ဧရာ၀တီတိုင္းေဒသႀကီး၊ ေရၾကည္ၿမိဳ႕တြင္ ဧၿပီလ ၁၀ ရက္ေန႔က ပြဲ႐ံုတစ္ခုတြင္ အလုပ္လုပ္ေနသည့္ အလုပ္သမား ၂ ဦး ပဲအိတ္ မ်ားပိကာ ေသဆံုးမႈျဖစ္ပြားခဲ့ေၾကာင္း သတင္းရသည္။

ၿမိဳ႕မရပ္ကြက္၊ ပိေတာက္ေခ်ာင္ပိုင္းရိွ “သာစည္”ပဲအမ်ဳိးမ်ဳိးေရာင္း ၀ယ္ေရး ပဲ႐ံုတြင္ ည ၇ နာရီ ၃၀ အခ်ိန္၌ အလုပ္သမားမ်ားျဖစ္သည့္ ကိုဦး (၃၀) ႏွစ္ႏွင့္ မ်ဳိးသန္႔ (၁၇) ႏွစ္တို႔မွာ ပဲအိတ္မ်ားပိ၍ ေသဆံုး ခဲ့ေၾကာင္း ရဲမွတ္တမ္းမ်ားအရသိရသည္။

အဆိုပါအလုပ္သမား ၂ ဦးမွာ အျမင့္ေပ ၁၅ ေပခန္႔ရိွ ပဲအိတ္ ၅၀၀ ထပ္ထားသည့္အထဲမွာ ေအာက္ေျခရိွ ပဲအိတ္ ၁ အိတ္အား ဆြဲထုတ္၍ အျခားသူမ်ားအား ပင့္ေပးရန္ျပဳလုပ္စဥ္ ဆြဲထုတ္သည့္ ပဲအိတ္အထပ္မွ အိတ္ ၅၀ ခန္႔ၿပိဳက်လာခဲ့ျခင္းျဖစ္သည္။

ပဲအိတ္မ်ားၿပိဳက်စဥ္ အျခားအလုပ္သမားမ်ားမွာ ထြက္ေျပးလြတ္ ေျမာက္သြားခဲ့ၿပီး ကိုဦးႏွင့္ မ်ဳိးသန္႔တို႔ ၂ ဦးမွာ ပဲအိတ္မ်ားပိ၍ ေသဆံုးခဲ့သျဖင့္ ေဓမၼတာအတိုင္းေသဆံုးျခင္း ဟုတ္/မဟုတ္ သိရိွႏိုင္ရန္ ေရၾကည္ၿမိဳ႕နယ္ျပည္သူ႕ေဆး႐ံုသို႔ပိုေဆာင္၍ စစ္ေဆးမႈမ်ား ျပဳလုပ္ ေနေၾကာင္း ေရၾကည္ၿမိဳ႕မရဲစခန္းမွ သိရသည္။

အလုပ္သမား ၂ ဦးေသဆံုးမႈႏွင့္ပတ္သက္၍ ေရၾကည္ၿမိဳ႕မရဲစခန္းမွ ေသမႈေသခင္းအမွတ္စဥ္ (၁/၂၁၀၉) အမႈေရးဖြင့္စစ္ေဆး လ်က္ရိွေၾကာင္း ရဲမွတ္တမ္းမ်ားအရသိရိွရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Ayeyarwaddy_Times

#Unicode Version# ျဖင့္ဖတ္ပါ ။

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့တွင် ဧပြီလ ၁၀ ရက်နေ့က ပွဲရုံတစ်ခုတွင် အလုပ်လုပ်နေသည့် အလုပ်သမား ၂ ဦး ပဲအိတ် များပိကာ သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သတင်းရသည်။

မြို့မရပ်ကွက်၊ ပိတောက်ချောင်ပိုင်းရှိ “သာစည်”ပဲအမျိုးမျိုးရောင်း ဝယ်ရေး ပဲရုံတွင် ည ၇ နာရီ ၃၀ အချိန်၌ အလုပ်သမားများဖြစ်သည့် ကိုဦး (၃၀) နှစ်နှင့် မျိုးသန့် (၁၇) နှစ်တို့မှာ ပဲအိတ်များပိ၍ သေဆုံး ခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည်။

အဆိုပါအလုပ်သမား ၂ ဦးမှာ အမြင့်ပေ ၁၅ ပေခန့်ရှိ ပဲအိတ် ၅၀၀ ထပ်ထားသည့်အထဲမှာ အောက်ခြေရှိ ပဲအိတ် ၁ အိတ်အား ဆွဲထုတ်၍ အခြားသူများအား ပင့်ပေးရန်ပြုလုပ်စဉ် ဆွဲထုတ်သည့် ပဲအိတ်အထပ်မှ အိတ် ၅၀ ခန့်ပြိုကျလာခဲ့ခြင်းဖြစ်သည်။

ပဲအိတ်များပြိုကျစဉ် အခြားအလုပ်သမားများမှာ ထွက်ပြေးလွတ် မြောက်သွားခဲ့ပြီး ကိုဦးနှင့် မျိုးသန့်တို့ ၂ ဦးမှာ ပဲအိတ်များပိ၍ သေဆုံးခဲ့သဖြင့် ဓေမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနိုင်ရန် ရေကြည်မြို့နယ်ပြည်သူ့ဆေးရုံသို့ပိုဆောင်၍ စစ်ဆေးမှုများ ပြုလုပ် နေကြောင်း ရေကြည်မြို့မရဲစခန်းမှ သိရသည်။

အလုပ်သမား ၂ ဦးသေဆုံးမှုနှင့်ပတ်သက်၍ ရေကြည်မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ် (၁/၂၁၀၉) အမှုရေးဖွင့်စစ်ဆေး လျက်ရှိကြောင်း ရဲမှတ်တမ်းများအရသိရှိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:Ayeyarwaddy_Times
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top