ရန်ကင်း ဆီဒိုးနားဟိုတယ်အနီး Star Villa (Sunian Park) ကွန်ဒိုအရောင်းပြပွဲ
×
Credit:Can’t Wait To Say
#Unicode Version#
ဖော်ကာဟာဆိုရင် လွန်ခဲ့တဲ့နှစ်တွေအကြာကြီးကတည်းက ပရိသတ်နဲ့အပေးအယူမျှတပြီး ရင်ထဲရောက်တဲ့စာသားတွေနဲ့ ပရိသတ်ကို အပွင့်လင်းဆုံးဖျော်ဖြေတတ်တာကြောင
့် အားပေးမှုအပြည့်အဝရရှိထားတဲ့အဆိုတော်တစ်ဦးဖြစ်ပါတယ်။ ဖော်ကာက လက်ရှိအချိန်မှာချစ်ဇနီးနဲ့ သားလေးနဲ့အတူ သာယာလှပတဲ့အိမ်ထောင်လေးကိုပိုင်ဆိုင်ထားပါတယ်။
ဖော်ကာက မကြာသေးမီက သူ့ရဲ့ လူမှုကွန်ယက်မှာစိုင်းစိုင်းခမ်းလှိုင်ကိုမနာလိုဘူးလို့ရင်ဖွင့်လာပါတယ်။
ဧပြီ ၁၀ ရက်နေ့မှာ နှစ်တိုင်းစီစဉ်နေကျဖြစ်တဲ့ စိုင်းစိုင်းရဲ့ Birthday Show ဟာ ဒီနှစ်လည်း ခမ်းနားကြီးကျယ်စွာနဲ့ အောင်မြင်စွာကျင်းပပြီးဆုံးသွားခဲ့ပါတယ်။
စိုင်းစိုင်းကိုချစ်တဲ့ မိတ်ဆွေသူငယ်ချင်းတွေစိုင်းစိုင်းရဲ့အနုပညာ ညီအစ်ကိုမောင်နမတွေကလည်း Show မှာ အားဖြည့်ကူညီခဲ့ကြပြီး ပရိသတ်တွေကို အားပါးတရဖျော်ဖြေခဲ့ကြပါတယ်။
စိုင်းစိုင်းကနှစ်တိုင်း Birthday Show လုပ်ပြီး ပရိသတ်ကြီးနဲ့ရင်းနှီးချစ်ခင်စွာအချိန်တွေကုန်ဆုံးဖို့အတွက် တာဝန်ကျေခဲ့သလို
ပရိသတ်တွေကလည်း စိုင်းစိုင်း Birthday Show ကိုမပျက်မကွက်သွားရောက်ကြည့်ရှု့အားပေးဖို့တာဝန်ကျေခဲ့ပါတယ်။ ကွင်းထဲကပရိသတ်ပင်လယ်ကြီးဟာ အဆုံးမရှိတဲ့ လွင်ပြင်ကြီးလို ကြောက်ခမန်းလိလိများပြားနေခဲ့တာတွေ့ရမှာပါ။
ပရိသတ်တစ်ယောက်က စိုင်းစိုင်းရဲ့ ပွဲမှာ ပရိသတ်ပင်လယ်ကြီးက စိုင်းစိုင်းကိုအားပေးနေတဲ့ Video အတိုလေးကို စိုင်းစိုင်းဆိုသည်မှာ ဆိုတဲ့ caption လေးနဲ့ share ထားခဲ့ပါတယ်။
အဲဒီ video လေးကို ဖော်ကာက အားကျစွာ share ထားခဲ့ပြီး မနာလိုဘူးလို့လည်းရေးထားခဲ့ပါသေးတယ်။
ဖော်ကာက အံ့မခန်းပရိသတ်အင်အားတွေကိုအားကျနေသလို Stage ပြင်ဆင်မှုတွေကိုလည်းချီးကျူးထားပြီး ဒီလောက်မိုက်တာတွေလုပ်ပြနိုင်တဲ့ စိုင်းစိုင်းကိုမနာလိုဘူးလို့ ချစ်စနိုးနဲ့ပြောထားခဲ့တာပါ။
“ohhhhhh!!!! နည်းနည်းနောနောလူတွေ နည်းနည်းနောနော ပြင်ဆင်မူတွေမှ မဟုတ်တာ…ဒီလို$ရမ်းမိုက်တာကြီး လုပ်ပြနိုင်တာ ဒီဘဲကြီးကို မနာလိုလိုက်တာကွာ” လို့ရေးထားခဲ့ပါတယ်။
 ပရိသတ်တွေကတော့ comment ထဲမှာ ဖော်ကာရဲ့အနုပညာအရည်အချင်းတွေကိုလည်းချီးကျူးထားပြီး တစ်ယောက်တစ်မျိုးစီကောင်းမွန်တဲ့အနုပညာအရည်အသွေးတွေရှိကြတယ်လို့ ပြောထားကြပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဖော်ကာကိုအားပေးကြလား။ ဖော်ကာရဲ့သီချင်းအသစ်တွေထွက်လာရင်ရောအားပေးကြမှာလား။ ဖော်ကာ ကို တစ်နေ့မှာ one man show လုပ်စေချင်ကြလား။ပြောခဲ့ကြပါဦး။
ဖိုးသူတော်(www.phothutaw.com)
Credit:Can’t Wait To Say
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top