ေလာကၾကီးထဲမွာ ေယာက္်ားေလးျဖစ္ေစ မိန္းကေလးျဖစ္ပါေစ ကိုယ့္ခ်စ္သူက ေနာက္ကြယ္မွာ ေဖာက္ျပန္ေနတာေတြ ၊ ေျခရႈပ္ေနတာေတြကို သိရက္နဲ ့ အၾကိမ္ၾကိမ္နားလည္ခြင့္လႊတ္ေပးျပီး အတင္းလိုက္တြယ္ကပ္ေနတာေတြဟာ
ေလာကၾကီးထဲ ကိုယ္နဲ ့တူတန္တဲ့ ေယာက်္ား’ မိန္းမ ရွားေနလို ့ မ်ားထင္ေနလား ။

ေယာက်္ား / မိန္းမ ဆိုတဲ့ လူသားေတြေပါပါတယ္ … “ သစၥာတရား “ ဆိုတာ ရွားပါးလို ့ “ ေမတၱာတရား ပိုေပးမိလိုက္သူ “ ရွားလို ့ “ သံေယာဇဥ္ေတြ “ ျဖတ္ရ ခက္ေနလို ့“ အခ်စ္ “ ဆိုတာကို တန္ဖိုးထားလို ့ “ ကိုယ့္သိကၡာနဲ ့ ကိုယ္က်င့္တ ရားေတြ“ ကို ေစာင့္ထိန္းေနၾကလို ့ ။

ကိုယ့္အေပၚ မ်က္ရည္ မ်က္ခြက္နဲ ့ အသနားခံျပီး လိုက္ဆြဲေနတိုင္း …… ဒီေယာက်္ား / ဒီမိန္းမ ငါ့ကို မျပတ္နိုင္ပါဘူး ဆိုျပီး သိပ္အထင္ ၾကီးမေနၾကနဲ ့ အခ်္ိန္တန္ရင္ ကိုယ္နဲ ့တန္ရာဘဝကိုေရာက္သြားမွာဘဲ ။

သစၥာတရားကို တန္ဖိုးထားတတ္သူေတြဟာ သူတို ့ကိုယ္တိုင္အမွားကို မက်ဴလြန္ မိေအာင္ ေစာင့္ထိန္းနိုင္သလို သစၥာေဖာက္ခံရရင္ေတာင္ အၾကိမ္ၾကိမ္ သေဘာ ထားၾကီးစြာနာလည္ခြင့္လႊတ္ေပးတယ္ ။

ဘာလို ့လည္းဆိုရင္ …… ကိုယ့္ဆီမွာရွိတဲ့သစၥာတရားကို အသက္မက
တန္ဖိုးထား ခဲ့ေတာ့ အလြယ္တကူ အပ်က္စီးမခံနိုင္လို ့ဘဲ ။ ေမတၱာကိုလူတိုင္း အေပၚထားမိေပမဲ့ ပိုေပးမိတဲ့သူကို ပိုျမတ္နိုးေတာ့ အလြယ္တကူ အဆံုးရႈံးမခံ နိုင္ၾကတာလည္းပါတယ္ ။

အခ်စ္ ဆိုတဲ့စိတ္ခံစားမႈကို နွလံုးသားနဲ ့ ရင္းျပီး ထိုက္ထိုက္တန္တန္ေပးခဲ့မိသူကို ကိုယ္ဘဲရယူပိုင္ဆိုင္ခ်င္တာသဘာဝေလ ။ ကိုယ္က်င့္သိကၡာကိုေစာင့္ထိန္းသူ တိုင္း ဒီတစ္ေယာက္နဲ ့ျပတ္လိုက္ ဟိုတစ္ေယာက္နဲ ့တြဲလိုက္ဆိုတဲ့ စရိုက္မရွိသလို ဘယ္ေတာ့မွ မလုပ္ဘူး ။

ဒီတစ္ေယာက္သာ ေကာင္းေကာင္းဆိုးဆိုး လက္ခံထားၾကတယ္ ။ တခ်ိဳ ့ေျပာတာ ၾကားဖူးတယ္ “ ငါ့ေလာက္ မင့္အေပၚ ဘယ္သူမွ အနစ္နာမခံဘူး “ ဆိုတဲ့ စကားရယ္ “ မင္းအေပၚ ငါ့ေလာက္ ဘယ္သူမွ မခ်စ္နိုင္ဘူး “ ဆိုတဲ့ စကားနဲ ့ ခ်ည္ေနွာင္ခ်င္ေသးတာ ။

အေတာ္ေလး ဟာသဆန္ပါတယ္ ။ ကိုယ္ေတာင္ သူ ့ထက္သာတယ္ထင္တဲ့သူနဲ ့ေဖာက္ျပန္ေနေသးတာပဲ သူ ့မွာလည္း သူ ့အိုးနဲ ့သူ ့ဆန္တန္တဲ့သူမရွိနိုင္ဘူးတဲ့ လား ေတြးၾကည့္ပါ ။

ကိုယ္ေတာင္ သူ ့ထက္ပို ဂရုစိုက္တဲ့သူအနား ခ်ဥ္းကပ္ေနေသးတာဘဲ သူ ့မွာလည္း ကိုယ့္ထက္သာတဲ့သူ မရွိနိုင္ေတာ့ဘူးလား ေမးလိုက္ခ်င္တယ္ ။
ကိုယ့္အေပၚ သစၥာရွိရွိနဲ ့ ခ်စ္တဲ့ခ်စ္သူအေပၚ သစၥာေဖာက္သူေတြအေနနဲ ့ မိမိမေကာင္းတာေတာင္ ခခယယတြဲကပ္ေနတဲ့ ခ်စ္သူဟာ ဘဝတစ္ေလွွ်ာက္လံုး
လက္မလႊတ္သင့္တဲ့ ခ်စ္သူဆိုတာ သိေစခ်င္တယ္ ။

သစၥာမဲ့သူေတြအနနဲ ့ကိုယ့္အေပၚ ေမတၱာၾကီးမားစြာ ထားေပးတဲ့ တဖက္လူကို
ပမာမခန္ ့ မလုပ္ပါနဲ ့ အရမ္းခံရခက္ေစပါတယ္ ။ သစၥာၾကီးသူေတြကို မျဖစ္နိုင္လို ့ သစၥာေဖာက္ရင္ေဖာက္သြားပါ ရိုးသားခ်င္ေယာင္ေဆာင္ျပီး ဆက္လိမ္ညာမေနပါနဲ ့တဖက္လူအတြက္ သိသိရက္ၾကီးဆက္ဆံရတာေသမတတ္ မြန္းၾကပ္ေစပါတယ္ ။

ကိုယ့္ခ်စ္သူက အေရွ ့မွာခ်စ္တယ္ေျပာျပီး ေနာက္ကြယ္မွာ ေဖာက္ျပန္တာသိရင္
နွလံုးေတြသားေတြနာက်င္မႈမ်ိဳးဘာနဲ ့မတူေအာင္ နာက်င္ရပါတယ္ ။ သစၥာတရား ဆိုတာတခါတေလ ေငြဆိုတဲ့ အရာနဲ ့ယွဥ္လာရင္ ဒူးေထာက္လိုက္ရ တာေတြ ရွိပါသလို တခါတေလေတာ့လည္း သာယာရွာသူေတြအတြက္ လွည့္စားခံရ တာေတြရွိပါတယ္ ။

ဘယ္လိုနည္းနဲ ့ သစၥာေဖာက္မိသြားပါေစ ေလွနံနွစ္ဖက္နင္းေနတဲ့ ေျခပိုင္ရွင္မျဖစ္ပါေစနဲ ့ ။ “ ငါ့ေလာက္ မင္းအေပၚဘယ္သူေကာင္းလည္း “ ဆိုတဲ့ ပံုစံ “ နင့္နားမွာ ငါ မရွိလို ့ မျဖစ္ပါဘူး “ ဆိုတဲ့ အခ်ိဳးမ်ိဳးေတာ့သြားမလုပ္မိေစနဲ ့
သင္မရွိလည္း နွာေခါင္းေပါက္က အသက္ရႈနိုင္ေသးတယ္ေသမသြားဘူး ။

ေလာကၾကီးထဲ မျဖစ္နိုင္လို ့ လမ္းခြဲသြားၾကတဲ့သူေတြ အမ်ားအျပား အခုခ်ိန္ထိ အသက္ရွင္ ေနၾကဆဲပါ ။ လူတစ္ေယာက္ကို မခ်စ္နိုင္ေတာ့လို ့ ေရွ ့ဆက္လက္ တြဲဖို ့ မျဖစ္နိုင္ေတာ့လို ့ လမ္းခြဲမယ္ဆိုရင္ေတာင္ သိကၡာမဲ့စြာ သစၥာေဖာက္ျပီးမွ လမ္းခြဲျခင္းဟာ အယုတ္ညံ့ဆံုးျဖစ္ပါတယ္ ။

ဒါေၾကာင့္ လူ ့တန္ဖိုးကို နာလည္းစြာ လမ္းခြဲျခင္းမ်ိဳး ေရြးခ်ယ္တတ္ၾကပါေစ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:tameelay
# Unicode Version # ျဖင့္ ဖတ္ပါ #


လောကကြီးထဲမှာ ယောက်ျားလေးဖြစ်စေ မိန်းကလေးဖြစ်ပါစေ ကိုယ့်ချစ်သူက နောက်ကွယ်မှာ ဖောက်ပြန်နေတာတွေ ၊ ခြေရှုပ်နေတာတွေကို သိရက်နဲ့ အကြိမ်ကြိမ်နားလည်ခွင့်လွှတ်ပေးပြီး အတင်းလိုက်တွယ်ကပ်နေတာတွေဟာ
လောကကြီးထဲ ကိုယ်နဲ့တူတန်တဲ့ ယောကျ်ား’ မိန်းမ ရှားနေလို့ များထင်နေလား ။

ယောကျ်ား / မိန်းမ ဆိုတဲ့ လူသားတွေပေါပါတယ် … “ သစ္စာတရား “ ဆိုတာ ရှားပါးလို့ “ မေတ္တာတရား ပိုပေးမိလိုက်သူ “ ရှားလို့ “ သံယောဇဉ်တွေ “ ဖြတ်ရ ခက်နေလို့“ အချစ် “ ဆိုတာကို တန်ဖိုးထားလို့ “ ကိုယ့်သိက္ခာနဲ့ ကိုယ်ကျင့်တ ရားတွေ“ ကို စောင့်ထိန်းနေကြလို့ ။

ကိုယ့်အပေါ် မျက်ရည် မျက်ခွက်နဲ့ အသနားခံပြီး လိုက်ဆွဲနေတိုင်း …… ဒီယောကျ်ား / ဒီမိန်းမ ငါ့ကို မပြတ်နိုင်ပါဘူး ဆိုပြီး သိပ်အထင် ကြီးမနေကြနဲ့ အချိန်တန်ရင် ကိုယ်နဲ့တန်ရာဘဝကိုရောက်သွားမှာဘဲ ။

သစ္စာတရားကို တန်ဖိုးထားတတ်သူတွေဟာ သူတို့ကိုယ်တိုင်အမှားကို မကျူလွန် မိအောင် စောင့်ထိန်းနိုင်သလို သစ္စာဖောက်ခံရရင်တောင် အကြိမ်ကြိမ် သဘော ထားကြီးစွာနာလည်ခွင့်လွှတ်ပေးတယ် ။

ဘာလို့လည်းဆိုရင် …… ကိုယ့်ဆီမှာရှိတဲ့သစ္စာတရားကို အသက်မက
တန်ဖိုးထား ခဲ့တော့ အလွယ်တကူ အပျက်စီးမခံနိုင်လို့ဘဲ ။ မေတ္တာကိုလူတိုင်း အပေါ်ထားမိပေမဲ့ ပိုပေးမိတဲ့သူကို ပိုမြတ်နိုးတော့ အလွယ်တကူ အဆုံးရှုံးမခံ နိုင်ကြတာလည်းပါတယ် ။

အချစ် ဆိုတဲ့စိတ်ခံစားမှုကို နှလုံးသားနဲ့ ရင်းပြီး ထိုက်ထိုက်တန်တန်ပေးခဲ့မိသူကို ကိုယ်ဘဲရယူပိုင်ဆိုင်ချင်တာသဘာဝလေ ။ ကိုယ်ကျင့်သိက္ခာကိုစောင့်ထိန်းသူ တိုင်း ဒီတစ်ယောက်နဲ့ပြတ်လိုက် ဟိုတစ်ယောက်နဲ့တွဲလိုက်ဆိုတဲ့ စရိုက်မရှိသလို ဘယ်တော့မှ မလုပ်ဘူး ။

ဒီတစ်ယောက်သာ ကောင်းကောင်းဆိုးဆိုး လက်ခံထားကြတယ် ။ တချို့ပြောတာ ကြားဖူးတယ် “ ငါ့လောက် မင့်အပေါ် ဘယ်သူမှ အနစ်နာမခံဘူး “ ဆိုတဲ့ စကားရယ် “ မင်းအပေါ် ငါ့လောက် ဘယ်သူမှ မချစ်နိုင်ဘူး “ ဆိုတဲ့ စကားနဲ့ ချည်နှောင်ချင်သေးတာ ။

အတော်လေး ဟာသဆန်ပါတယ် ။ ကိုယ်တောင် သူ့ထက်သာတယ်ထင်တဲ့သူနဲ့ဖောက်ပြန်နေသေးတာပဲ သူ့မှာလည်း သူ့အိုးနဲ့သူ့ဆန်တန်တဲ့သူမရှိနိုင်ဘူးတဲ့ လား တွေးကြည့်ပါ ။

ကိုယ်တောင် သူ့ထက်ပို ဂရုစိုက်တဲ့သူအနား ချဉ်းကပ်နေသေးတာဘဲ သူ့မှာလည်း ကိုယ့်ထက်သာတဲ့သူ မရှိနိုင်တော့ဘူးလား မေးလိုက်ချင်တယ် ။
ကိုယ့်အပေါ် သစ္စာရှိရှိနဲ့ ချစ်တဲ့ချစ်သူအပေါ် သစ္စာဖောက်သူတွေအနေနဲ့ မိမိမကောင်းတာတောင် ခခယယတွဲကပ်နေတဲ့ ချစ်သူဟာ ဘဝတစ်လျှောက်လုံး
လက်မလွှတ်သင့်တဲ့ ချစ်သူဆိုတာ သိစေချင်တယ် ။

သစ္စာမဲ့သူတွေအနနဲ့ကိုယ့်အပေါ် မေတ္တာကြီးမားစွာ ထားပေးတဲ့ တဖက်လူကို
ပမာမခန့် မလုပ်ပါနဲ့ အရမ်းခံရခက်စေပါတယ် ။ သစ္စာကြီးသူတွေကို မဖြစ်နိုင်လို့ သစ္စာဖောက်ရင်ဖောက်သွားပါ ရိုးသားချင်ယောင်ဆောင်ပြီး ဆက်လိမ်ညာမနေပါနဲ့တဖက်လူအတွက် သိသိရက်ကြီးဆက်ဆံရတာသေမတတ် မွန်းကြပ်စေပါတယ် ။

ကိုယ့်ချစ်သူက အရှေ့မှာချစ်တယ်ပြောပြီး နောက်ကွယ်မှာ ဖောက်ပြန်တာသိရင်
နှလုံးတွေသားတွေနာကျင်မှုမျိုးဘာနဲ့မတူအောင် နာကျင်ရပါတယ် ။ သစ္စာတရား ဆိုတာတခါတလေ ငွေဆိုတဲ့ အရာနဲ့ယှဉ်လာရင် ဒူးထောက်လိုက်ရ တာတွေ ရှိပါသလို တခါတလေတော့လည်း သာယာရှာသူတွေအတွက် လှည့်စားခံရ တာတွေရှိပါတယ် ။

ဘယ်လိုနည်းနဲ့ သစ္စာဖောက်မိသွားပါစေ လှေနံနှစ်ဖက်နင်းနေတဲ့ ခြေပိုင်ရှင်မဖြစ်ပါစေနဲ့ ။ “ ငါ့လောက် မင်းအပေါ်ဘယ်သူကောင်းလည်း “ ဆိုတဲ့ ပုံစံ “ နင့်နားမှာ ငါ မရှိလို့ မဖြစ်ပါဘူး “ ဆိုတဲ့ အချိုးမျိုးတော့သွားမလုပ်မိစေနဲ့
သင်မရှိလည်း နှာခေါင်းပေါက်က အသက်ရှုနိုင်သေးတယ်သေမသွားဘူး ။

လောကကြီးထဲ မဖြစ်နိုင်လို့ လမ်းခွဲသွားကြတဲ့သူတွေ အများအပြား အခုချိန်ထိ အသက်ရှင် နေကြဆဲပါ ။ လူတစ်ယောက်ကို မချစ်နိုင်တော့လို့ ရှေ့ဆက်လက် တွဲဖို့ မဖြစ်နိုင်တော့လို့ လမ်းခွဲမယ်ဆိုရင်တောင် သိက္ခာမဲ့စွာ သစ္စာဖောက်ပြီးမှ လမ်းခွဲခြင်းဟာ အယုတ်ညံ့ဆုံးဖြစ်ပါတယ် ။

ဒါကြောင့် လူ့တန်ဖိုးကို နာလည်းစွာ လမ်းခွဲခြင်းမျိုး ရွေးချယ်တတ်ကြပါစေ ။

ဖိုးသူတော် (www.phothutaw.com)
Credit:tameelay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top