ပဲခူးတုိင္းေဒသႀကီး ပဲခူးၿမိဳ႕နယ္အတြင္း ေန႔အပူခ်ိန္မ်ားျမင့္တက္လာခဲ့ၿပီးေနာက္ပိုင္း ဧၿပီလ ၂၂ ရက္မွ ၃၀ ရက္ထိ တစ္ပတ္ေက်ာ္အတြင္း အပူလွ်ပ္ျခင္း (Heat Stroke) ေၾကာင့္ တက္ေရာက္ကုသမႈခံယူရသူ အေရအတြက္ ၁၀ ဦး အထိ႐ွိခဲ့ၿပီး ယင္းအနက္ ၄ ဦးေသဆံုးခဲ့ေၾကာင္း ပဲခူးၿမိဳ႕နယ္ျပည္သူ႔ေဆးရံုႀကီးထံမွ သိရွိရသည္။

ပဲခူးေဆးရံုႀကီးမွ တာဝန္႐ွိသူတစ္ဦးက “ေသဆံုးသူအေရအတြက္ ၄ ဦး႐ွိၿပီး ေသဆံုးသူေတြထဲမွာ တစ္ဦးက အက်ဥ္းဦးစီးဌာနက လာေရာက္ပို႔သကုသမႈခံယူတာျဖစ္ၿပီး ေဆး႐ံုးေရာက္လာခ်ိန္ ေသဆံုးေနပါၿပီ။ သံုးဦးက ေဆးရံုမွာ ေသဆံုးတာျဖစ္ၿပီး က်န္တဲ့လူေတြကို ဆက္လက္ျပဳစုကုသေပးေနပါတယ္”ဟု ေျပာၾကားသည္။

ပဲခူးေဆးရံုႀကီးတြင္ Heat Stroke ေရာဂါျဖင့္ တက္ေရာက္ကုသမႈခံယူေနရသူမ်ားကို ေလေအးေပးစက္ တပ္ဆင္ထားသည့္ သီးျခားအခန္းတစ္ခုတြင္ ကုသမႈေပးေနၿပီး က်န္းမာေရဦးစီးဌာနကလည္း အဆုိပါေရာဂါႏွင့္ပတ္သက္ၿပီး သင္ၾကားပို႔ခ်မႈမ်ား ျပဳလုပ္ထားေၾကာင္း ယင္းေဆး႐ံုႀကီးထံမွ သိ႐ွိရသည္။

ပဲခူးတိုင္းေဒသႀကီး၊ က်န္းမာေရးဦးစီးဌာနမွလည္း ေဒသတြင္း ၿမိဳ႕နယ္မ်ားအလိုက္ လတ္တေလာ ျဖစ္ေပၚခံစားေနရေသာ အပူဒဏ္အႏၲရာယ္ႏွင့္ ပတ္သက္ၿပီး ႀကိဳတင္ကာကြယ္ေရး အသိပညာေပးလုပ္ငန္းမ်ား တိုးျမင့္ေဆာင္ရြက္ေပးေနေၾကာင္း အဆုိပါဌာနထံမွ သိ႐ွိရသည္။ အေထြေထြေရာဂါကုသမားေတာ္ႀကီး ေဒါက္တာမုိးေအာင္ေက်ာ္ႏုိင္က “အပူေၾကာင့္ သတိလစ္ျခင္း (အရင္တုန္းက အပူလွ်ပ္ျခင္း) လို႔ ေခၚတယ္။ သူကေတာ့ ခႏၶာကိုယ္ထဲမွာ ေရဓာတ္ေတြဆုံး႐ႈံးၿပီး ထပ္ထြက္စရာေခၽြးမရွိေတာ့ ခႏၶာကိုယ္အပူခ်ိန္က ၄၀ ဒသမ ၅ ဒီဂရီစဲစီးယပ္ ထက္ေက်ာ္သြားတဲ့အခါမွာ ဦးေႏွာက္ထဲမွာ အပူေတြမ်ားၿပီး ကေယာင္ကတမ္းျဖစ္ရာကေန သတိလစ္ၿပီး အသက္ဆုံး႐ႈံးတတ္တယ္။

တစ္ခ်ိဳ႕က်ေတာ့လည္း ပူတဲ့အတြက္ ေရစိမ္တယ္။ အက်ႌခၽြတ္နဲ႔ေနတယ္။ ေခၽြးေစးေတြျပန္တယ္။ ပူလိုက္၊ ေအးလိုက္ျဖစ္တဲ့အခါက်ေတာ့လည္း အေအးမိ၊ ေခ်ာင္းဆိုး၊ လည္ေခ်ာင္းနာတာေတြလည္း ျဖစ္တာေတြ႕ရတယ္”ဟု The Voice ႏွင့္ အင္တာဗ်ဴးေျပာဆုိထားသည္။

ေတာင္ငူၿမိဳ႕နယ္ ေတာင္ငူခ႐ိုင္ ျပည္သူ႔ေဆးရံုႀကီးတြင္လည္း ဧၿပီလ ၂၇ ရက္က အပူလွ်ပ္ျခင္းေၾကာင့္ တက္ေရာက္ကုသမႈခံယူခဲ့ရသူ ႏွစ္ဦး႐ွိၿပီး တစ္ဦးေသဆံုးကာ က်န္တစ္ဦးမွာ ေဆးရံုမွဆင္းခြင့္ေပးလုိက္ၿပီျဖစ္ေၾကာင္း ေတာင္ငူခ႐ိုင္ က်န္းမာေရးဦးစီးဌာနမွ တာဝန္႐ွိသူတစ္ဦးက ေျပာၾကားသည္။

ပဲခူးတုိင္းေဒသႀကီး အေ႐ွ႕ျခမ္းၿမိဳ႕နယ္မ်ားတြင္ ေန႔အပူခ်ိန္မ်ား ဆက္လက္ျမင့္တက္ေနၿပီး ဧၿပီ ၂၅ ရက္ မြန္းလြဲပိုင္း ေန႔အပူခ်ိန္မ်ားအေနျဖင့္ ပဲခူးတြင္ ၄၂ စင္တီဂရိတ္႐ွိၿပီး ေတာင္ငူတြင္ ၆၈ ႏွစ္အတြင္း ၄၄ ဒသမ ၅ စင္တီဂရိတ္ျဖင့္ အျမင့္ဆံုးစံခ်ိန္သစ္တင္ခဲ့ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနထံမွ သိ႐ွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Voice

#Unicode Version# ျဖင့္ဖတ္ပါ ။

ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်း နေ့အပူချိန်များမြင့်တက်လာခဲ့ပြီးနောက်ပိုင်း ဧပြီလ ၂၂ ရက်မှ ၃၀ ရက်ထိ တစ်ပတ်ကျော်အတွင်း အပူလျှပ်ခြင်း (Heat Stroke) ကြောင့် တက်ရောက်ကုသမှုခံယူရသူ အရေအတွက် ၁၀ ဦး အထိရှိခဲ့ပြီး ယင်းအနက် ၄ ဦးသေဆုံးခဲ့ကြောင်း ပဲခူးမြို့နယ်ပြည်သူ့ဆေးရုံကြီးထံမှ သိရှိရသည်။

ပဲခူးဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက “သေဆုံးသူအရေအတွက် ၄ ဦးရှိပြီး သေဆုံးသူတွေထဲမှာ တစ်ဦးက အကျဉ်းဦးစီးဌာနက လာရောက်ပို့သကုသမှုခံယူတာဖြစ်ပြီး ဆေးရုံးရောက်လာချိန် သေဆုံးနေပါပြီ။ သုံးဦးက ဆေးရုံမှာ သေဆုံးတာဖြစ်ပြီး ကျန်တဲ့လူတွေကို ဆက်လက်ပြုစုကုသပေးနေပါတယ်”ဟု ပြောကြားသည်။

ပဲခူးဆေးရုံကြီးတွင် Heat Stroke ရောဂါဖြင့် တက်ရောက်ကုသမှုခံယူနေရသူများကို လေအေးပေးစက် တပ်ဆင်ထားသည့် သီးခြားအခန်းတစ်ခုတွင် ကုသမှုပေးနေပြီး ကျန်းမာရေဦးစီးဌာနကလည်း အဆိုပါရောဂါနှင့်ပတ်သက်ပြီး သင်ကြားပို့ချမှုများ ပြုလုပ်ထားကြောင်း ယင်းဆေးရုံကြီးထံမှ သိရှိရသည်။

ပဲခူးတိုင်းဒေသကြီး၊ ကျန်းမာရေးဦးစီးဌာနမှလည်း ဒေသတွင်း မြို့နယ်များအလိုက် လတ်တလော ဖြစ်ပေါ်ခံစားနေရသော အပူဒဏ်အန္တရာယ်နှင့် ပတ်သက်ပြီး ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ တိုးမြင့်ဆောင်ရွက်ပေးနေကြောင်း အဆိုပါဌာနထံမှ သိရှိရသည်။ အထွေထွေရောဂါကုသမားတော်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်က “အပူကြောင့် သတိလစ်ခြင်း (အရင်တုန်းက အပူလျှပ်ခြင်း) လို့ ခေါ်တယ်။ သူကတော့ ခန္ဓာကိုယ်ထဲမှာ ရေဓာတ်တွေဆုံးရှုံးပြီး ထပ်ထွက်စရာချွေးမရှိတော့ ခန္ဓာကိုယ်အပူချိန်က ၄၀ ဒသမ ၅ ဒီဂရီစဲစီးယပ် ထက်ကျော်သွားတဲ့အခါမှာ ဦးနှောက်ထဲမှာ အပူတွေများပြီး ကယောင်ကတမ်းဖြစ်ရာကနေ သတိလစ်ပြီး အသက်ဆုံးရှုံးတတ်တယ်။

တစ်ချို့ကျတော့လည်း ပူတဲ့အတွက် ရေစိမ်တယ်။ အင်္ကျီချွတ်နဲ့နေတယ်။ ချွေးစေးတွေပြန်တယ်။ ပူလိုက်၊ အေးလိုက်ဖြစ်တဲ့အခါကျတော့လည်း အအေးမိ၊ ချောင်းဆိုး၊ လည်ချောင်းနာတာတွေလည်း ဖြစ်တာတွေ့ရတယ်”ဟု The Voice နှင့် အင်တာဗျူးပြောဆိုထားသည်။

တောင်ငူမြို့နယ် တောင်ငူခရိုင် ပြည်သူ့ဆေးရုံကြီးတွင်လည်း ဧပြီလ ၂၇ ရက်က အပူလျှပ်ခြင်းကြောင့် တက်ရောက်ကုသမှုခံယူခဲ့ရသူ နှစ်ဦးရှိပြီး တစ်ဦးသေဆုံးကာ ကျန်တစ်ဦးမှာ ဆေးရုံမှဆင်းခွင့်ပေးလိုက်ပြီဖြစ်ကြောင်း တောင်ငူခရိုင် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး အရှေ့ခြမ်းမြို့နယ်များတွင် နေ့အပူချိန်များ ဆက်လက်မြင့်တက်နေပြီး ဧပြီ ၂၅ ရက် မွန်းလွဲပိုင်း နေ့အပူချိန်များအနေဖြင့် ပဲခူးတွင် ၄၂ စင်တီဂရိတ်ရှိပြီး တောင်ငူတွင် ၆၈ နှစ်အတွင်း ၄၄ ဒသမ ၅ စင်တီဂရိတ်ဖြင့် အမြင့်ဆုံးစံချိန်သစ်တင်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရှိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: The Voice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top