ယေန႔ေခတ္၏ လူငယ္၊ လူႀကီးအမ်ားစုသည္ လူမႈကြန္ရက္ကုိ အသံုးျပဳလ်က္ရွိေနသည္။ လူမႈကြန္ရက္ကုိ အခ်ဳိ႕က အြန္လုိင္းေပၚကစာဖတ္ဖုိ႔၊ အခ်ဳိ႕က ခ်စ္သူခင္သူမ်ားႏွင့္ေတြ႕ဆံုဖုိ႔၊ အခ်ဳိ႕က အြန္လိုင္းသံုးရင္း ေစ်းေရာင္းဖုိ႔ စသည္ျဖင့္ ရည္ရြယ္ခ်က္အမ်ဳိးမ်ဳိးျဖင့္ အသံုးျပဳျဖစ္ၾကသည္။

လူမႈကြန္ရက္သည္ ဘိန္းႏွင့္တူသည္။ အခ်ိန္ၾကာလာသည္ႏွင့္အမွ် မသံုးရမေနႏုိင္ျဖစ္သြားေတာ့သည္။ အခ်ိန္ၾကာၾကာ လူမႈကြန္ရက္ကုိသံုးျခင္းျဖင့္ ကြၽန္မတုိ႔သည္ စိတ္ေရာဂါရွင္မ်ား ျဖစ္မွန္းမသိျဖစ္လာၾကသည္။ ကြၽန္မတုိ႔ ပို႔စ္တခုတင္တုိင္း စိတ္ေရာဂါျဖစ္ဖို႔ ၁ဝ ရာခုိင္ႏႈန္း နီးစပ္လာသည္ကုိေတြ႕ရသည္။ အေၾကာင္းမွာ ပုိ႔စ္တခုတင္လုိက္သည္ျဖစ္ေစ၊ အျခားသူတင္ထားေသာပို႔စ္မ်ားကုိ အလြန္အမင္း ခံစားလိုက္သည္ျဖစ္ေစ ခံစားခ်က္တခုကို အေျခခံသည့္စိတ္လႈပ္ရွားမႈသည္ ခါတိုင္းထက္ ႏွစ္ဆျမင့္တက္လာျခင္းေၾကာင့္ ျဖစ္သည္။

ကြၽန္မတို႔သည္ လူမႈကြန္ရက္ကုိ သံုးလာတာၾကာသည့္အခါ အရင္ေန႔ေတြမ်ားထက္ အလိုမက်ျခင္းဆုိေသာ စိတ္ေဝဒနာတခုကုိလည္း ပုိင္ဆိုင္လာတတ္ၾကသည္။ ကြၽန္မတုိ႔တင္လုိက္ေသာပုိ႔စ္၊ အျခားသူမ်ား တင္ထားေသာပုိ႔စ္မ်ားကုိၾကည့္ရင္း စိတ္ညစ္ျခင္း၊ ေပ်ာ္ရႊင္ျခင္းႏွင့္အတူ တခါတရံ စိတ္တုိၿပီး ရင္ဘတ္ မ်ားေအာင့္သည္အထိ ခံစားဖူးၾကပါသည္။

ထုိအခါ ကြၽန္မတို႔ဦးေႏွာက္ထဲမွ ဒုိပါမင္းဆိုေသာ စိတ္ခံစားခ်က္ဓာတ္ပစၥည္းမ်ားသည္ ႐ုတ္တရက္ ေထာင္တက္လာပါေတာ့သည္။ ယင္းဒုိပါမင္း ျမင့္တက္လာသည္ႏွင့္အမွ် ဦးေႏွာက္၏ အေရးပါေသာ လုပ္ငန္းစဥ္မ်ားျဖစ္သည့္ အိပ္စက္ျခင္း၊ မွတ္ဥာဏ္ပမာဏ၊ ဆင္ျခင္တံုတရား၊ သတိရွိမႈ၊ ကုိယ္စိတ္အမူ အရာမ်ားသည္ မူလအေျခအေနမ်ားမွ ယိမ္းယိုင္ကာ အားနည္းလာတတ္သည္။ အဆိုးဆံုးအေျခအေနျဖစ္ သည့္ စိတ္ကစဥ့္ကလ်ားျဖစ္ၿပီး တျဖည္းျဖည္း ဆုိးရြားလာေသာ စိတ္ပုိင္းဆိုင္ရာျပႆနာအထိ ခံစားရႏုိင္ သည္။

ကြၽန္မတို႔သည္ လူမႈကြန္ရက္သံုးသည္ႏွင့္တၿပိဳင္နက္ တကုိယ္တည္းသီးသန္႔ေနျခင္းကိုလည္း ႏွစ္သက္ လာတတ္သည္။ တကုိယ္တည္းသီးသန္႔ေနျခင္းၾကာသည့္အခါ စိတ္ပုိင္းဆိုင္ရာေရာဂါမ်ားျဖစ္သည့္ စိတ္ က်ျခင္း၊ စိတ္အလိုမျပည့္ျခင္း၊ မိမိကုိယ္ကုိယ္ အထင္ႀကီးျခင္းတုိ႔ ျဖစ္ေပၚလာမည္ျဖစ္သည္။ ထုိ႔ေနာက္ အြန္လုိင္းသံုးသည့္အခါ ထုိင္လ်က္အေနအထားႏွင့္ အသံုးမ်ားၾကသည့္အတြက္ ဗိုက္ပူ၊ ဗိုက္ထြက္လာမည္ ျဖစ္သည္။ မိမိတို႔ ဗိုက္ပူလာသည္ကိုၾကည့္ၿပီး ကုိယ့္ကုိယ္ကုိယ္ စိတ္အလိုမက်သည့္ေရာဂါလကၡဏာကိုလည္း ျဖစ္ေပၚခံစားရႏုိင္သည္။

လူမႈကြန္ရက္အသံုးမ်ားသည့္ အမ်ဳိးသမီးမ်ား အေနျဖင့္ စိတ္ေရာဂါမ်ား ဝင္လာသည့္အတြက္ မီးယပ္မမွန္ျခင္း၊ မီးယပ္နည္းျခင္း၊ မ်က္ႏွာတြင္ ဖုမ်ားထြက္လာျခင္း၊ အသားအေရမ်ားတြင္ အကြက္ထလာျခင္းတို႔ပါ ျဖစ္ေပၚခံစားရႏုိင္သည္။ အမ်ဳိးသားမ်ားအေနျဖင့္လည္း စိတ္ေရာဂါဝင္သည့္အတြက္ လိင္ပုိင္းဆိုင္ရာ အားနည္းခ်က္မ်ား ျဖစ္ေပၚလာၿပီး အိမ္ေထာင္ေရး အဆင္မေျပမႈမ်ား ျဖစ္ေပၚလာႏုိင္သည္။ အထက္တြင္ ေဖာ္ျပခဲ့ေသာ ဒိုပါမင္းသည္ ထြက္လာၿပီးေနာက္ေန႔ မ်ားတြင္လည္း လူမႈကြန္ရက္ကုိ မသံုးရမေနႏုိင္ျဖစ္ သြားမည္။ ဒုိပါမင္းဆုိက္ကယ္ေၾကာင့္ပဲ ကြၽန္မတို႔သည္ တေန႔ထက္တေန႔ လူမႈကြန္ရက္ကို မသံုးရမေနႏုိင္ျဖစ္ သြားကာ ဒုိပါမင္း၏ ထိန္းခ်ဳပ္ျခင္းေအာက္ကုိေရာက္ သြားေတာ့သည္။

ဒိုပါမင္းျမင့္တက္လာျခင္းအစတြင္ မိမိကုိယ္ကုိယ္ သတိျပဳမိမွာမဟုတ္ပါ။ အေၾကာင္းတခုေၾကာင့္ အိပ္မေပ်ာ္ျခင္း၊ ေၾကာက္သြားျခင္း၊ ေဒါသထြက္ျခင္း၊ အေၾကာင္းမရွိ ရန္လုိတတ္ျခင္းတုိ႔ ခံစားရလာမည္။ တေယာက္တည္းေနျခင္းကုိ ႀကိဳက္ႏွစ္သက္လာျခင္းလည္း ျဖစ္လာမည္။ တေယာက္တည္း၊ တကုိယ္တည္း သီးသန္႔ေနလုိျခင္းသည္လည္း စိတ္ေရာဂါ၏အစ ျဖစ္သည္ကုိ သတိျပဳေစလုိသည္။

လူမႈကြန္ရက္ကုိ အသုံးမ်ားလာသူအမ်ားစုသည္ စိတ္အလုိမက်ျဖစ္လာသည္ႏွင့္အမွ် လူမႈဆက္ဆံေရးလည္း အဆင္မေျပျဖစ္လာႏုိင္သည္။ မိမိကုိယ္ကုိယ္ အထင္ႀကီးျခင္းဆုိသည့္ စိတ္ေရာဂါကုိလည္း ခံစားရႏုိင္သည္။ လူမႈကြန္ရက္ အသုံးမ်ားသူတုိ႔တြင္ စိတ္ေရာဂါ အမ်ဳိးမ်ဳိးျဖစ္ပြားသည့္အထဲမွ စိတ္က်ေရာဂါကုိက ပုိ၍ အျဖစ္မ်ားသည္ကုိ ေဆးပညာရွင္မ်ား၏အဆုိအရ သိရသည္။

စိတ္က်ေရာဂါဆုိသည္မွာ ဝမ္းနည္းမႈမ်ားစြာ ခံစားေနရၿပီး ပတ္ဝန္းက်င္သုိ႔ စိတ္ဝင္စားမႈေလ်ာ့နည္းသြားေသာ ေရာဂါတခုျဖစ္သည္။ စိတ္က်ေရာဂါသည္ လူမႈကြန္ရက္သုံးစြဲသူ ၁ဝဝ တြင္ ၈ဝ နီးပါးလူမ်ားသည္ ခံစားၾကရသည္။ စိတ္က်ေရာဂါ၏လကၡဏာမ်ားမွာ အျခားသူမ်ားထက္ပုိ၍ အိပ္တတ္ျခင္း၊ အိပ္ ေပ်ာ္ရန္ခက္ခဲျခင္း၊ အစာမစားလိုျခင္းတုိ႔ျဖစ္သည္။ အစားစားျခင္း၊ အိပ္စက္ျခင္းတုိ႔ မမွန္ကန္ေတာ့သည့္ အတြက္ ျပင္းထန္ေသာစိတ္ဖိစီးမႈမ်ားကုိ ခံစားရကာ ကုိယ့္ကုိယ္ကုိယ္သတ္ေသသည္အထိ ခံစားရႏုိင္သည္။

စိတ္က်ေရာဂါသည္ ဆယ္ေက်ာ္သက္အရြယ္ႏွင့္ ၂ဝ၊ ၃ဝ ေက်ာ္မ်ားတြင္ အျဖစ္မ်ားေသာ္လည္း ယေန႔ေခတ္၏ လူမႈကြန္ရက္ေၾကာင့္ အရြယ္မေရြးျဖစ္ေပၚလာေသာ ေရာဂါတခုျဖစ္ေနသည္။ သို႔ျဖစ္ပါေသာေၾကာင့္ လူမႈကြန္ရက္သံုးစြဲသူ ကြၽန္မတို႔သည္အြန္လိုင္းတြင္ တေန႔ ၆ နာရီထက္ပို၍ အသံုးျပဳျခင္းကိုေရွာင္ ၾကဥ္သင့္သည္။ အိပ္ရာဝင္ခါနီးအခ်ိန္တြင္ သံုးစြဲျခင္းကိုျဖင့္ အထူးေရွာင္ၾကဥ္ရမည္။ အိပ္ေတာ့မည္ဆိုလွ်င္ အိပ္မည့္အခ်ိန္ႏွင့္ နာရီဝက္ျခားအိပ္စက္သင့္သည္။

အကယ္၍ မူမမွန္အသံမ်ားၾကားေနရျခင္း၊ တခုခုကုိ အလုိလုိေၾကာက္ေနျခင္း၊ တုန္လႈပ္ေနျခင္း မ်ားကုိခံစားေနရပါကလည္း နီးစပ္ရာေဆး႐ုံ၊ ေဆးခန္းမ်ားတြင္ျပသသင့္သည္ကုိ အထူးသတိျပဳေစလိုသည္။ ေဆး႐ုံ၊ ေဆးခန္းမသြားလွ်င္ေတာင္ မိမိတို႔ခင္မင္ရသည့္မိတ္ေဆြမ်ားကုိ ဖြင့္ေျပာတုိင္ပင္သင့္သည္။ တကုိယ္တည္း သီးသန္႔ေနတတ္သူျဖစ္ပါကလည္း တကုိယ္တည္းေနျခင္းကုိ ေလွ်ာ့ေပးရမည္။

လူမႈကြန္ရက္အသုံးျပဳျခင္းေၾကာင့္ စိတ္ေဝဒနာ မရေစရန္အတြက္ အြန္လုိင္းသုံးခ်ိန္ကုိခြဲျခားသတ္မွတ္ ထားရမည္။ ေလာကႀကီး၏အျဖစ္အပ်က္မ်ားကုိ နားလည္သိရွိထားကာ လူမႈကြန္ရက္မွအေၾကာင္းအရာမ်ားႏွင့္ အျပင္ကအေၾကာင္းအရာမ်ားကုိ ခြဲျခားနားလည္ႏုိင္ေစရန္ ႀကိဳးစားထားရမည္။ က်န္းမာေရးအတြက္ အာဟာရျပည့္ဝေသာအစားအစာမ်ားကုိ စားသုံးေပးရမည္။ အိပ္စက္ခ်ိန္ မွန္ကန္ေစရန္လည္း ဂ႐ုျပဳရမည္။ စိတ္တည္ၿငိမ္မႈရွိေစရန္ ပုတီးစိပ္ျခင္း၊ တရားထုိင္ျခင္းမ်ားကုိလည္း ျပဳလုပ္ရမည္။ တဦးတည္း သီးသန္႔ေနထုိင္ျခင္းမွ အမ်ားႏွင့္ေရာေႏွာကာ ေနတတ္သည့္အက်င့္ကုိလည္း ႀကိဳးစားေမြးျမဴရမည္။

ဤသုိ႔ျဖင့္ ယေန႔ေခတ္၏အသုံးမ်ားေသာလူမႈကြန္ရက္မွတဆင့္ စိတ္ပုိင္းဆုိင္ရာေရာဂါမ်ားမျဖစ္ပြား ေစရန္အတြက္ ကြၽန္မတုိ႔တခါပုိ႔စ္တင္တုိင္းဦးေႏွာက္၏ လုပ္ငန္းစဥ္မ်ားကုိဖ်က္ဆီးသည့္ ေႏွာင့္ယွက္သည့္ ဒုိပါမင္းသည္ ျမင့္ျမင့္လာသည္ကုိ သတိျပဳေစလုိသည္။ ျမင့္မားလာေသာဒိုပါမင္းေၾကာင့္ ကြၽန္မတို႔၏ ေမြးရာပါ ဦးေႏွာက္မ်ားကုိ ပ်က္စီးျခင္းမျဖစ္ေစရန္အတြက္ ေဆာင္ရန္၊ ေရွာင္ရန္မ်ားကုိတင္ျပရင္း ႐ုပ္က်န္းမာ၊ စိတ္က်န္းမာသူမ်ားျဖစ္ၾကပါေစဟု ဆုမြန္ ေျခြလုိက္ရပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မုဒိတာ(ေတာင္သာ)

#Unicode Version# ျဖင့္ဖတ္ပါ ။

ယနေ့ခေတ်၏ လူငယ်၊ လူကြီးအများစုသည် လူမှုကွန်ရက်ကို အသုံးပြုလျက်ရှိနေသည်။ လူမှုကွန်ရက်ကို အချို့က အွန်လိုင်းပေါ်ကစာဖတ်ဖို့၊ အချို့က ချစ်သူခင်သူများနှင့်တွေ့ဆုံဖို့၊ အချို့က အွန်လိုင်းသုံးရင်း ဈေးရောင်းဖို့ စသည်ဖြင့် ရည်ရွယ်ချက်အမျိုးမျိုးဖြင့် အသုံးပြုဖြစ်ကြသည်။

လူမှုကွန်ရက်သည် ဘိန်းနှင့်တူသည်။ အချိန်ကြာလာသည်နှင့်အမျှ မသုံးရမနေနိုင်ဖြစ်သွားတော့သည်။ အချိန်ကြာကြာ လူမှုကွန်ရက်ကိုသုံးခြင်းဖြင့် ကျွန်မတို့သည် စိတ်ရောဂါရှင်များ ဖြစ်မှန်းမသိဖြစ်လာကြသည်။ ကျွန်မတို့ ပို့စ်တခုတင်တိုင်း စိတ်ရောဂါဖြစ်ဖို့ ၁ဝ ရာခိုင်နှုန်း နီးစပ်လာသည်ကိုတွေ့ရသည်။ အကြောင်းမှာ ပို့စ်တခုတင်လိုက်သည်ဖြစ်စေ၊ အခြားသူတင်ထားသောပို့စ်များကို အလွန်အမင်း ခံစားလိုက်သည်ဖြစ်စေ ခံစားချက်တခုကို အခြေခံသည့်စိတ်လှုပ်ရှားမှုသည် ခါတိုင်းထက် နှစ်ဆမြင့်တက်လာခြင်းကြောင့် ဖြစ်သည်။

ကျွန်မတို့သည် လူမှုကွန်ရက်ကို သုံးလာတာကြာသည့်အခါ အရင်နေ့တွေများထက် အလိုမကျခြင်းဆိုသော စိတ်ဝေဒနာတခုကိုလည်း ပိုင်ဆိုင်လာတတ်ကြသည်။ ကျွန်မတို့တင်လိုက်သောပို့စ်၊ အခြားသူများ တင်ထားသောပို့စ်များကိုကြည့်ရင်း စိတ်ညစ်ခြင်း၊ ပျော်ရွှင်ခြင်းနှင့်အတူ တခါတရံ စိတ်တိုပြီး ရင်ဘတ် များအောင့်သည်အထိ ခံစားဖူးကြပါသည်။

ထိုအခါ ကျွန်မတို့ဦးနှောက်ထဲမှ ဒိုပါမင်းဆိုသော စိတ်ခံစားချက်ဓာတ်ပစ္စည်းများသည် ရုတ်တရက် ထောင်တက်လာပါတော့သည်။ ယင်းဒိုပါမင်း မြင့်တက်လာသည်နှင့်အမျှ ဦးနှောက်၏ အရေးပါသော လုပ်ငန်းစဉ်များဖြစ်သည့် အိပ်စက်ခြင်း၊ မှတ်ဉာဏ်ပမာဏ၊ ဆင်ခြင်တုံတရား၊ သတိရှိမှု၊ ကိုယ်စိတ်အမူ အရာများသည် မူလအခြေအနေများမှ ယိမ်းယိုင်ကာ အားနည်းလာတတ်သည်။ အဆိုးဆုံးအခြေအနေဖြစ် သည့် စိတ်ကစဉ့်ကလျားဖြစ်ပြီး တဖြည်းဖြည်း ဆိုးရွားလာသော စိတ်ပိုင်းဆိုင်ရာပြဿနာအထိ ခံစားရနိုင် သည်။

ကျွန်မတို့သည် လူမှုကွန်ရက်သုံးသည်နှင့်တပြိုင်နက် တကိုယ်တည်းသီးသန့်နေခြင်းကိုလည်း နှစ်သက် လာတတ်သည်။ တကိုယ်တည်းသီးသန့်နေခြင်းကြာသည့်အခါ စိတ်ပိုင်းဆိုင်ရာရောဂါများဖြစ်သည့် စိတ် ကျခြင်း၊ စိတ်အလိုမပြည့်ခြင်း၊ မိမိကိုယ်ကိုယ် အထင်ကြီးခြင်းတို့ ဖြစ်ပေါ်လာမည်ဖြစ်သည်။ ထို့နောက် အွန်လိုင်းသုံးသည့်အခါ ထိုင်လျက်အနေအထားနှင့် အသုံးများကြသည့်အတွက် ဗိုက်ပူ၊ ဗိုက်ထွက်လာမည် ဖြစ်သည်။ မိမိတို့ ဗိုက်ပူလာသည်ကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် စိတ်အလိုမကျသည့်ရောဂါလက္ခဏာကိုလည်း ဖြစ်ပေါ်ခံစားရနိုင်သည်။

လူမှုကွန်ရက်အသုံးများသည့် အမျိုးသမီးများ အနေဖြင့် စိတ်ရောဂါများ ဝင်လာသည့်အတွက် မီးယပ်မမှန်ခြင်း၊ မီးယပ်နည်းခြင်း၊ မျက်နှာတွင် ဖုများထွက်လာခြင်း၊ အသားအရေများတွင် အကွက်ထလာခြင်းတို့ပါ ဖြစ်ပေါ်ခံစားရနိုင်သည်။ အမျိုးသားများအနေဖြင့်လည်း စိတ်ရောဂါဝင်သည့်အတွက် လိင်ပိုင်းဆိုင်ရာ အားနည်းချက်များ ဖြစ်ပေါ်လာပြီး အိမ်ထောင်ရေး အဆင်မပြေမှုများ ဖြစ်ပေါ်လာနိုင်သည်။ အထက်တွင် ဖော်ပြခဲ့သော ဒိုပါမင်းသည် ထွက်လာပြီးနောက်နေ့ များတွင်လည်း လူမှုကွန်ရက်ကို မသုံးရမနေနိုင်ဖြစ် သွားမည်။ ဒိုပါမင်းဆိုက်ကယ်ကြောင့်ပဲ ကျွန်မတို့သည် တနေ့ထက်တနေ့ လူမှုကွန်ရက်ကို မသုံးရမနေနိုင်ဖြစ် သွားကာ ဒိုပါမင်း၏ ထိန်းချုပ်ခြင်းအောက်ကိုရောက် သွားတော့သည်။

ဒိုပါမင်းမြင့်တက်လာခြင်းအစတွင် မိမိကိုယ်ကိုယ် သတိပြုမိမှာမဟုတ်ပါ။ အကြောင်းတခုကြောင့် အိပ်မပျော်ခြင်း၊ ကြောက်သွားခြင်း၊ ဒေါသထွက်ခြင်း၊ အကြောင်းမရှိ ရန်လိုတတ်ခြင်းတို့ ခံစားရလာမည်။ တယောက်တည်းနေခြင်းကို ကြိုက်နှစ်သက်လာခြင်းလည်း ဖြစ်လာမည်။ တယောက်တည်း၊ တကိုယ်တည်း သီးသန့်နေလိုခြင်းသည်လည်း စိတ်ရောဂါ၏အစ ဖြစ်သည်ကို သတိပြုစေလိုသည်။

လူမှုကွန်ရက်ကို အသုံးများလာသူအများစုသည် စိတ်အလိုမကျဖြစ်လာသည်နှင့်အမျှ လူမှုဆက်ဆံရေးလည်း အဆင်မပြေဖြစ်လာနိုင်သည်။ မိမိကိုယ်ကိုယ် အထင်ကြီးခြင်းဆိုသည့် စိတ်ရောဂါကိုလည်း ခံစားရနိုင်သည်။ လူမှုကွန်ရက် အသုံးများသူတို့တွင် စိတ်ရောဂါ အမျိုးမျိုးဖြစ်ပွားသည့်အထဲမှ စိတ်ကျရောဂါကိုက ပို၍ အဖြစ်များသည်ကို ဆေးပညာရှင်များ၏အဆိုအရ သိရသည်။

စိတ်ကျရောဂါဆိုသည်မှာ ဝမ်းနည်းမှုများစွာ ခံစားနေရပြီး ပတ်ဝန်းကျင်သို့ စိတ်ဝင်စားမှုလျော့နည်းသွားသော ရောဂါတခုဖြစ်သည်။ စိတ်ကျရောဂါသည် လူမှုကွန်ရက်သုံးစွဲသူ ၁ဝဝ တွင် ၈ဝ နီးပါးလူများသည် ခံစားကြရသည်။ စိတ်ကျရောဂါ၏လက္ခဏာများမှာ အခြားသူများထက်ပို၍ အိပ်တတ်ခြင်း၊ အိပ် ပျော်ရန်ခက်ခဲခြင်း၊ အစာမစားလိုခြင်းတို့ဖြစ်သည်။ အစားစားခြင်း၊ အိပ်စက်ခြင်းတို့ မမှန်ကန်တော့သည့် အတွက် ပြင်းထန်သောစိတ်ဖိစီးမှုများကို ခံစားရကာ ကိုယ့်ကိုယ်ကိုယ်သတ်သေသည်အထိ ခံစားရနိုင်သည်။

စိတ်ကျရောဂါသည် ဆယ်ကျော်သက်အရွယ်နှင့် ၂ဝ၊ ၃ဝ ကျော်များတွင် အဖြစ်များသော်လည်း ယနေ့ခေတ်၏ လူမှုကွန်ရက်ကြောင့် အရွယ်မရွေးဖြစ်ပေါ်လာသော ရောဂါတခုဖြစ်နေသည်။ သို့ဖြစ်ပါသောကြောင့် လူမှုကွန်ရက်သုံးစွဲသူ ကျွန်မတို့သည်အွန်လိုင်းတွင် တနေ့ ၆ နာရီထက်ပို၍ အသုံးပြုခြင်းကိုရှောင် ကြဉ်သင့်သည်။ အိပ်ရာဝင်ခါနီးအချိန်တွင် သုံးစွဲခြင်းကိုဖြင့် အထူးရှောင်ကြဉ်ရမည်။ အိပ်တော့မည်ဆိုလျှင် အိပ်မည့်အချိန်နှင့် နာရီဝက်ခြားအိပ်စက်သင့်သည်။

အကယ်၍ မူမမှန်အသံများကြားနေရခြင်း၊ တခုခုကို အလိုလိုကြောက်နေခြင်း၊ တုန်လှုပ်နေခြင်း များကိုခံစားနေရပါကလည်း နီးစပ်ရာဆေးရုံ၊ ဆေးခန်းများတွင်ပြသသင့်သည်ကို အထူးသတိပြုစေလိုသည်။ ဆေးရုံ၊ ဆေးခန်းမသွားလျှင်တောင် မိမိတို့ခင်မင်ရသည့်မိတ်ဆွေများကို ဖွင့်ပြောတိုင်ပင်သင့်သည်။ တကိုယ်တည်း သီးသန့်နေတတ်သူဖြစ်ပါကလည်း တကိုယ်တည်းနေခြင်းကို လျှော့ပေးရမည်။

လူမှုကွန်ရက်အသုံးပြုခြင်းကြောင့် စိတ်ဝေဒနာ မရစေရန်အတွက် အွန်လိုင်းသုံးချိန်ကိုခွဲခြားသတ်မှတ် ထားရမည်။ လောကကြီး၏အဖြစ်အပျက်များကို နားလည်သိရှိထားကာ လူမှုကွန်ရက်မှအကြောင်းအရာများနှင့် အပြင်ကအကြောင်းအရာများကို ခွဲခြားနားလည်နိုင်စေရန် ကြိုးစားထားရမည်။ ကျန်းမာရေးအတွက် အာဟာရပြည့်ဝသောအစားအစာများကို စားသုံးပေးရမည်။ အိပ်စက်ချိန် မှန်ကန်စေရန်လည်း ဂရုပြုရမည်။ စိတ်တည်ငြိမ်မှုရှိစေရန် ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်းများကိုလည်း ပြုလုပ်ရမည်။ တဦးတည်း သီးသန့်နေထိုင်ခြင်းမှ အများနှင့်ရောနှောကာ နေတတ်သည့်အကျင့်ကိုလည်း ကြိုးစားမွေးမြူရမည်။

ဤသို့ဖြင့် ယနေ့ခေတ်၏အသုံးများသောလူမှုကွန်ရက်မှတဆင့် စိတ်ပိုင်းဆိုင်ရာရောဂါများမဖြစ်ပွား စေရန်အတွက် ကျွန်မတို့တခါပို့စ်တင်တိုင်းဦးနှောက်၏ လုပ်ငန်းစဉ်များကိုဖျက်ဆီးသည့် နှောင့်ယှက်သည့် ဒိုပါမင်းသည် မြင့်မြင့်လာသည်ကို သတိပြုစေလိုသည်။ မြင့်မားလာသောဒိုပါမင်းကြောင့် ကျွန်မတို့၏ မွေးရာပါ ဦးနှောက်များကို ပျက်စီးခြင်းမဖြစ်စေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များကိုတင်ပြရင်း ရုပ်ကျန်းမာ၊ စိတ်ကျန်းမာသူများဖြစ်ကြပါစေဟု ဆုမွန် ခြွေလိုက်ရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: မုဒိတာ(တောင်သာ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top