အပူချိန် တက်နှုန်းတွေကို လေ့လာကြည့်ရင် ယခက်က ၁´C တက်ဖို့ ၁၀ နှစ် ကြာပါတယ်အခု ၃ နှစ် အတွင်း ၂`C တက်လာပါတယ်
Credit:xyznew
#Unicode Version# ဖြင့်ဖတ်ပါ ။
ရွှေတိဂုံ ဘုရားမြောက်ဘက်မုခ် သွေးဆေးကန်အတွင်း၌ အပူချိန်မြင့်မားမှုကြောင့်
ရွှေဝါ ငါးကြင်း၊ ငါးခူနှင့် အခြားဘေးမဲ့လွှတ်ထားသော ငါးများ စုစုပေါင်း(၈၀)ကောင်ခန့်သေဆုံးခဲ့သဖြင့် သွေးဆေးကန်တွင်
တာဝန်ရှိသူများမှ ငါးအသေများအားဆယ်ယူပြီး ည ၇ နာရီ ၁၅ မိနစ်အချိန် သွေးဆေးကန်၏အရှေ့မြောက်ထောင့်၌ မြေမြှုပ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ဒီလိုအရမ်းတွပူနေလို့ သတိထားနိုင်စေရန် သတိပေးချက် ဝေမျှပေးလိုက်ပါတယ်။
#သတိထားကြဖို့ ~~>>> 👇👇👇👇#အပူချိန်အရမ်းမြင့်တက်နေပါတယ်။
ဒီနေ့ အပူချိန်ဟာ ၄၃ ´C အထိ တက်လာပါပြီဒီအတိုင်း ဆက်တက်နေရင် ၄၅-၄၇´C အထိ ရောက်နိုင်ပါတယ်
အပူချိန် တက်နုှန်းတွေကို လေ့လာကြည့်ရင် ယခက်က ၁´C တက်ဖို့ ၁၀ နှစ် ကြာပါတယ်အခု ၃ နှစ် အတွင်း ၂`C တက်လာပါတယ်
ဒီအချိန်မှာ အစားအစာ၊ အနေအထိုင်သတိပြုကြပါ
အအေးစာတွေက အပူစုပ်နိုင်ပေမယ့်အပူရှပ်ခြင်းကို အဓိက ဖြစ်စေပါတယ်အရေးကြီးတာက နေပူထဲမှာနံက်
၁၁ နာရီမှ ညနေ ၃ နာရီအတွင်းသွားလာ လှုပ်ရှား အလုပ်လုပ်ကိုင်ခြင်း တတ်နိုင်သမျှ ရှောင်ကြဉ်ကြပါ
ချည်သား အဝတ်ထူထူတွေကအပူဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။ အပူထဲက ပြန်ရောက်လာစဉ် အဝတ်များ ချွတ်ခြင်း၊ ရေခဲရေသောက်ခြင်း၊ ရေချိုးခြင်းတို့ ရှောင်ပါ
အပူထဲက ပြန်ရောက်စဉ် ၅ မိနစ်ခန့် ပြန်လာစဉ်ကအတိုင်း နေပေးကြပါ
အဲယားကွန်းခန်းအတွင်း အဝင်အထွက် လုပ်ကိုင်သွားလာနေရသူများသတိပြုကြပါ
အပူမှ ပြန်ရောက်ချိန် အဲကွန်းခန်းအတွင်းရုတ်တရက် ဝင်ရောက်ပါကခန္ဒာကိုယ်အရေပြားမှ သွေးများ ဗဟို သွေးလှည့်အဖွဲ့ထဲ
ရောက်ရှိပြီး ရုတ်တရက် သွေးပေါင်တက်ကာလေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းတို့ဖြစ်တတ်ပါတယ်
အဲကွန်းခန်းထဲ ကြာရှည်နေရသူများအပူထဲသို ထွက်ချိန်မှာ သွေးပေါင်ထိုးကျပြီးမူးဝေတတ်ပါတယ်
ရေများများ သောက်ပါ ။ အငန်/အချိုလျော့စားကြပါ။ ချွေးထွက်လွန်သူမှ လွဲ၍ ဓာတ်ဆားရေ သောက်ခြင်း လျော့ပါ
ဟင်းကျန်ထမင်းကျန်များ စားခြင်း ရှောင်ပါ။ ဟင်းကျန်များ နွေးရာတွင် ရေဖြည့်ထည့်၍ နွေးပါ။ လက်သုပ်များ လျော့စားပါ
မိဘပြည်သူအများ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ
ဖိုးသူတော် (www.phothutaw.com)
Credit:xyznew