တနသၤာရီတုိင္းေဒသႀကီး ၿမိတ္ၿမိဳ႕နယ္၊ နတ္တလင္းသစ္ေတာႀကိဳး၀ိုင္းအတြင္း ဧၿပီ ၂၅ ရက္ေန႔ကေန ၂၆ ရက္ေန႔ မနက္ပိုင္းအထိ မီးေလာင္ကၽြမ္းမႈ ျဖစ္ပြားေနတယ္လို႔ မီးသတ္တပ္ဖြဲ႔က ေျပာပါတယ္။

ၿမိတ္ၿမိဳ႕နယ္၊ ေရျမစ္ႀကီးေက်းနဲ႔ ေက်ာက္ျဖဴေတာင္ေက်းရြာ နတ္တလင္းသစ္ေတာႀကိဳး၀ိုင္းမွာ ဧၿပီ ၂၅ ရက္ေန႔က ေတာမီး႐ႈိ႕တဲ့ ဥယ်ာဥ္တခုကေန မီးစတင္ေလာင္ကၽြမ္းခဲ့တာပါ။

”ညတုန္းက မီးသတ္တပ္ဖြဲ႔၊ တပ္မေတာ္၊ ရဲနဲ႔ ေဒသခံ ေတြ ေစာင့္ၾကည့္ေနၾကတယ္။ ဒီေန႔မနက္ပိုင္းအထိ ေလာင္ကၽြမ္းေနတုန္းပါ။ ေလာင္ကၽြမ္းေနတဲ့ေနရာက ႏွစ္ေနရာအထိရွိေနတယ္။ အားနည္းတဲ့အပိုင္းကို ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနရတယ္။ မီးသတ္ကားေတြက ေတာင္ေပၚအထိ မတက္ႏုိင္ၾကဘူး၊ ေဒသခံေတြက ကိုယ့္နည္း ကိုယ့္ဟန္နဲ႔ ၿငိမ္းသတ္ေနၾကရတယ္” လို႔ ကၽြဲကူး မီးသတ္တပ္ဖြဲ႔မွ ဒု-တပ္ခြဲမႉး ဦးေဆာင္းက ေျပာပါတယ္။

မီးစတင္ေလာင္ကၽြမ္းတဲ့ ေရျမစ္ႀကီးေက်းရြာဘက္ကေန ေက်ာက္ျဖဴေတာင္ေက်းရြာဘက္ကုိ မီးကူးစက္ေလာင္ကၽြမ္းလာေနၿပီး သစ္ေတာႀကိဳး၀ိုင္းအတြင္းရွိ ရာဘာစိုက္ခင္းေတြ မီးကူးစက္ခံေနရတယ္လုိ႔ နတ္တလင္းသစ္ေတာႀကိဳး၀ိုင္းတာ၀န္ခံ ေတာအုပ္ ဦးမ်ဳိးလြင္က ေျပာပါတယ္။

”နတ္တလင္းႀကိဳး၀ိုင္းအတြင္းမွာ ေလာင္ကၽြမ္းေနတာပါ။ ဒီအထဲမွာ အစိုးရနဲ႔ ႏွစ္ရွည္စာခ်ဳပ္ ငွားရမ္းထားတဲ့ ရာဘာစိုက္ခင္းေတြရွိပါတယ္။ သစ္ေတာႀကိဳး၀ိုင္းကဧက ေျခာက္ေထာင္ေက်ာ္ရွိပါတယ္။ ဧက ဘယ္ေလာက္ေလာင္ကၽြမ္းခံေနရသလဲဆိုတာ လက္ရွိမွာ မခန္႔မွန္းႏိုင္ေသးပါဘူး” လို႔ ေျပာပါတယ္။

မီးေလာင္ကၽြမ္းမႈ ျဖစ္ပြားရာေနရာေတြမွာ မီးသတ္ ကားတက္ဖုိ႔ လမ္းမရွိတာ၊ ေတာင္ကုန္းေတြေပၚ ရွိေနတာေၾကာင့္ ဒီေန႔ မနက္ ၁၁ နာရီခြဲအခ်ိန္အထိ မီးမၿငိမ္းသတ္ႏုိင္ေသးဘဲ အခက္အခဲျဖစ္ေနေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:dvb
# Unicode Version # ျဖင့္ ဖတ္ပါ #


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ နတ်တလင်းသစ်တောကြိုးဝိုင်းအတွင်း ဧပြီ ၂၅ ရက်နေ့ကနေ ၂၆ ရက်နေ့ မနက်ပိုင်းအထိ မီးလောင်ကျွမ်းမှု ဖြစ်ပွားနေတယ်လို့ မီးသတ်တပ်ဖွဲ့က ပြောပါတယ်။

မြိတ်မြို့နယ်၊ ရေမြစ်ကြီးကျေးနဲ့ ကျောက်ဖြူတောင်ကျေးရွာ နတ်တလင်းသစ်တောကြိုးဝိုင်းမှာ ဧပြီ ၂၅ ရက်နေ့က တောမီးရှို့တဲ့ ဥယျာဉ်တခုကနေ မီးစတင်လောင်ကျွမ်းခဲ့တာပါ။

”ညတုန်းက မီးသတ်တပ်ဖွဲ့၊ တပ်မတော်၊ ရဲနဲ့ ဒေသခံ တွေ စောင့်ကြည့်နေကြတယ်။ ဒီနေ့မနက်ပိုင်းအထိ လောင်ကျွမ်းနေတုန်းပါ။ လောင်ကျွမ်းနေတဲ့နေရာက နှစ်နေရာအထိရှိနေတယ်။ အားနည်းတဲ့အပိုင်းကို ထိန်းချုပ်ဖို့ ကြိုးစားနေရတယ်။ မီးသတ်ကားတွေက တောင်ပေါ်အထိ မတက်နိုင်ကြဘူး၊ ဒေသခံတွေက ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ငြိမ်းသတ်နေကြရတယ်” လို့ ကျွဲကူး မီးသတ်တပ်ဖွဲ့မှ ဒု-တပ်ခွဲမှူး ဦးဆောင်းက ပြောပါတယ်။

မီးစတင်လောင်ကျွမ်းတဲ့ ရေမြစ်ကြီးကျေးရွာဘက်ကနေ ကျောက်ဖြူတောင်ကျေးရွာဘက်ကို မီးကူးစက်လောင်ကျွမ်းလာနေပြီး သစ်တောကြိုးဝိုင်းအတွင်းရှိ ရာဘာစိုက်ခင်းတွေ မီးကူးစက်ခံနေရတယ်လို့ နတ်တလင်းသစ်တောကြိုးဝိုင်းတာဝန်ခံ တောအုပ် ဦးမျိုးလွင်က ပြောပါတယ်။

”နတ်တလင်းကြိုးဝိုင်းအတွင်းမှာ လောင်ကျွမ်းနေတာပါ။ ဒီအထဲမှာ အစိုးရနဲ့ နှစ်ရှည်စာချုပ် ငှားရမ်းထားတဲ့ ရာဘာစိုက်ခင်းတွေရှိပါတယ်။ သစ်တောကြိုးဝိုင်းကဧက ခြောက်ထောင်ကျော်ရှိပါတယ်။ ဧက ဘယ်လောက်လောင်ကျွမ်းခံနေရသလဲဆိုတာ လက်ရှိမှာ မခန့်မှန်းနိုင်သေးပါဘူး” လို့ ပြောပါတယ်။

မီးလောင်ကျွမ်းမှု ဖြစ်ပွားရာနေရာတွေမှာ မီးသတ် ကားတက်ဖို့ လမ်းမရှိတာ၊ တောင်ကုန်းတွေပေါ် ရှိနေတာကြောင့် ဒီနေ့ မနက် ၁၁ နာရီခွဲအချိန်အထိ မီးမငြိမ်းသတ်နိုင်သေးဘဲ အခက်အခဲဖြစ်နေကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top