ဟုိၾကား. ဒီၾကား မည္းေနလုိ႔ မိန္းကေလးေတြ အတုိအျပတ္ေလးေတြ ဝတ္တဲ့အခါ၊ ကုိယ့္ကုိကုိယ္ ယံုၾကည္မႈမရွိလုိ႔ စိတ္ညစ္ေနပါ သလား။ ဒီလုိဆုိရင္ မပူပါနဲ႔ေတာ့ေနာ္… လူၾကားထဲ ယံုၾကည္မႈရွိရွိနဲ႔ လွလွပပကေလးျဖစ္ေနေစဖုိ႔ သဘာဝကေပးတဲ့ အေကာင္း ဆံုးေဆးနည္းလက္ေဆာင္ကုိ ေပးခ်င္ပါတယ္။

အဲ့ဒါကေတာ့ လုိရာသံုးႏုိင္တဲ့ အဖုိးတန္ေဆးျမစ္လုိ႔ပဲ ဆုိရမလားပါ… အိမ္တုိင္းမွာပဲျဖစ္ျဖစ္၊ ေစ်းတုိင္း မွာျဖစ္ျဖစ္ အလြယ္တကူဝယ္ ယူလုိ႔ရတယ္၊ ေနအိမ္ေတြမွာလည္ အလြယ္တကူစုိက္ပ်ိဳးထားတဲ့ ရွား ေစာင္းလက္ပတ္အပင္ေတြပဲ ျဖစ္ပါတယ္။

ဟုတ္ပါတယ္။ သင့္ရဲ႕ခ်ိဳင္းၾကား၊ ေပါင္ၾကား၊ ဒူးေခါင္း၊ တံေတာင္၊ တံေခါက္ေကြး အစရွိတဲ့ ေနရာေတြ က ဂၽြတ္ေတြ၊ ဂ်ီးေတြ နဲ႔ အမည္း၊ အရြတ္ရာေတြ ကုိ ဖယ္ရွားၿပီး ၾကည္လင္ေခ်ာေမြ႕တဲ့ အသားေရ ေလးကုိ ရဖုိ႔ ရွားေစာင္းလက္ပတ္အပင္က ဂ်ယ္လီအႏွစ္ေလးေတြနဲ႔ ပြတ္တုိက္ေပးလုိက္ရံုပါပဲ။ ရွား ေစာင္းလက္ပတ္မွာပါဝင္တဲ့ ေရဓာတ္၊ ဂလုိင္ကုိပရုိတင္းဓာတ္္ေတြက အေရျပားေရာင္ယမ္းျခင္း၊ အညိဳအမဲစြဲျခင္းနဲ႔ အမာရြတ္၊ အမာေဟာင္းနဲ႔ ဂ်ီးေတြကုိ ေပ်ာက္ကင္းေစႏုိင္ပါတယ္။

ရွားေစာင္းလက္ပတ္အပင္ေလးေတြကုိ လွီးျဖတ္ေပးၿပီး ထြက္လာတဲ့ ဂ်ယ္လီလုိ အေစးအႏွစ္ ေလးေတြနဲ႔ မိမိလုိအပ္တဲ့ ေနရာတစ္ဝုိက္ ကုိ ပံုမွန္ေပးပြတ္ေပးပါ။ တစ္လနီးပါးၾကာပြတ္ေပးမယ္ဆုိရင္ အမဲနဲ႔ ဂ်ီး၊ အမာရြတ္ေတြ သိသိသာသာပါးလာၿပီးေတာ့ အဆိပ္ အေတာက္ေတြကုိ ေပ်ာက္ကင္းေစၿပီး အေရျပားအသစ္ ေမြးဖြားကာ ၾကည္လင္ေခ်ာေမြ႔တဲ့ အသားေရကုိ လက္ေတြ႔ပုိင္ဆုိင္ လာႏုိင္ပါလိမ့္မယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:thadinyatkwat
#Unicode Version#
ဟိုကြား. ဒီကြား မည်းနေလို့ မိန်းကလေးတွေ အတိုအပြတ်လေးတွေ ဝတ်တဲ့အခါ၊ ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိလို့ စိတ်ညစ်နေပါ သလား။ ဒီလိုဆိုရင် မပူပါနဲ့တော့နော်… လူကြားထဲ ယုံကြည်မှုရှိရှိနဲ့ လှလှပပကလေးဖြစ်နေစေဖို့ သဘာဝကပေးတဲ့ အကောင်း ဆုံးဆေးနည်းလက်ဆောင်ကို ပေးချင်ပါတယ်။

အဲ့ဒါကတော့ လိုရာသုံးနိုင်တဲ့ အဖိုးတန်ဆေးမြစ်လို့ပဲ ဆိုရမလားပါ… အိမ်တိုင်းမှာပဲဖြစ်ဖြစ်၊ ဈေးတိုင်း မှာဖြစ်ဖြစ် အလွယ်တကူဝယ် ယူလို့ရတယ်၊ နေအိမ်တွေမှာလည် အလွယ်တကူစိုက်ပျိုးထားတဲ့ ရှား စောင်းလက်ပတ်အပင်တွေပဲ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ သင့်ရဲ့ချိုင်းကြား၊ ပေါင်ကြား၊ ဒူးခေါင်း၊ တံတောင်၊ တံခေါက်ကွေး အစရှိတဲ့ နေရာတွေ က ဂျွတ်တွေ၊ ဂျီးတွေ နဲ့ အမည်း၊ အရွတ်ရာတွေ ကို ဖယ်ရှားပြီး ကြည်လင်ချောမွေ့တဲ့ အသားရေ လေးကို ရဖို့ ရှားစောင်းလက်ပတ်အပင်က ဂျယ်လီအနှစ်လေးတွေနဲ့ ပွတ်တိုက်ပေးလိုက်ရုံပါပဲ။ ရှား စောင်းလက်ပတ်မှာပါဝင်တဲ့ ရေဓာတ်၊ ဂလိုင်ကိုပရိုတင်းဓာတ်တွေက အရေပြားရောင်ယမ်းခြင်း၊ အညိုအမဲစွဲခြင်းနဲ့ အမာရွတ်၊ အမာဟောင်းနဲ့ ဂျီးတွေကို ပျောက်ကင်းစေနိုင်ပါတယ်။

ရှားစောင်းလက်ပတ်အပင်လေးတွေကို လှီးဖြတ်ပေးပြီး ထွက်လာတဲ့ ဂျယ်လီလို အစေးအနှစ် လေးတွေနဲ့ မိမိလိုအပ်တဲ့ နေရာတစ်ဝိုက် ကို ပုံမှန်ပေးပွတ်ပေးပါ။ တစ်လနီးပါးကြာပွတ်ပေးမယ်ဆိုရင် အမဲနဲ့ ဂျီး၊ အမာရွတ်တွေ သိသိသာသာပါးလာပြီးတော့ အဆိပ် အတောက်တွေကို ပျောက်ကင်းစေပြီး အရေပြားအသစ် မွေးဖွားကာ ကြည်လင်ချောမွေ့တဲ့ အသားရေကို လက်တွေ့ပိုင်ဆိုင် လာနိုင်ပါလိမ့်မယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:thadinyatkwat
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top