ဆီးခ်ိဳေရာဂါဆိုတာ ခႏၶာကိုယ္က အင္ဆူလင္ေတြကို မွန္မွန္ကန္ကန္အသံုးမျပဳႏုိင္ေတာ့တဲ့အခါ ဒါမွမဟုတ္ မွန္မွန္မထုတ္ေပးႏုိင္တဲ့အခါျဖစ္လာတတ္တဲ့ အေျခအေနပါ။ ဒါဟာ ေသြးေၾကာထဲမွာ ဂလူးကို႔စ္လယ္ဗယ္ျမင့္တက္လာျခင္းကို ျဖစ္ေစပါတယ္။ ဆီးခ်ိဳေဝဒနာရွင္ေတြကေတာ့ ဒီေဝဒနာေတြကို ေဆးဝါးေတြ၊ က်န္းမာေရးနဲ႔ ညီညြတ္တဲ့ စားစရာေတြနဲ႔ ေန႔စဥ္ေယာဂေလ့က်င့္ျခင္းေတြလုပ္ၿပီး ထိန္းခ်ဳပ္ႏုိင္ပါတယ္။
၁။ ေယာဂက ဆီးခ်ိဳကို ဘယ္လိုတိုက္ဖ်က္ႏုိင္တာလဲ။

ေယာဂကိုေန႔စဥ္ေလ့က်င့္ျခင္းဟာ ေသြးေၾကာထဲက ဂလူးကို႔စ္လယ္ဗယ္ကို နိမ့္က်ေစၿပီး ေသြးဖိအားကိုလည္း ေလ်ာ့နည္းေစပါတယ္။ ၿပီးေတာ့သင့္ရဲ႕ ကိုယ္အေလးခ်ိန္ကိုလည္း ထိန္းသိမ္းႏိုင္ေစပါတယ္။ ဒါ့အျပင္ ေယာဂဟာ ေရာဂါလကၡဏာေတြကိုလည္း ေလွ်ာ့ခ်ေပးႏုိင္တဲ့အျပင္ ဆီးခ်ိဳေၾကာင့္ ျဖစ္လာမယ့္ ျဖစ္စဥ္ေတြကိုလည္း ေႏွးေကြးေစၿပီး ေနာက္ဆက္တြဲျပႆနာေတြကို ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။

(က) ေယာဂနွင့္ စိတ္ဖိစီးမႈ

အျခားေသာ က်န္းမာေရးျပႆနာေတြလိုပါပဲ။ ဆီးခ်ိဳေဝဒနာဟာ စိတ္ဖိစီးမႈေတြေၾကာင့္ ပိုၿပီး ဆိုးရြားလာႏုိင္ပါတယ္။ ေသာကေတြဟာ glucagon ေဟာမုန္းေတြထုတ္လႊတ္ျခင္းကို တိုးျမွင့္ေစပါတယ္။ ဒီေဟာ္မုန္းေတြကေတာ့ ေသြးထဲက ဂလူးကို႔စ္လယ္ဗယ္အတြက္ အဓိက တာဝန္ယူထားရတဲ့ ေဟာ္မုန္းေတြပါ။

 ေယာဂက်င့္စဥ္ရဲ႕ ျပင္းအားနဲ႔ တရားထိုင္ျခင္းဟာ သင့္စိတ္နဲ႔ ကိုယ္ခႏၶာေပၚက ဖိစီးမႈေတြကို သက္သာေစပါတယ္။ ရလဒ္္အေနနဲ႔ကေတာ့ အင္ဆူလင္ထုတ္လႊတ္မႈကို ပံုမွန္ျဖစ္လာေစၿပီး glucagon ထုတ္လႊတ္မႈကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

(ခ) ေယာဂႏွင့္ ကိုယ္အေလးခ်ိန္တိုးျခင္း

ကၽြမ္းက်င္ပညာရွင္ေတြကေတာ့ ေယာဂဟာ ကိုယ္အေလးခ်ိန္ကို ထိန္းညွိႏုိင္တယ္လို႔ ဆိုၾကပါတယ္။ ဒါဟာ ဆီးခ်ိဳကို တုိက္ဖ်က္ႏိုင္မယ့္ ေသာ့ခ်က္တစ္ခုပါပဲ။ ေယာဂအေနအထားေတြ ဥပမာ Kapal Bhati pranayama သို႔မဟုတ္ Sun Salutation ေတြဟာ အဆီပိုေတြကို ေလ်ာ့က်သြားေစမယ့္ အေကာင္းဆံုးေသာ အေနအထားေတြပါပဲ။

(ဂ) ေယာဂႏွင့္ ေသြးတိုုး

သင့္မွာ နာတာရွည္ေသြးတိုးေရာဂါျဖစ္ေနတယ္ဆိုရင္ေတာ့ ဆီးခ်ိဳကလည္း ပိုဆိုးလာႏိုင္ပါတယ္။ Corpse pose, Bridge Pose, Child Pose နဲ႔ Yoga Nidra စတာေတြအားလံုးဟာ ေသြးတိုးကို ထိန္းခ်ဳပ္တဲ့ေနရာမွာ ကူညီေပးႏုိင္မယ့္ အေနအထားေတြခ်ည္းပါပဲ။

၂။ တရားထိုင္ျခင္းက ဘယ္လိုကူညီေပးသလဲ။

တရားထိုင္ျခင္းဟာလည္း စိတ္ဖိစီးမႈေတြကို ကင္းစင္သြားေစမယ့္ အံ့ၾသစရာ နည္းလမ္းတစ္ခုပါပဲ။ စိတ္ဖိစီးမႈနဲ႔ ဆီးခ်ိဳတို႔ဟာ ကင္းကြာလို႔မရတဲ့ အေနအထားတစ္ခုနဲဲ႔ ဆက္သြယ္ေနပါတယ္။ စိတ္ဖိစီးမႈေတြဟာ ဆီးခ်ိဳျဖစ္ေစတဲ့ အဓိကအေၾကာင္းရင္းတစ္ခုျဖစ္သလို အျပန္အလွန္အားျဖင့္ လည္း ဆီးခ်ိဳေရာဂါေၾကာင့္ လူနာအမ်ားစုဟာ စိတ္ေသာကမ်ားၾကရပါတယ္။

ဆီးခ်ိဳေဝဒနာသည္အမ်ားစုဟာ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈေတြ ေပ်ာက္ဆံုးသြားတတ္ၾကပါတယ္။ တရားထိုင္ျခင္းကေတာ့ သူတို႔ရဲ႕ ယံုၾကည္မႈေတြကို ျပန္လည္ရရွိလာေစၿပီး ဆီးခ်ိဳေရာဂါကို တိုက္ထုတ္ႏုိင္မယ့္ အင္အားကို ေပးစြမ္းႏုိင္ပါတယ္။

ဒါ့အျပင္ ပံုမွန္တရားထိုင္မယ္ဆိုရင္ေတာ့ အခ်ိဳစားလိုမႈကို အမ်ားႀကီးေလွ်ာ့ခ်ေပးႏိုင္ပါလိမ့္မယ္။

၃။ က်န္းမာေရးနဲ႔ညီတဲ့ စားေသာက္မႈပံုစံျဖစ္ေစဖို႔ အခ်က္မ်ား

သင့္ရဲ႕ စားေသာက္မႈပံုစံကလည္း အေရးႀကီးပါတယ္။ ဒါေၾကာင့္ သင္ဘာကိုစားေနသလဲဆိုတာ ဂရုစိုက္ဖို႔ လိုပါတယ္။ ဒီမွာေတာ့ ဆီးခ်ိဳေဝဒနာသည္ေတြအတြက္ အသံုးဝင္ႏုိင္မယ့္ အခ်က္အခ်ိဳ႕ကို ေဖာ္ျပေပးထားပါတယ္။

–       တစ္ရက္ သံုးႀကိမ္စားပါ။ တစ္ေန႔ခင္းလံုးမွာ ဗိုက္ဆာတဲ့အခ်ိန္တိုင္း သြားရည္စာ၂ခုေလာက္ကို စားေပးတာလည္း မဆိုးလွပါဘူး။

–       ျဖစ္ႏုိင္မယ္ဆိုရင္ ေန႔တုိင္း သြားရည္စာ စားမယ့္အခ်ိန္ တူေနပါေစ။

–       ထမင္းအနပ္ႀကီးေတြကို မစားဘဲမေနပါနဲ႔။

တကယ္လို႔မ်ား အျခားေသာ စိုးရိမ္စရာမ်ား ရွိခဲ့ေသးတယ္ဆိုရင္ အာဟာရပညာရွင္ဆီသြားၿပီးသင့္အတြက္ မွန္ကန္သင့္ေလ်ာ္မယ့္ စားေသာက္ပံုေတြအေၾကာင္း ေဆြးေႏြးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:hellosayarwon
# Unicode Version # ျဖင့္ ဖတ္ပါ #


ဆီးချိုရောဂါဆိုတာ ခန္ဓာကိုယ်က အင်ဆူလင်တွေကို မှန်မှန်ကန်ကန်အသုံးမပြုနိုင်တော့တဲ့အခါ ဒါမှမဟုတ် မှန်မှန်မထုတ်ပေးနိုင်တဲ့အခါဖြစ်လာတတ်တဲ့ အခြေအနေပါ။ ဒါဟာ သွေးကြောထဲမှာ ဂလူးကို့စ်လယ်ဗယ်မြင့်တက်လာခြင်းကို ဖြစ်စေပါတယ်။ ဆီးချိုဝေဒနာရှင်တွေကတော့ ဒီဝေဒနာတွေကို ဆေးဝါးတွေ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားစရာတွေနဲ့ နေ့စဉ်ယောဂလေ့ကျင့်ခြင်းတွေလုပ်ပြီး ထိန်းချုပ်နိုင်ပါတယ်။
၁။ ယောဂက ဆီးချိုကို ဘယ်လိုတိုက်ဖျက်နိုင်တာလဲ။

ယောဂကိုနေ့စဉ်လေ့ကျင့်ခြင်းဟာ သွေးကြောထဲက ဂလူးကို့စ်လယ်ဗယ်ကို နိမ့်ကျစေပြီး သွေးဖိအားကိုလည်း လျော့နည်းစေပါတယ်။ ပြီးတော့သင့်ရဲ့ ကိုယ်အလေးချိန်ကိုလည်း ထိန်းသိမ်းနိုင်စေပါတယ်။ ဒါ့အပြင် ယောဂဟာ ရောဂါလက္ခဏာတွေကိုလည်း လျှော့ချပေးနိုင်တဲ့အပြင် ဆီးချိုကြောင့် ဖြစ်လာမယ့် ဖြစ်စဉ်တွေကိုလည်း နှေးကွေးစေပြီး နောက်ဆက်တွဲပြဿနာတွေကို လျှော့ချပေးနိုင်ပါတယ်။

(က) ယောဂနှင့် စိတ်ဖိစီးမှု

အခြားသော ကျန်းမာရေးပြဿနာတွေလိုပါပဲ။ ဆီးချိုဝေဒနာဟာ စိတ်ဖိစီးမှုတွေကြောင့် ပိုပြီး ဆိုးရွားလာနိုင်ပါတယ်။ သောကတွေဟာ glucagon ဟောမုန်းတွေထုတ်လွှတ်ခြင်းကို တိုးမြှင့်စေပါတယ်။ ဒီဟော်မုန်းတွေကတော့ သွေးထဲက ဂလူးကို့စ်လယ်ဗယ်အတွက် အဓိက တာဝန်ယူထားရတဲ့ ဟော်မုန်းတွေပါ။

 ယောဂကျင့်စဉ်ရဲ့ ပြင်းအားနဲ့ တရားထိုင်ခြင်းဟာ သင့်စိတ်နဲ့ ကိုယ်ခန္ဓာပေါ်က ဖိစီးမှုတွေကို သက်သာစေပါတယ်။ ရလဒ်အနေနဲ့ကတော့ အင်ဆူလင်ထုတ်လွှတ်မှုကို ပုံမှန်ဖြစ်လာစေပြီး glucagon ထုတ်လွှတ်မှုကို လျှော့ချပေးနိုင်ပါတယ်။

(ခ) ယောဂနှင့် ကိုယ်အလေးချိန်တိုးခြင်း

ကျွမ်းကျင်ပညာရှင်တွေကတော့ ယောဂဟာ ကိုယ်အလေးချိန်ကို ထိန်းညှိနိုင်တယ်လို့ ဆိုကြပါတယ်။ ဒါဟာ ဆီးချိုကို တိုက်ဖျက်နိုင်မယ့် သော့ချက်တစ်ခုပါပဲ။ ယောဂအနေအထားတွေ ဥပမာ Kapal Bhati pranayama သို့မဟုတ် Sun Salutation တွေဟာ အဆီပိုတွေကို လျော့ကျသွားစေမယ့် အကောင်းဆုံးသော အနေအထားတွေပါပဲ။

(ဂ) ယောဂနှင့် သွေးတိုး

သင့်မှာ နာတာရှည်သွေးတိုးရောဂါဖြစ်နေတယ်ဆိုရင်တော့ ဆီးချိုကလည်း ပိုဆိုးလာနိုင်ပါတယ်။ Corpse pose, Bridge Pose, Child Pose နဲ့ Yoga Nidra စတာတွေအားလုံးဟာ သွေးတိုးကို ထိန်းချုပ်တဲ့နေရာမှာ ကူညီပေးနိုင်မယ့် အနေအထားတွေချည်းပါပဲ။

၂။ တရားထိုင်ခြင်းက ဘယ်လိုကူညီပေးသလဲ။

တရားထိုင်ခြင်းဟာလည်း စိတ်ဖိစီးမှုတွေကို ကင်းစင်သွားစေမယ့် အံ့သြစရာ နည်းလမ်းတစ်ခုပါပဲ။ စိတ်ဖိစီးမှုနဲ့ ဆီးချိုတို့ဟာ ကင်းကွာလို့မရတဲ့ အနေအထားတစ်ခုနဲ့ ဆက်သွယ်နေပါတယ်။ စိတ်ဖိစီးမှုတွေဟာ ဆီးချိုဖြစ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုဖြစ်သလို အပြန်အလှန်အားဖြင့် လည်း ဆီးချိုရောဂါကြောင့် လူနာအများစုဟာ စိတ်သောကများကြရပါတယ်။

ဆီးချိုဝေဒနာသည်အများစုဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ ပျောက်ဆုံးသွားတတ်ကြပါတယ်။ တရားထိုင်ခြင်းကတော့ သူတို့ရဲ့ ယုံကြည်မှုတွေကို ပြန်လည်ရရှိလာစေပြီး ဆီးချိုရောဂါကို တိုက်ထုတ်နိုင်မယ့် အင်အားကို ပေးစွမ်းနိုင်ပါတယ်။

ဒါ့အပြင် ပုံမှန်တရားထိုင်မယ်ဆိုရင်တော့ အချိုစားလိုမှုကို အများကြီးလျှော့ချပေးနိုင်ပါလိမ့်မယ်။

၃။ ကျန်းမာရေးနဲ့ညီတဲ့ စားသောက်မှုပုံစံဖြစ်စေဖို့ အချက်များ

သင့်ရဲ့ စားသောက်မှုပုံစံကလည်း အရေးကြီးပါတယ်။ ဒါကြောင့် သင်ဘာကိုစားနေသလဲဆိုတာ ဂရုစိုက်ဖို့ လိုပါတယ်။ ဒီမှာတော့ ဆီးချိုဝေဒနာသည်တွေအတွက် အသုံးဝင်နိုင်မယ့် အချက်အချို့ကို ဖော်ပြပေးထားပါတယ်။

–       တစ်ရက် သုံးကြိမ်စားပါ။ တစ်နေ့ခင်းလုံးမှာ ဗိုက်ဆာတဲ့အချိန်တိုင်း သွားရည်စာ၂ခုလောက်ကို စားပေးတာလည်း မဆိုးလှပါဘူး။

–       ဖြစ်နိုင်မယ်ဆိုရင် နေ့တိုင်း သွားရည်စာ စားမယ့်အချိန် တူနေပါစေ။

–       ထမင်းအနပ်ကြီးတွေကို မစားဘဲမနေပါနဲ့။

တကယ်လို့များ အခြားသော စိုးရိမ်စရာများ ရှိခဲ့သေးတယ်ဆိုရင် အာဟာရပညာရှင်ဆီသွားပြီးသင့်အတွက် မှန်ကန်သင့်လျော်မယ့် စားသောက်ပုံတွေအကြောင်း ဆွေးနွေးပါ။

ဖိုးသူတော် (www.phothutaw.com)
Credit:hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top