ေတာင္ကုိးရီးယားႏိုင္ငံ နာမည္ေက်ာ္မင္းသားတစ္လက္ျဖစ္တဲ့ သရုပ္ေဆာင္လီမင္ဟိုဟာ ေတာင္ကုိးရီးယားႏုိင္ငံ ေယာက်ၤားေလးတိုင္းစစ္မွုမထမ္းမေနရ  ဥပေဒအရ ေမလ ၁၂ ရက္၊ ၂၀၁၇ မွာ စတင္အမွုထမ္းခဲ့ပါတယ္။ လီမင္ဟိုဟာ ၂၀၀၆ ခုႏွစ္ကားအက္ဆီးဒင့္ ျဖစ္ပြားရာက ဒူးေခါင္းဒဏ္ရာရရွိခဲ့တာေၾကာင့္ စစ္တပ္မွာအမွုမထမ္းပဲ Suseo Social Welfare Center ျပည္သူ႔အမွုထမ္းအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့ရပါတယ္။ ပရိတ္သတ္ႀကီး လြမ္းေနတဲ့ ဇာတ္လုိက္ေက်ာ္မင္းသား လီမင္ဟိုဟာ ဒီေန႔ ဧၿပီလ ၂၅ ရက္ေန႔မွာ စစ္မွုထမ္းျခင္းအမွုၿပီးဆုံးၿပီး ပရိတ္သတ္ေရွ႕ကိုျပန္လည္ေရာက္ရွိလာၿပီပဲျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ မတ္လပိုင္းတုန္းက လီမင္ဟိုကို Nosan Training Center မွာေတြ႕ခဲ့ရၿပီး အေျခခံစစ္မွုထမ္းပုံ အဆင့္ဆင့္ေလ့က်င့္ေရးဆင္းခဲ့တယ္လို႔သိရပါတယ္။ လီမင္ဟိုရဲ႕ ေအဂ်င္စီ MYM Entertainment မွ “လီမင္ဟိုဟာ စစ္မွုထမ္းၿပီးဆုံးတာကို ႀကိဳဆိုပြဲေတြ နဲ႔ တခမ္းတနားမလုပ္ပဲ လူမသိသူမသိ ေအးေအးေဆးေဆး ၿပီးသြားခ်င္တာပါ။ ဒါေပမဲ့ သတင္းမီဒီယာေတြက သူထြက္မယ့္ေန႔ကိုသိၿပီး ေရာက္လာပါတယ္ ”လို႔ေျပာထားပါတယ္။

ဧၿပီလ ၂၅ ရက္ေန႔မွာလီမင္ဟို သူအမွုထမ္းေဆာင္တဲ့ ေနရာမွ မ်က္ႏွာကို Mask အုပ္ၿပီး တိတ္တဆိတ္ထြက္ခြာခဲ့ပါတယ္။ ဒါေပမဲ့ သတင္းမီဒီယာေတြနဲ႔ ပရိတ္သတ္ေတြက လီမင္ဟို ထြက္လာမယ့္ရက္ကိုႀကိဳသိၿပီးေစာင့္ေနတဲ့အတြက္ ဓာတ္ပုံအခ်ိဳ႕ကို ရုိက္ကူးရယူႏုိင္ခဲ့ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:ပိုပိုေလး

#Unicode Version#
 တောင်ကိုးရီးယားနိုင်ငံ နာမည်ကျော်မင်းသားတစ်လက်ဖြစ်တဲ့ သရုပ်ဆောင်လီမင်ဟိုဟာ တောင်ကိုးရီးယားနိုင်ငံ ယောင်္ကျားလေးတိုင်းစစ်မှုမထမ်းမနေရ  ဥပဒေအရ မေလ ၁၂ ရက်၊ ၂၀၁၇ မှာ စတင်အမှုထမ်းခဲ့ပါတယ်။ လီမင်ဟိုဟာ ၂၀၀၆ ခုနှစ်ကားအက်ဆီးဒင့် ဖြစ်ပွားရာက ဒူးခေါင်းဒဏ်ရာရရှိခဲ့တာကြောင့် စစ်တပ်မှာအမှုမထမ်းပဲ Suseo Social Welfare Center ပြည်သူ့အမှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရပါတယ်။ ပရိတ်သတ်ကြီး လွမ်းနေတဲ့ ဇာတ်လိုက်ကျော်မင်းသား လီမင်ဟိုဟာ ဒီနေ့ ဧပြီလ ၂၅ ရက်နေ့မှာ စစ်မှုထမ်းခြင်းအမှုပြီးဆုံးပြီး ပရိတ်သတ်ရှေ့ကိုပြန်လည်ရောက်ရှိလာပြီပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လပိုင်းတုန်းက လီမင်ဟိုကို Nosan Training Center မှာတွေ့ခဲ့ရပြီး အခြေခံစစ်မှုထမ်းပုံ အဆင့်ဆင့်လေ့ကျင့်ရေးဆင်းခဲ့တယ်လို့သိရပါတယ်။ လီမင်ဟိုရဲ့ အေဂျင်စီ MYM Entertainment မှ “လီမင်ဟိုဟာ စစ်မှုထမ်းပြီးဆုံးတာကို ကြိုဆိုပွဲတွေ နဲ့ တခမ်းတနားမလုပ်ပဲ လူမသိသူမသိ အေးအေးဆေးဆေး ပြီးသွားချင်တာပါ။ ဒါပေမဲ့ သတင်းမီဒီယာတွေက သူထွက်မယ့်နေ့ကိုသိပြီး ရောက်လာပါတယ် ”လို့ပြောထားပါတယ်။

ဧပြီလ ၂၅ ရက်နေ့မှာလီမင်ဟို သူအမှုထမ်းဆောင်တဲ့ နေရာမှ မျက်နှာကို Mask အုပ်ပြီး တိတ်တဆိတ်ထွက်ခွာခဲ့ပါတယ်။ ဒါပေမဲ့ သတင်းမီဒီယာတွေနဲ့ ပရိတ်သတ်တွေက လီမင်ဟို ထွက်လာမယ့်ရက်ကိုကြိုသိပြီးစောင့်နေတဲ့အတွက် ဓာတ်ပုံအချို့ကို ရိုက်ကူးရယူနိုင်ခဲ့ပါတယ်။
ဖိုးသူတော်(www.phothutaw.com)
Credit:ပိုပိုလေး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top