ေျမေနရာ အနည္းအက်ဥ္းရွိတဲ႔ အိမ္တိုင္းမွာ အခုလိုမ်ိဳး မီးဖိုေခ်ာင္ထြက္အမွိဳက္သရိုက္ေတြကို ကိုယ့္ျခံဝင္းထဲမွာပဲ စြန္႔ပစ္လို႔ရေအာင္ ဖန္တီးထားမယ္ဆိုရင္ ပတ္ဝန္းက်င္သန္႔ရွင္းေရးကို တစ္ပိုင္တစ္နိုင္ေျဖရွင္းျပီးသားျဖစ္ပါတယ္။

စည္ပိုင္းတစ္ခုကို ေအာက္ဖက္ကို ဖြင့္ေဖာက္ျပီး ေျမႀကီးထဲမွာ စည္ပိုင္းအျမင့္ သံုးပံု ႏွစ္ပံုေလာက္ကို အခုလိုျမွဳပ္ထားလိုက္ပါ။ အဲဒီေလာက္နက္ေအာင္ျမႇဳပ္မွ ႂကြက္မေဖာက္ႏိုင္မွာပါ။ မီးဖိုေခ်ာင္ထြက္အမွိဳက္အားလံုးနဲ႔ ျခံထြက္ အရြက္ေျခာက္(ျခံက်ယ္လို႔ သစ္ပင္မ်ားၿပီး အရြက္ေျခာက္မ်ားရင္ေတာ့ သီးသန္႔ပစ္ပါ၊ ေပပါခြံအမွိဳက္ကန္ကခဏေလးနဲ႔ ျပည့္သြားမွာစိုးလို႔ပါ။) အားလံုးပစ္လို႔ရပါတယ္။ စကၠဴလိုေဆြးလြယ္တာေတြလည္း ပစ္လို႔ရပါတယ္။ ပလပ္စတစ္ ကၽြတ္ကၽြတ္အိပ္ ေဖာ့ဘူး ဖန္ပုလင္းေတြလို မေဆြးနိုင္တာေတြေတာ့ ပစ္လို႔မရပါဘူး။

က်မအိမ္အသစ္မွာေတာ့ အခုမွစလုပ္ျဖစ္တာပါ။ အေပၚပံုႏွစ္ပံုျဖစ္တဲ့ ပလပ္စတစ္စည္ပိုင္းပံုက က်မအိမ္ကပံုပါ။ သံစည္ပိုင္းနဲ႔ ပံုက က်မသူငယ္ခ်င္း သီတာထြန္း( ျမသီတာ သကၤန္း) အိမ္မွာ လုပ္ထားတာ သံုးနွစ္ေက်ာ္ေနျပီ။ သံုးနွစ္သာေက်ာ္သြားတယ္ အဲဒီအမွိဳက္ပံုးက ျပည့္မလာဘူး။ အမွိဳက္ကေန ပိုးေကာင္ေလးေတြေပါက္ဖြားလာၿပီး သူ႔ေဂဟစနစ္နဲ႔သူ လုပ္ေဆာင္ေနၾကလို႔ အမွိဳက္ကေနေျမေဆြးလည္းရတယ္။ ဘာအနံ႔ အသက္မွလည္း မရွိဘူး။ စလုပ္လုပ္ျခင္း သံုး ေလး ရက္ပဲ အနံ႔ရွိတာပါ။ သံစည္ပိုင္းနဲ႔လုပ္ေတာ့ ၾကာေတာ့ေဆြးလာတယ္ဆိုလို႔ က်မကေတာ့ ပလပ္စတစ္စည္ပိုင္းနဲ႔ လုပ္လိုက္ပါတယ္။ အၾကံတူရင္ ေနာက္လူသာတာေပါ့ေနာ္။

ေျမေနရာနည္းနည္းရွိတဲ့ အိမ္တိုင္းသာဒီလိုမ်ိဳး လုပ္ၾကမယ္ဆိုရင္ စည္ပင္သာယာအေနနဲ႔လည္း အမွိဳက္သိမ္းရတဲ႔ အလုပ္တာဝန္နည္းနည္းေပါ႔သြားမွာေသခ်ာတယ္။ အမွိဳက္ပံုးမလံုေလာက္မွဳ ျပသနာလည္း တစ္နည္းတစ္လမ္းေျဖရွင္းၿပီးသားျဖစ္သြားမွာေသခ်ာတယ္။ ႏိုင္ငံေတာ္ တိုးတက္ေျပာင္းလဲေရးမွာ တစ္ေဒါင့္တစ္ေနရာက ကူညီပံ့ပိုးေပးၾကၿပီးသားလည္း ျဖစ္မွာေသခ်ာပါတယ္။

သစ္ပင္စိုက္တာ ဝါသနာပါသူေတြအတြက္လည္း ေဘးအႏၲရာယ္ကင္းတဲ့ သဘာဝေျမၾသဇာရရွိလို႔ က်န္းမာေရးအတြက္ေကာင္းမြန္တဲ့ အသီးအႏွံေတြ စားသံုးခြင့္ရၾကမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Myint Myint Khin Pe

#Unicode Version# ျဖင့္ဖတ္ပါ ။

မြေနေရာ အနည်းအကျဉ်းရှိတဲ့ အိမ်တိုင်းမှာ အခုလိုမျိုး မီးဖိုချောင်ထွက်အမှိုက်သရိုက်တွေကို ကိုယ့်ခြံဝင်းထဲမှာပဲ စွန့်ပစ်လို့ရအောင် ဖန်တီးထားမယ်ဆိုရင် ပတ်ဝန်းကျင်သန့်ရှင်းရေးကို တစ်ပိုင်တစ်နိုင်ဖြေရှင်းပြီးသားဖြစ်ပါတယ်။

စည်ပိုင်းတစ်ခုကို အောက်ဖက်ကို ဖွင့်ဖောက်ပြီး မြေကြီးထဲမှာ စည်ပိုင်းအမြင့် သုံးပုံ နှစ်ပုံလောက်ကို အခုလိုမြှုပ်ထားလိုက်ပါ။ အဲဒီလောက်နက်အောင်မြှုပ်မှ ကြွက်မဖောက်နိုင်မှာပါ။ မီးဖိုချောင်ထွက်အမှိုက်အားလုံးနဲ့ ခြံထွက် အရွက်ခြောက်(ခြံကျယ်လို့ သစ်ပင်များပြီး အရွက်ခြောက်များရင်တော့ သီးသန့်ပစ်ပါ၊ ပေပါခွံအမှိုက်ကန်ကခဏလေးနဲ့ ပြည့်သွားမှာစိုးလို့ပါ။) အားလုံးပစ်လို့ရပါတယ်။ စက္ကူလိုဆွေးလွယ်တာတွေလည်း ပစ်လို့ရပါတယ်။ ပလပ်စတစ် ကျွတ်ကျွတ်အိပ် ဖော့ဘူး ဖန်ပုလင်းတွေလို မဆွေးနိုင်တာတွေတော့ ပစ်လို့မရပါဘူး။

ကျမအိမ်အသစ်မှာတော့ အခုမှစလုပ်ဖြစ်တာပါ။ အပေါ်ပုံနှစ်ပုံဖြစ်တဲ့ ပလပ်စတစ်စည်ပိုင်းပုံက ကျမအိမ်ကပုံပါ။ သံစည်ပိုင်းနဲ့ ပုံက ကျမသူငယ်ချင်း သီတာထွန်း( မြသီတာ သင်္ကန်း) အိမ်မှာ လုပ်ထားတာ သုံးနှစ်ကျော်နေပြီ။ သုံးနှစ်သာကျော်သွားတယ် အဲဒီအမှိုက်ပုံးက ပြည့်မလာဘူး။ အမှိုက်ကနေ ပိုးကောင်လေးတွေပေါက်ဖွားလာပြီး သူ့ဂေဟစနစ်နဲ့သူ လုပ်ဆောင်နေကြလို့ အမှိုက်ကနေမြေဆွေးလည်းရတယ်။ ဘာအနံ့ အသက်မှလည်း မရှိဘူး။ စလုပ်လုပ်ခြင်း သုံး လေး ရက်ပဲ အနံ့ရှိတာပါ။ သံစည်ပိုင်းနဲ့လုပ်တော့ ကြာတော့ဆွေးလာတယ်ဆိုလို့ ကျမကတော့ ပလပ်စတစ်စည်ပိုင်းနဲ့ လုပ်လိုက်ပါတယ်။ အကြံတူရင် နောက်လူသာတာပေါ့နော်။

မြေနေရာနည်းနည်းရှိတဲ့ အိမ်တိုင်းသာဒီလိုမျိုး လုပ်ကြမယ်ဆိုရင် စည်ပင်သာယာအနေနဲ့လည်း အမှိုက်သိမ်းရတဲ့ အလုပ်တာဝန်နည်းနည်းပေါ့သွားမှာသေချာတယ်။ အမှိုက်ပုံးမလုံလောက်မှု ပြသနာလည်း တစ်နည်းတစ်လမ်းဖြေရှင်းပြီးသားဖြစ်သွားမှာသေချာတယ်။ နိုင်ငံတော် တိုးတက်ပြောင်းလဲရေးမှာ တစ်ဒေါင့်တစ်နေရာက ကူညီပံ့ပိုးပေးကြပြီးသားလည်း ဖြစ်မှာသေချာပါတယ်။

သစ်ပင်စိုက်တာ ဝါသနာပါသူတွေအတွက်လည်း ဘေးအန္တရာယ်ကင်းတဲ့ သဘာဝမြေသြဇာရရှိလို့ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့ အသီးအနှံတွေ စားသုံးခွင့်ရကြမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Myint Myint Khin Pe
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top