၀က္ရူးျပန္ေရာဂါရွိတဲ့ လူတစ္ေယာက္ကို ကူညီပံ့ပိုးေပးရတာ စိန္ေခၚမႈတစ္ရပ္ပါပဲ။ သူတက္တာျမင္ျပီး ေၾကာက္လန္႔သြားႏိုင္သလို ဘာလုပ္လို႔ဘာကိုင္ရမယ္မသိ ျဖစ္တတ္ပါတယ္။ အတက္ေရာဂါရွိတဲ့လူကို ေစာင့္ေရွာက္ဖို႔ ဗဟုသုတအနည္းငယ္လုိအပ္ပါတယ္။ ေအာက္ပါေဆာင္းပါးကေတာ့ သင္သိသင့္တဲ့အေၾကာင္းအရာေတြ ေျပာျပေပးသြားမွာပါ။
ကုသမႈေတြကို အတူတူတိုင္ပင္ျပီး ေရြးခ်ယ္ေပးပါ။

က်န္းမာေရးေစာင့္ေရွာက္သူတစ္ေယာက္အေနနဲ႔ ၀က္ရူးျပန္ေရာဂါသည္ေတြကို ကူညီေစာင့္ေရွာက္တဲ့ေနရာမွာ အဓိကပါ၀င္ေနပါတယ္။ သင္က လူနာ့က်န္းမာေရးအေျခအေနကို ဆရာ၀န္အား ေျပာျပတဲ့လူတစ္ေယာက္ပါ။ ၀က္ရူးျပန္ေဆး၀ါးေတြနဲ႔ ကုသမႈေတြ၏ ေကာင္းက်ိဳး၊ဆိုးက်ိဳးေတြကို သိရွိနားလည္ဖို႕ သင္တို႕၂ေယာက္ အတူတကြပူးေပါင္းလုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္။ ထိုအေၾကာင္းအရာနဲ႔ ပတ္သတ္ျပီး ရွင္းရွင္းလင္းလင္းသိသြားျပီဆိုရင္ေတာ့ လူနာ၏ကုသမႈေရြးခ်ယ္ျခင္းမွာ ကူညီေပးႏိုင္ပါျပီ။
၀က္ရူးျပန္ျခင္းအတြက္ မွတ္တမ္းျပဳလုပ္ထားပါ။

အတက္ေရာဂါရွိေနတဲ့ လူတစ္ေယာက္ကို ေစာင့္ေရွာက္ေတာ့မယ္ဆိုရင္ အၾကံေကာင္းတစ္ခုကေတာ့ ၀က္ရူးျပန္ျခင္းနဲ႕ ပတ္သတ္ျပီး ျဖစ္ျဖစ္သမွ်ကို မွတ္တမ္းတင္ထားဖို႔ပါပဲ။ မွတ္တမ္းတင္ထားရမယ့္ အရာေတြကေတာ့ တက္တဲ့အခ်ိန္ကာလ၊ ၀က္ရူးမျပန္ခင္၊ ျပန္ေနခ်ိန္ႏွင့္ ျပန္ေနျပီး အခ်ိန္ေတြမွာ ျဖစ္သြားတဲ့ အျပဳအမူေတြပဲျဖစ္ပါတယ္။ ထိုသို႕မွတ္တမ္းတင္ေပးထားျခင္းက အာရံုေၾကာပညာရွင္ေတြ ၀က္ရူးျပန္ျခင္းအစပ်ိဳးပံုကို ဆံုးျဖတ္တဲ့ေနရာမွာ အကူအညီေပးႏိုင္မွာပါ။

အမွန္အတိုင္းေျပာရမယ္ဆိုရင္ေတာ့ သင္နဲ႔သင့္လူနာဟာ ၀က္ရူးျပန္တာကို ခန္႕မွန္းထားႏိုင္မွာမဟုတ္ပါဘူး။ ဒါေၾကာင့္ သူ႔အတြက္ သင္ျပင္ဆင္ထားတယ္ဆိုတာ သိေနေစျခင္းက စိတ္သက္သာရာရေစႏိုင္ပါတယ္။  ၀က္ရူးျပန္မွတ္တမ္းအကူအညီျဖင့္ တက္ပံုတက္နည္း၏ ပံုေသပံုစံတစ္ခုရွိ၊မရွိကို ၾကည့္ဖို႔ အခြင့္အေရးေလးရႏိုင္ပါတယ္။
သင့္ကိုယ္သင္ဂရုစိုက္ပါ။

၀က္ရူးျပန္လူနာကို အေကာင္းဆံုေစာင့္ေရွာက္မႈေပးခ်င္တယ္ဆိုရင္ေတာ့ သင့္ကိုယ္သင္ဂရုစိုက္ဖို႔မေမ့ပါႏွင့္။ မိမိက်န္းမာေရးေတာင္ ဂရုမစုိက္ႏိုင္ဘဲဲနဲ႔ တျခားလူက်န္းမာေရးကို ဂရုစိုက္ေပးႏိုင္မွာမဟုတ္ပါဘူး။ ပင္းပန္းေနမယ္ဆိုရင္ အနားယူလိုက္ပါ။ အျပစ္ရွိတယ္လို႔ မခံစားပါနဲ႔။ သင့္ဘ၀အတြက္ အခ်ိန္ေပးႏို္င္ပါတယ္။ အျခားတစ္ဖက္မွေျပာမယ္ဆိုရင္ သင့္ဘ၀လည္း မဆုတ္ယုတ္၊ လူနာကိုလည္း ဂရုစိုက္ေစာင့္ေရွာက္ေပးႏိုင္မွာျဖစ္ပါတယ္။
၀က္ရူးျပန္ေရာဂါႏွင့္ ပတ္သတ္ေသာ ေရွးဦးသူနာျပဳနည္းလမ္းျဖင့္ လုပ္ေဆာင္ပါ။

၀က္ရူးျပန္ျခင္းနဲ႔ ပတ္သတ္ျပီး ဗဟုသုတမရွိရင္ေတာ့ အတက္ေရာဂါသည္တစ္ေယာက္ကို ေစာင့္ေရွာက္ေပးႏိုင္မွာမဟုတ္ပါဘူး။ သင္သိဖို႔လိုတာကေတာ့ ၀က္ရူးျပန္၏ ေရွးဦးသူနာျပဳနည္းလမ္းပါပဲ။ ပထမဦးစြာ လူနာကို ေစာင္းအိပ္ေစျပီး ထိခုိက္မႈမရွိေအာင္ ေခါင္းေအာက္သို႔ ေပ်ာ့ေသာအရာျဖင့္ ထိုးထည့္ထားပါ။ အမွန္တရားကေတာ့ တက္ေနတဲ့လူတစ္ေယာက္ဟာ သူ႔လ်ာကို မမ်ိဳခ်ျပစ္ႏိုင္ပါဘူး။ လူနာ့ပါးစပ္ထဲကို အရာ၀တၳဳေတြ အတင္းထိုးမထည့္ရပါဘူး။ ထည့္မယ္ဆိုရင္ သြားက်ိဳးျခင္း၊ သြားပဲ့ျခင္း၊ သြားဖံုးေပါက္ျခင္းနဲ႕ ေမးရိုးက်ိဳးျခင္းတို႔လိုမ်ိဳး ထိခိုက္ဒဏ္ရာေတြ ပိုျဖစ္သြားႏိုင္ပါတယ္။ ဒါ့အျပင္ ၀က္ရူးျပန္ေနတဲ့လူကို ခ်ဳပ္ထားျခင္းကလည္း မွားယြင္းတဲ့ အယူအဆတစ္ခုပါပဲ။

၀က္ရူးျပန္လူနာ၏ ေစာင့္ေရွာက္သူတစ္ေယာက္အေနနဲ႔ ဘာေတြျဖစ္ေနတယ္ဆိုတာနဲ႔ ဘာေတြလုပ္ရမယ္ဆိုတာကို သိထားဖို႔လိုအပ္ပါတယ္။ သူတို႔ေရာဂါကို ကူညီရင္ဆိုင္ေပးႏိုင္ဖို႔ အသိပညာေတြရွိထားသင့္သလို ျပင္ဆင္ထားဖို႔လည္းလိုပါတယ္။ အခက္အခဲေတြရွိမယ္ဆိုရင္ ဆရာ၀န္နဲ႔ ေတြ႔ဆံုျပီး အၾကံဥာဏ္ေကာင္းေတြ ရယူသင့္ပါတယ္။

Hello Health Group သည္ ေဆးပညာအၾကံျပဳခ်က္မ်ား၊ ေရာဂါစစ္ေဆးအတည္ျပဳခ်က္မ်ားႏွင့္ ကုသမႈမ်ားမျပဳလုပ္ေပးပါ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon

#Unicode Version# ျဖင့္ဖတ္ပါ ။

၀က်ရူးပြန်ရောဂါရှိတဲ့ လူတစ်ယောက်ကို ကူညီပံ့ပိုးပေးရတာ စိန်ခေါ်မှုတစ်ရပ်ပါပဲ။ သူတက်တာမြင်ပြီး ကြောက်လန့်သွားနိုင်သလို ဘာလုပ်လို့ဘာကိုင်ရမယ်မသိ ဖြစ်တတ်ပါတယ်။ အတက်ရောဂါရှိတဲ့လူကို စောင့်ရှောက်ဖို့ ဗဟုသုတအနည်းငယ်လိုအပ်ပါတယ်။ အောက်ပါဆောင်းပါးကတော့ သင်သိသင့်တဲ့အကြောင်းအရာတွေ ပြောပြပေးသွားမှာပါ။
ကုသမှုတွေကို အတူတူတိုင်ပင်ပြီး ရွေးချယ်ပေးပါ။

ကျန်းမာရေးစောင့်ရှောက်သူတစ်ယောက်အနေနဲ့ ဝက်ရူးပြန်ရောဂါသည်တွေကို ကူညီစောင့်ရှောက်တဲ့နေရာမှာ အဓိကပါဝင်နေပါတယ်။ သင်က လူနာ့ကျန်းမာရေးအခြေအနေကို ဆရာဝန်အား ပြောပြတဲ့လူတစ်ယောက်ပါ။ ဝက်ရူးပြန်ဆေးဝါးတွေနဲ့ ကုသမှုတွေ၏ ကောင်းကျိုး၊ဆိုးကျိုးတွေကို သိရှိနားလည်ဖို့ သင်တို့၂ယောက် အတူတကွပူးပေါင်းလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ထိုအကြောင်းအရာနဲ့ ပတ်သတ်ပြီး ရှင်းရှင်းလင်းလင်းသိသွားပြီဆိုရင်တော့ လူနာ၏ကုသမှုရွေးချယ်ခြင်းမှာ ကူညီပေးနိုင်ပါပြီ။
ဝက်ရူးပြန်ခြင်းအတွက် မှတ်တမ်းပြုလုပ်ထားပါ။

အတက်ရောဂါရှိနေတဲ့ လူတစ်ယောက်ကို စောင့်ရှောက်တော့မယ်ဆိုရင် အကြံကောင်းတစ်ခုကတော့ ဝက်ရူးပြန်ခြင်းနဲ့ ပတ်သတ်ပြီး ဖြစ်ဖြစ်သမျှကို မှတ်တမ်းတင်ထားဖို့ပါပဲ။ မှတ်တမ်းတင်ထားရမယ့် အရာတွေကတော့ တက်တဲ့အချိန်ကာလ၊ ဝက်ရူးမပြန်ခင်၊ ပြန်နေချိန်နှင့် ပြန်နေပြီး အချိန်တွေမှာ ဖြစ်သွားတဲ့ အပြုအမူတွေပဲဖြစ်ပါတယ်။ ထိုသို့မှတ်တမ်းတင်ပေးထားခြင်းက အာရုံကြောပညာရှင်တွေ ဝက်ရူးပြန်ခြင်းအစပျိုးပုံကို ဆုံးဖြတ်တဲ့နေရာမှာ အကူအညီပေးနိုင်မှာပါ။

အမှန်အတိုင်းပြောရမယ်ဆိုရင်တော့ သင်နဲ့သင့်လူနာဟာ ဝက်ရူးပြန်တာကို ခန့်မှန်းထားနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် သူ့အတွက် သင်ပြင်ဆင်ထားတယ်ဆိုတာ သိနေစေခြင်းက စိတ်သက်သာရာရစေနိုင်ပါတယ်။  ဝက်ရူးပြန်မှတ်တမ်းအကူအညီဖြင့် တက်ပုံတက်နည်း၏ ပုံသေပုံစံတစ်ခုရှိ၊မရှိကို ကြည့်ဖို့ အခွင့်အရေးလေးရနိုင်ပါတယ်။
သင့်ကိုယ်သင်ဂရုစိုက်ပါ။

ဝက်ရူးပြန်လူနာကို အကောင်းဆုံစောင့်ရှောက်မှုပေးချင်တယ်ဆိုရင်တော့ သင့်ကိုယ်သင်ဂရုစိုက်ဖို့မမေ့ပါနှင့်။ မိမိကျန်းမာရေးတောင် ဂရုမစိုက်နိုင်ဘဲနဲ့ တခြားလူကျန်းမာရေးကို ဂရုစိုက်ပေးနိုင်မှာမဟုတ်ပါဘူး။ ပင်းပန်းနေမယ်ဆိုရင် အနားယူလိုက်ပါ။ အပြစ်ရှိတယ်လို့ မခံစားပါနဲ့။ သင့်ဘဝအတွက် အချိန်ပေးနိုင်ပါတယ်။ အခြားတစ်ဖက်မှပြောမယ်ဆိုရင် သင့်ဘဝလည်း မဆုတ်ယုတ်၊ လူနာကိုလည်း ဂရုစိုက်စောင့်ရှောက်ပေးနိုင်မှာဖြစ်ပါတယ်။
ဝက်ရူးပြန်ရောဂါနှင့် ပတ်သတ်သော ရှေးဦးသူနာပြုနည်းလမ်းဖြင့် လုပ်ဆောင်ပါ။

ဝက်ရူးပြန်ခြင်းနဲ့ ပတ်သတ်ပြီး ဗဟုသုတမရှိရင်တော့ အတက်ရောဂါသည်တစ်ယောက်ကို စောင့်ရှောက်ပေးနိုင်မှာမဟုတ်ပါဘူး။ သင်သိဖို့လိုတာကတော့ ဝက်ရူးပြန်၏ ရှေးဦးသူနာပြုနည်းလမ်းပါပဲ။ ပထမဦးစွာ လူနာကို စောင်းအိပ်စေပြီး ထိခိုက်မှုမရှိအောင် ခေါင်းအောက်သို့ ပျော့သောအရာဖြင့် ထိုးထည့်ထားပါ။ အမှန်တရားကတော့ တက်နေတဲ့လူတစ်ယောက်ဟာ သူ့လျာကို မမျိုချပြစ်နိုင်ပါဘူး။ လူနာ့ပါးစပ်ထဲကို အရာဝတ္ထုတွေ အတင်းထိုးမထည့်ရပါဘူး။ ထည့်မယ်ဆိုရင် သွားကျိုးခြင်း၊ သွားပဲ့ခြင်း၊ သွားဖုံးပေါက်ခြင်းနဲ့ မေးရိုးကျိုးခြင်းတို့လိုမျိုး ထိခိုက်ဒဏ်ရာတွေ ပိုဖြစ်သွားနိုင်ပါတယ်။ ဒါ့အပြင် ဝက်ရူးပြန်နေတဲ့လူကို ချုပ်ထားခြင်းကလည်း မှားယွင်းတဲ့ အယူအဆတစ်ခုပါပဲ။

ဝက်ရူးပြန်လူနာ၏ စောင့်ရှောက်သူတစ်ယောက်အနေနဲ့ ဘာတွေဖြစ်နေတယ်ဆိုတာနဲ့ ဘာတွေလုပ်ရမယ်ဆိုတာကို သိထားဖို့လိုအပ်ပါတယ်။ သူတို့ရောဂါကို ကူညီရင်ဆိုင်ပေးနိုင်ဖို့ အသိပညာတွေရှိထားသင့်သလို ပြင်ဆင်ထားဖို့လည်းလိုပါတယ်။ အခက်အခဲတွေရှိမယ်ဆိုရင် ဆရာဝန်နဲ့ တွေ့ဆုံပြီး အကြံဉာဏ်ကောင်းတွေ ရယူသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top