အလင္းကိုေတာင္ စုပ္ယူဝါးမ်ိဳပစ္တဲ့ အာကာသတြင္းနက္ေတြ တည္ရွိမႈကို သိပၸံပညာရွင္ေတြက အရင္က တြက္ဆေဖာ္ထုတ္ထားခဲ့ပါတယ္။

ခုခ်ိန္မွာေတာ့ နဂါးေငြ႕တန္းဂလက္ဆီတစ္ခုအတြင္းက အာကာသတြင္းနက္ႀကီးတစ္ခုကို သမိုင္းမွာ ပထမဆုံးအျဖစ္ ဓာတ္ပုံ႐ိုက္ယူကာ ထုတ္ေဖာ္ျပသႏိုင္လိုက္ပါၿပီ။

အခု အာကာသတြင္းနက္ႀကီးဟာ အက်ယ္ဟာ ကီလိုမီတာ ဘီလီယံ ၄၀ ရွိၿပီး ကမာၻရဲ႕ အ႐ြယ္ထက္ အဆေပါင္း သုံးသန္းႀကီးမားပါတယ္။ သိပၸံပညာရွင္ေတြကေတာ့ ဧရာမတြင္းနက္ႀကီးအျဖစ္ ေဖာ္ၫႊန္းၾကပါတယ္။

ဒီတြင္းနက္ႀကီးဟာ အကြာအေဝး ကီလိုမီတာ ထရီလီယံ သန္း ၅၀၀ အကြာမွာ တည္ရွိေနတာျဖစ္ၿပီး ဒါကို ကမာၻအႏွံ႔က တယ္လီစကုပ္ ရွစ္ခုပါ နက္ဝပ္ခ္ကေန ဓာတ္ပုံ႐ိုက္ယူႏိုင္ခဲ့တာပါ။

M87 ဂလက္စီအတြင္းမွာ  ရွိေနတဲ့ ဒီမဟာတြင္းနက္ႀကီးကို တယ္လီစကုပ္ရွစ္ခုပါ ကြန္ရက္ Event Horizon Telescope EHT ကေနၿပီး ဓာတ္ပုံ ဖမ္းယူရရွိခဲ့တာ ျဖစ္ပါတယ္။

“တကယ့္ ဧရာမတြင္းနက္ႀကီးပါ။ ကြၽန္ေတာ္တို႔ ေနအဖြဲ႕အစည္းတစ္ခုလုံးထက္ကို ပိုႀကီးမားပါတယ္။”လို႔ နယ္သာလန္ Radbound တကၠသိုလ္က ပါေမာကၡ ဟိန္းႏိုဖဲလ္ကီက ေျပာပါတယ္။

“ေနရဲ႕ သိပ္သည္းဆ Mass ၆ ဒသမ ၅ ဘီလီယံ ပိုႀကီးမားတဲ့ မဟာတြင္းနက္ႀကီးပါ။ ကြၽန္ေတာ္တို႔ ေတြးဆထားတဲ့ ႀကီးမားတဲ့ တြင္းနက္ႀကီးေတြထဲက တစ္ခုပါပဲ။ တကယ့္ဧရာမႀကီးပဲ ျဖစ္ပါတယ္။”လို႔ သူက ဆိုပါတယ္။

အခု ႐ိုက္ယူလိုက္ႏိုင္တဲ့ တြင္းနက္ႀကီးရဲ႕ ဓာတ္ပုံဟာ အလြန္တရာ ေတာက္ပတဲ့ မီးလွ်ံစက္ဝန္း ျဖစ္ေပၚမႈေၾကာင့္ အလယ္မွာ တြင္းနက္ႀကီး တည္ရွိေနတာကို ႐ိုက္ယူလိုက္ႏိုင္တာပါ။ အဲဒီ မီးလွ်ံစက္ဝန္းဟာ တြင္းနက္ႀကီးရဲ႕ အလုံးအဝန္းအတိုင္း ျဖစ္ေပၚေနတာ ျဖစ္ပါတယ္။

အပူလြန္ကဲဓာတ္ေငြ႕ေတြ အာကာသတြင္းနက္ႀကီးထဲ က်ေရာက္ရာကေန ေတာက္ပထိန္ညီးတဲ့ မီးလွ်ံဟာ တြင္းနက္အဝန္းအဝိုင္းမွာ ျဖစ္ေပၚရာကေန ခုလို တြင္းနက္ႀကီးရဲ႕ ဓာတ္ပုံကို ပထမဆုံး ႐ိုက္ယူလိုက္ႏိုင္တာပဲ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


အလင်းကိုတောင် စုပ်ယူဝါးမျိုပစ်တဲ့ အာကာသတွင်းနက်တွေ တည်ရှိမှုကို သိပ္ပံပညာရှင်တွေက အရင်က တွက်ဆဖော်ထုတ်ထားခဲ့ပါတယ်။

ခုချိန်မှာတော့ နဂါးငွေ့တန်းဂလက်ဆီတစ်ခုအတွင်းက အာကာသတွင်းနက်ကြီးတစ်ခုကို သမိုင်းမှာ ပထမဆုံးအဖြစ် ဓာတ်ပုံရိုက်ယူကာ ထုတ်ဖော်ပြသနိုင်လိုက်ပါပြီ။

အခု အာကာသတွင်းနက်ကြီးဟာ အကျယ်ဟာ ကီလိုမီတာ ဘီလီယံ ၄၀ ရှိပြီး ကမ္ဘာရဲ့ အရွယ်ထက် အဆပေါင်း သုံးသန်းကြီးမားပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ဧရာမတွင်းနက်ကြီးအဖြစ် ဖော်ညွှန်းကြပါတယ်။

ဒီတွင်းနက်ကြီးဟာ အကွာအဝေး ကီလိုမီတာ ထရီလီယံ သန်း ၅၀၀ အကွာမှာ တည်ရှိနေတာဖြစ်ပြီး ဒါကို ကမ္ဘာအနှံ့က တယ်လီစကုပ် ရှစ်ခုပါ နက်ဝပ်ခ်ကနေ ဓာတ်ပုံရိုက်ယူနိုင်ခဲ့တာပါ။

M87 ဂလက်စီအတွင်းမှာ  ရှိနေတဲ့ ဒီမဟာတွင်းနက်ကြီးကို တယ်လီစကုပ်ရှစ်ခုပါ ကွန်ရက် Event Horizon Telescope EHT ကနေပြီး ဓာတ်ပုံ ဖမ်းယူရရှိခဲ့တာ ဖြစ်ပါတယ်။

“တကယ့် ဧရာမတွင်းနက်ကြီးပါ။ ကျွန်တော်တို့ နေအဖွဲ့အစည်းတစ်ခုလုံးထက်ကို ပိုကြီးမားပါတယ်။”လို့ နယ်သာလန် Radbound တက္ကသိုလ်က ပါမောက္ခ ဟိန်းနိုဖဲလ်ကီက ပြောပါတယ်။

“နေရဲ့ သိပ်သည်းဆ Mass ၆ ဒသမ ၅ ဘီလီယံ ပိုကြီးမားတဲ့ မဟာတွင်းနက်ကြီးပါ။ ကျွန်တော်တို့ တွေးဆထားတဲ့ ကြီးမားတဲ့ တွင်းနက်ကြီးတွေထဲက တစ်ခုပါပဲ။ တကယ့်ဧရာမကြီးပဲ ဖြစ်ပါတယ်။”လို့ သူက ဆိုပါတယ်။

အခု ရိုက်ယူလိုက်နိုင်တဲ့ တွင်းနက်ကြီးရဲ့ ဓာတ်ပုံဟာ အလွန်တရာ တောက်ပတဲ့ မီးလျှံစက်ဝန်း ဖြစ်ပေါ်မှုကြောင့် အလယ်မှာ တွင်းနက်ကြီး တည်ရှိနေတာကို ရိုက်ယူလိုက်နိုင်တာပါ။ အဲဒီ မီးလျှံစက်ဝန်းဟာ တွင်းနက်ကြီးရဲ့ အလုံးအဝန်းအတိုင်း ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

အပူလွန်ကဲဓာတ်ငွေ့တွေ အာကာသတွင်းနက်ကြီးထဲ ကျရောက်ရာကနေ တောက်ပထိန်ညီးတဲ့ မီးလျှံဟာ တွင်းနက်အဝန်းအဝိုင်းမှာ ဖြစ်ပေါ်ရာကနေ ခုလို တွင်းနက်ကြီးရဲ့ ဓာတ်ပုံကို ပထမဆုံး ရိုက်ယူလိုက်နိုင်တာပဲ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top