စစ္ကိုုင္းတိုင္း၊ ကေလးၿမိဳ႕ သာသနာပိုင္ ႐ိုမန္ကတ္သလစ္ ဆရာေတာ္ႀကီး ေနထိုင္တဲ့ ေက်ာင္းဝန္းထဲက ေက်ာင္သားေတြ ေနထိုင္တဲ့ သံုးထပ္ေက်ာင္းေဆာင္ႀကီးမွာ ဧၿပီ ၄ ရက္ မြန္းလြဲ ၁နာရီေလာက္က မီးေလာင္ခဲ့ပါတယ္။

ေက်ာင္းေဆာင္အေပၚထပ္ စာသင္ေဆာင္က စတင္မီးေလာင္တာလို႔သိရၿပီး မီးေလာင္ကၽြမ္းရတဲ့ အေၾကာင္းရင္း အေသအခ်ာ မသိရေသးေပမယ့္ အေပၚထပ္ အဝင္နားမွာ မီးမေလာင္ပဲ က်န္ခဲ့တဲ့ ေနရာက ဝါယာႀကိဳးေတြရဲ႕ အေနအထားကိုၾကည့္ရင္ သိႏိုင္တယ္လို႔ မီးသတ္ရာမွာ ပါဝင္တဲ့ မီးသတ္သမား တဦးက ေျပာပါတယ္။

မီးေလာင္ကြ်မ္းခဲ့တဲ့ အေဆာင္ဟာ သဇင္ရပ္ကြက္ နယ္ ေျမ ၄ က ဆရာေတာ္ ေက်ာင္းဝင္းထဲမွာရွိၿပီး ကေလးသာသနာပိုင္ ရိုမန္ကတ္သလစ္ ဆရာေတာ္ႀကီး ဖီးလစ္လ်န္ခန္းထန္ ကေတာ့ ခရီးထြက္ေနတယ္လို႔ သိရပါတယ္။



တာဝန္ခံ ဘုန္းေတာ္ႀကီး ဂြ်န္ပါရွမ္းက “လတ္တေလာ ေက်ာင္းပိတ္လို႕ ေက်ာင္းသားေတြ မရွိဘူး။ ဒါေၾကာင့္ ေက်ာင္းေဆာင္ကို ပိတ္ထားတယ္။ ေက်ာင္းက သံုးထပ္မွာ အေပၚဆံုးက စာသင္ေဆာင္၊ အလယ္က အိပ္ေဆာင္၊ ေအာက္ဆံုးက ထမင္းစားခန္းျဖစ္ၿပီး မီးဘာေၾကာင့္ ေလာင္လဲေတာ့ မသိဘူး” လုိ႔ ေျပာပါတယ္။

ေက်ာင္းသား ၄၀ ေလာက္ေနထိုင္ႏိုင္တဲ့ ေက်ာင္းေဆာင္မွာ လတ္တေလာ ေက်ာင္းသားေတြ မရွိတဲ့အေၾကာင္းလည္း တာဝန္ခံ ဘုန္းေတာ္ႀကီးက ေျပာပါတယ္။

မီးေလာင္ရာကို ကေလးခ႐ိုင္ မီးသတ္ဌာန၊ ရဲတပ္ဖြဲ႔၊ တပ္မေတာ္သားေတြနဲ႔ အရပ္သားေတြ ဝိုင္းဝန္း မီးၿငိႇမ္းသတ္ခဲ့ၿပီး မြန္းလြဲ ၂ နာရီေလာက္မွာ မီးၿငိမ္းသြားပါတယ္။

မီးေလာင္မႈေၾကာင့္ ေက်ာင္းေဆာင္ႀကီး အေပၚႏွစ္ထပ္နဲ႔  ေက်ာင္းသားေတြရဲ႕ ကုတင္ေတြပဲ ဆံုးရံႈးပ်က္စီးခဲ့ၿပီး ေက်ာင္းေဆာင္ အေပၚ ၂ ထပ္လံုးကို  ျပန္လည္ျပင္ဆင္ ေဆာက္လုပ္ရမယ့္ အေျခအေန ရွိပါတယ္။



ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


စစ်ကိုင်းတိုင်း၊ ကလေးမြို့ သာသနာပိုင် ရိုမန်ကတ်သလစ် ဆရာတော်ကြီး နေထိုင်တဲ့ ကျောင်းဝန်းထဲက ကျောင်သားတွေ နေထိုင်တဲ့ သုံးထပ်ကျောင်းဆောင်ကြီးမှာ ဧပြီ ၄ ရက် မွန်းလွဲ ၁နာရီလောက်က မီးလောင်ခဲ့ပါတယ်။

ကျောင်းဆောင်အပေါ်ထပ် စာသင်ဆောင်က စတင်မီးလောင်တာလို့သိရပြီး မီးလောင်ကျွမ်းရတဲ့ အကြောင်းရင်း အသေအချာ မသိရသေးပေမယ့် အပေါ်ထပ် အဝင်နားမှာ မီးမလောင်ပဲ ကျန်ခဲ့တဲ့ နေရာက ဝါယာကြိုးတွေရဲ့ အနေအထားကိုကြည့်ရင် သိနိုင်တယ်လို့ မီးသတ်ရာမှာ ပါဝင်တဲ့ မီးသတ်သမား တဦးက ပြောပါတယ်။

မီးလောင်ကျွမ်းခဲ့တဲ့ အဆောင်ဟာ သဇင်ရပ်ကွက် နယ်မြေ ၄ က ဆရာတော် ကျောင်းဝင်းထဲမှာရှိပြီး ကလေးသာသနာပိုင် ရိုမန်ကတ်သလစ် ဆရာတော်ကြီး ဖီးလစ်လျန်ခန်းထန် ကတော့ ခရီးထွက်နေတယ်လို့ သိရပါတယ်။

တာဝန်ခံ ဘုန်းတော်ကြီး ဂျွန်ပါရှမ်းက “လတ်တလော ကျောင်းပိတ်လို့ ကျောင်းသားတွေ မရှိဘူး။ ဒါကြောင့် ကျောင်းဆောင်ကို ပိတ်ထားတယ်။ ကျောင်းက သုံးထပ်မှာ အပေါ်ဆုံးက စာသင်ဆောင်၊ အလယ်က အိပ်ဆောင်၊ အောက်ဆုံးက ထမင်းစားခန်းဖြစ်ပြီး မီးဘာကြောင့် လောင်လဲတော့ မသိဘူး” လို့ ပြောပါတယ်။

ကျောင်းသား ၄၀ လောက်နေထိုင်နိုင်တဲ့ ကျောင်းဆောင်မှာ လတ်တလော ကျောင်းသားတွေ မရှိတဲ့အကြောင်းလည်း တာဝန်ခံ ဘုန်းတော်ကြီးက ပြောပါတယ်။

မီးလောင်ရာကို ကလေးခရိုင် မီးသတ်ဌာန၊ ရဲတပ်ဖွဲ့၊ တပ်မတော်သားတွေနဲ့ အရပ်သားတွေ ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ပြီး မွန်းလွဲ ၂ နာရီလောက်မှာ မီးငြိမ်းသွားပါတယ်။

မီးလောင်မှုကြောင့် ကျောင်းဆောင်ကြီး အပေါ်နှစ်ထပ်နဲ့  ကျောင်းသားတွေရဲ့ ကုတင်တွေပဲ ဆုံးရှုံးပျက်စီးခဲ့ပြီး ကျောင်းဆောင် အပေါ် ၂ ထပ်လုံးကို  ပြန်လည်ပြင်ဆင် ဆောက်လုပ်ရမယ့် အခြေအနေ ရှိပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top