တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္း စီခြၽမ္ျပည္နယ္ရဲ႕ ေဝးလံတဲ့ ေတာင္ကုန္းေတြမွာ ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္က ေတာမီးေလာင္ကြၽမ္းခဲ့တာကို သြားေရာက္ၿငိွမ္းသတ္စဥ္ မီးသတ္သမား အေယာက္ ၃၀ ေသဆုံးခဲ့ရတယ္လို႔ အာဏာပိုင္ေတြက ဧၿပီ ၁ ရက္မွာ  ေျပာပါတယ္။

ၿပီးခဲ့တဲ့ မတ္လ ၃၀ ရက္က မုလီ ေကာင္တီရွိ ပင္လယ္ျပင္မ်က္ႏွာျပင္ထက္ အျမင့္ေပ ၁၃,၀၀၀ ခန႔္ရွိ မတ္ေစာက္တဲ့ ေတာင္ကုန္းေဒသမွာ ေတာမီးေတြ ေလာင္ကြၽမ္းခဲ့တယ္လို႔ သိရပါတယ္။

ယင္း ေတာမီးေလာင္ကြၽမ္းမႈကို ျငႇိမ္းသတ္ဖို႔အတြက္ မီးသတ္သမား  ၇၀၀ နီးပါးကို အားခ်င္း တပ္ျဖန႔္ေစလႊတ္ခဲ့ရတယ္လို႔ အေရးေပၚ အေျခအေန စီမံခန႔္ခြဲမႈ ဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။

ယင္းေတာမီးကို သြားျငႇိမ္းၾကတဲ့ မီးသတ္သမားေတြအနက္ အေယာက္ ၃၀ ရဲ႕ ႐ုပ္အေလာင္းေတြကို ယခုအခါမွာ ကယ္ဆယ္ေရးသမားေတြ ေတြ႕ရွိထားၿပီျဖစ္ေၾကာင္း ယင္းဝန္ႀကီးဌာနက ထုတ္ျပန္ပါတယ္။

မတ္လ ၃၁ ရက္က ေလ လမ္းေၾကာင္း ႐ုတ္တရက္ေျပာင္းၿပီး ဧရာမ မီးလုံးႀကီးတစ္ခု ျဖစ္ေပၚခဲ့ၿပီးေနာက္ မီးသတ္သမား အေယာက္ ၃၀ နဲ႔ အဆက္အသြယ္ျပတ္ေတာက္သြားခဲ့တာျဖစ္ေၾကာင္း ထုတ္ျပန္ထားပါတယ္။

တစ္ခ်ိန္တည္းမွာလည္းပဲ ယင္း မတ္လ ၃၁ ရက္မွာပဲ ရွန္ဇီ ျပည္နယ္ေျမာက္ပိုင္းမွာလည္း အျခား ေတာမီးတစ္ခု ေလာင္ကြၽမ္းခဲ့ၿပီး ယခုအခါ ထိန္းခ်ဳပ္ထားႏိုင္ၿပီျဖစ္ေၾကာင္း တာဝန္ရွိသူေတြက ေျပာပါတယ္။ ယင္းေတာမီးေလာင္မႈမွာေတာ့ လူ ၉,၀၀၀ ေလာက္ကို ေဘးလြတ္ရာ ေျပာင္းေ႐ႊ႕ေပးခဲ့ရတယ္လို႔ ဆိုပါတယ္။

မတ္လ ၃၁  ရက္မွာပဲ ေပက်င္းၿမိဳ႕ အစြန္အဖ်ား ဧရိယာတစ္ခုမွာ ေနာက္ထပ္ ေတာမီးတစ္ခု ေလာင္ကြၽမ္းခဲ့ေသးလို႔ မီးသတ္သမား ၃,၀၀၀ နီးပါးေလာက္နဲ႔ ဝိုင္းဝန္းၿငိွမ္းသတ္ခဲ့ရတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #


တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်ရဲ့ ဝေးလံတဲ့ တောင်ကုန်းတွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က တောမီးလောင်ကျွမ်းခဲ့တာကို သွားရောက်ငြှိမ်းသတ်စဉ် မီးသတ်သမား အယောက် ၃၀ သေဆုံးခဲ့ရတယ်လို့ အာဏာပိုင်တွေက ဧပြီ ၁ ရက်မှာ  ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်က မုလီ ကောင်တီရှိ ပင်လယ်ပြင်မျက်နှာပြင်ထက် အမြင့်ပေ ၁၃,၀၀၀ ခန့်ရှိ မတ်စောက်တဲ့ တောင်ကုန်းဒေသမှာ တောမီးတွေ လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။

ယင်း တောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ဖို့အတွက် မီးသတ်သမား  ၇၀၀ နီးပါးကို အားချင်း တပ်ဖြန့်စေလွှတ်ခဲ့ရတယ်လို့ အရေးပေါ် အခြေအနေ စီမံခန့်ခွဲမှု ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ယင်းတောမီးကို သွားငြှိမ်းကြတဲ့ မီးသတ်သမားတွေအနက် အယောက် ၃၀ ရဲ့ ရုပ်အလောင်းတွေကို ယခုအခါမှာ ကယ်ဆယ်ရေးသမားတွေ တွေ့ရှိထားပြီဖြစ်ကြောင်း ယင်းဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မတ်လ ၃၁ ရက်က လေ လမ်းကြောင်း ရုတ်တရက်ပြောင်းပြီး ဧရာမ မီးလုံးကြီးတစ်ခု ဖြစ်ပေါ်ခဲ့ပြီးနောက် မီးသတ်သမား အယောက် ၃၀ နဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

တစ်ချိန်တည်းမှာလည်းပဲ ယင်း မတ်လ ၃၁ ရက်မှာပဲ ရှန်ဇီ ပြည်နယ်မြောက်ပိုင်းမှာလည်း အခြား တောမီးတစ်ခု လောင်ကျွမ်းခဲ့ပြီး ယခုအခါ ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ယင်းတောမီးလောင်မှုမှာတော့ လူ ၉,၀၀၀ လောက်ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

မတ်လ ၃၁  ရက်မှာပဲ ပေကျင်းမြို့ အစွန်အဖျား ဧရိယာတစ်ခုမှာ နောက်ထပ် တောမီးတစ်ခု လောင်ကျွမ်းခဲ့သေးလို့ မီးသတ်သမား ၃,၀၀၀ နီးပါးလောက်နဲ့ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top