Credit:burmese.asia
# Unicode Version # ဖြင့် ဖတ်ပါ #
ပုဒ်မသုံးခုဖြင့် တရားဆွဲဆိုခံထားရတဲ့ အစ္စဏီကို ချုပ်နှောင်ထားတာဟာ အခုဆိုရင်၁နှစ်ကျော်လာပြီဖြစ်ပြီးတော့အဆိုတော် အစ္စဏီ(ခေါ်)ဟန်ထွန်းဇော်က ဒီအမှုနဲ့ ပတ်သက်ပြီး မြန်မြန်လေးနဲ့မှန်မှန်ကန်ကန်စစ်ဆေးပေးလိုပြီးရန်ကြွေးတွေကိုလည်း သံသယာအထိ မယူသွားချင်ဘူးလို့ ပြီးခဲ့တဲ့ သောကြာနေ့က ရုံးချိန်းမှာ မီဒီယာတွေကို ပြောသွားခဲ့ပါတယ်။
အစ္စဏီရဲ့ မိခင်ဖြစ်သူက“အန်တီ့အနေနဲ့ပြောတာကတော့ရန်ဖြစ်တာက ရန်ဖြစ်တာပေါ့။ ရန်ဖြစ်တာကိုမုဒိန်းမှုလုပ်လိုက်တော့ အန်တီ့သားက ၁ နှစ်ကျော်နေပြီလေ။ ၁နှစ်ကျော်တော့လည်းအမှုစစ်ရလားဆိုတော့လည်းမစစ်ရဘူး။
မစစ်ရတဲ့အခါကျတော့ ကြန့်ကြာတယ်။ အခုတော့ အမှု ပြန်ကျပြီ အမြန်ဆုံး ပြန်ပြီး အစစ်ခံချင်တယ်ပေါ့နော်။”လို့ ပြောသွားခဲ့ပါတယ်။
ဆက်လက်ပြီးတော့အစ္စဏီကတရားရုံးထဲကအထွက်မီဒီယာတွေရဲ့မေးမြန်းမှုနဲ့ပတ်သက်ပြီး“ကျွန်တော်အရမ်းပင်ပန်းနေပါပြီ မြန်မြန်လေးမှန်မှန်ကန်ကန်နဲ့စစ်ပေးကြပါ။နှစ်သစ်မှာ လည်းပရိသတ်ကြီးအားလုံးပျော်ရွှင်ပါစေ။သြင်္ကန်တွင်းမှာကျွန်တော်ဘာမှမလုပ်ဖြစ်ပါဘူး။ပြောချင်တာကတော့ဒီအမှုကိုမြန်မြန်လေးပြီးစေချင်ပါတယ်။ရန်ကြွေးတွေကိုလည်းကျွန်တော်သံသရာအထိ မယူသွားချင်ပါဘူး အားလုံးကို ကျေးဇူးတင်ပါတယ်။”လို့ ပြောသွားခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia