ရန္ကင္း ဆီဒိုးနားဟိုတယ္အနီး Star Villa (Sunian Park) ကြန္ဒိုအေရာင္းျပပြဲ
×

 ျပည္တြင္းျမန္မာ့တပ္မေတာ္ကို ျပည္သူ၊ ျပည္သားမ်ားစြာဝင္ေရာက္ခဲ့ေပမယ့္ ရဲရင့္တဲ့ ေလသူရဲေကာင္းေတြကိုေတာ့ အနည္းက်င္းေလာက္သာ ေမြးထုတ္ေပးနိုင္ခဲ့တာပဲျဖစ္ပါတယ္။ ေရွးယခင္က ျမန္မာ့တပ္မေတာ္ကို ရဲရင့္တဲ့အမ်ိဳးသားေတြကိုသာ လက္ခံခဲ့ၿပီး အမ်ိဳးသမီး စစ္သူရဲေကာင္းေတြကိုေတာ့ မၾကာေသးမီကမွ စတင္လက္ခံခဲ့တာပဲျဖစ္ပါတယ္။

အဆိုပါ အမ်ိဳးသမီးစစ္သူရဲေကာင္းမေလးေတြထဲမွာ ျမန္မာနိုင္ငံရဲ့ ပထမဆုံး ေလ သူရဲမေလး တစ္ဦးကေတာ့ ေပၚေပါက္ခဲ့တာေတြ႕ရပါတယ္။ သူမကေတာ့ ေက်ာက္ပန္ေတာင္းၿမိဳ႕နယ္ လက္ပံပ်ားေက်းရြာသူေလးျဖစ္တဲ့ မေကသီေအာင္အမည္ရွိသူတစ္ဦးပဲျဖစ္ပါတယ္။ ျမန္မာ့တပ္မေတာ္ရဲ့ ပထမဆုံး အမ်ိဳးသမီးေလယာဥ္မွူးတစ္ဦးျဖစ္သလို စံျပပုဂၢိဳလ္တစ္ဦးလည္းျဖစ္တာေတြ႕ရပါတယ္။

ျမန္မာ့တပ္မေတာ္ရဲ့ အားကိုးအားထားရာေတြျဖစ္တဲ့ ၾကဥ္း၊ ေရ၊ ေလထဲမွ အဓိကအားကိုးရာတစ္ခုျဖစ္တဲ့ ေလသူရဲေကာင္းဘြဲ႕ကို သာမာန္သူေတြထက္အဆေပါင္းမာ်းစြာသာမွသာရရွိနိုင္တာျဖစ္ၿပီး တပ္မေတာ္သားအနည္းစုသာရွိေနတဲ့ေနရာတစ္ခုလည္းျဖစ္ပါတယ္။ ေလးစားစရာေကာင္းတဲ့ ျမန္မာ့တပ္မေတာ္ပထမဆုံးေလယာဥ္မွူး မေကသီေအာင္ရဲ့ ပုံရိပ္ေလးေတြကို ခ်စ္ပရိသတ္ေတြအတြက္ မၽွေဝေပးလိုက္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:burmese.asia

#Unicode Version# ျဖင့္ဖတ္ပါ ။

ပြည်တွင်းမြန်မာ့တပ်မတော်ကို ပြည်သူ၊ ပြည်သားများစွာဝင်ရောက်ခဲ့ပေမယ့် ရဲရင့်တဲ့ လေသူရဲကောင်းတွေကိုတော့ အနည်းကျင်းလောက်သာ မွေးထုတ်ပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ရှေးယခင်က မြန်မာ့တပ်မတော်ကို ရဲရင့်တဲ့အမျိုးသားတွေကိုသာ လက်ခံခဲ့ပြီး အမျိုးသမီး စစ်သူရဲကောင်းတွေကိုတော့ မကြာသေးမီကမှ စတင်လက်ခံခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါ အမျိုးသမီးစစ်သူရဲကောင်းမလေးတွေထဲမှာ မြန်မာနိုင်ငံရဲ့ ပထမဆုံး လေ သူရဲမလေး တစ်ဦးကတော့ ပေါ်ပေါက်ခဲ့တာတွေ့ရပါတယ်။ သူမကတော့ ကျောက်ပန်တောင်းမြို့နယ် လက်ပံပျားကျေးရွာသူလေးဖြစ်တဲ့ မကေသီအောင်အမည်ရှိသူတစ်ဦးပဲဖြစ်ပါတယ်။ မြန်မာ့တပ်မတော်ရဲ့ ပထမဆုံး အမျိုးသမီးလေယာဉ်မှူးတစ်ဦးဖြစ်သလို စံပြပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်တာတွေ့ရပါတယ်။

မြန်မာ့တပ်မတော်ရဲ့ အားကိုးအားထားရာတွေဖြစ်တဲ့ ကြဉ်း၊ ရေ၊ လေထဲမှ အဓိကအားကိုးရာတစ်ခုဖြစ်တဲ့ လေသူရဲကောင်းဘွဲ့ကို သာမာန်သူတွေထက်အဆပေါင်းမာျးစွာသာမှသာရရှိနိုင်တာဖြစ်ပြီး တပ်မတော်သားအနည်းစုသာရှိနေတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ လေးစားစရာကောင်းတဲ့ မြန်မာ့တပ်မတော်ပထမဆုံးလေယာဉ်မှူး မကေသီအောင်ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:burmese.asia
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top