(မစိုးရိမ္ရ)၊ ေအာင္ကိုေထြး ရဲ႕ ဝဲဘက္ ေၿခဖမိုး ဖူးေယာင္ဒဏ္ရာ (မစိုးရိမ္ရ) ဒဏ္ရာေတြရရိွခဲ့ပါတယ္။

မီးေလာင္မႈေၾကာင့္ ပ်က္စီးဆံုး႐ႈံးမႈ ကာလတန္ဖိုး က်ပ္ ၁၅၀၀၀ ဖိုးေလာက္ ပ်က္ဆီးဆံုး႐ႈံးခဲ့ ေၾကာင္း မီးေလာင္မႈျဖစ္ပြားခဲ့တာနဲ႔ ပတ္သက္ၿပီး မီးေလာင္လြယ္ေစတဲ့ စက္သံုးဆီကို ေပါ့ေလ်ာ့စြာဆီျဖည့္ရာမွ မီးေလာင္မႈျဖစ္ပြားေစခဲ့သူ ကိုကိုေမာင္ကို ဥပေဒအရ အေရးယူ ေဆာင္ရြက္ေနတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ တုန်းပေါကျေးရွာမှာ ဧပြီ ၁၁ ရက် မွန်းတည့် ၁၂ နာရီလောက်က ဆီဘောက်ဆာကား ဆီဖြည့်စဉ် မီးလောင်တဲ့အတွက် လူ ၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကသာမြို့ တုန်းပေါကျေးရွာ BOC ကုမ္ပဏီခြံဝန်းအတွင်း ယာဉ်အမှတ် MDY-9F-8719 UD အမျိုးအစား ၁၂ဘီး ယာဉ် ဂါလံ(၄၀၀၀)ဆံ့ ဆီဘောက်ဆာကားကို ဆီဖြည့်စဉ် မီးလောင် ခဲ့တာဖြစ်ပါတယ်။

ကသာမြို့နယ်မီးသတ်ဦးစီး ဦးအောင်ဖြိုးသူက “၁၂ ဘီး ကားပေါ်ကို ဧရာဝတီမြစ် အတွင်းရှိဆီတင်ယာဉ် ရေယာဉ်ပေါ်မှ ဆီတွေကို ကိုကိုမောင် ဦးဆောင်ပြီး ဆီဖြည့်ဂေါက် နဲ့ ဆီဖြည့်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့တာ”လို့ ပြောပါတယ်။

အဆိုပါ မီးလောင်မှုကြောင့် ကိုကိုမောင် ရဲ့ ခန္ဓာကိုယ်တကိုယ်လုံး မီးလောင်ဒဏ်ရာရ (မစိုးရိမ်ရ)၊ ထွန်းဝေရဲ့ ခန္ဓာကိုယ်တကိုယ်လုံး မီးလောင်ဒဏ်ရာ (မစိုးရိမ်ရ)၊တင်ဖြိုးအောင် ရဲ့ ခန္ဓာကိုယ်တကိုယ်လုံး မီးလောင်ဒဏ်ရာ(မစိုးရိမ်ရ)၊ အောင်ကိုထွေး ရဲ့ ဝဲဘက် ခြေဖမိုး ဖူးယောင်ဒဏ်ရာ (မစိုးရိမ်ရ) ဒဏ်ရာတွေရရှိခဲ့ပါတယ်။

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှု ကာလတန်ဖိုး ကျပ် ၁၅၀၀၀ ဖိုးလောက် ပျက်ဆီးဆုံးရှုံးခဲ့ ကြောင်း မီးလောင်မှုဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး မီးလောင်လွယ်စေတဲ့ စက်သုံးဆီကို ပေါ့လျော့စွာဆီဖြည့်ရာမှ မီးလောင်မှုဖြစ်ပွားစေခဲ့သူ ကိုကိုမောင်ကို ဥပဒေအရ အရေးယူ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top