






Credit: The Voice Daily

#Unicode Version# ဖြင့်ဖတ်ပါ ။

သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီးအတွင်းရှိ ၆ ထပ် ဆေးကုသဆောင်သစ်ကို ပြီးခဲ့သည့် မတ်လတွင်ဖွင့်လှစ်ခဲ့ပြီး ယင်းအဆောင်သစ်ရှိ ဆီးနှင့် ကျောက်ကပ်ဆေးကုသဌာနတွင် ကျောက်ကပ်သွေး သန့်စင်ခြင်းကို တစ်ပတ်လျှင် လူနာ တစ်ရာကျော်ခန့်ကို ကုသမှုဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါဆေးရုံကြီးတွင် ကျောက်ကပ်သွေးသန့်စင်စက် ၂၄ လုံးရှိပြီး ရုံးဖွင့်ရက်များတွင် တစ်နေ့လျှင် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ပုံမှန်ဆောင်ရွက်ပေးနိုင်ပြီး အရေးပေါ် လူနာများအတွက် ပိတ်ရက်မရှိ ၂၄ နာရီ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ထိုဆေးရုံကြီး၏ ၆ ထပ်ဆောင် အသစ် မြေညီထပ်တွင် အစာအိမ်နှင့် အူလမ်းကြောင်း ဆေးကုသဆောင်၊ ပထမထပ်တွင် ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ခွဲစိတ်ကုသဆောင်၊ ဒုတိယထပ်တွင် ဆီးနှင့် ကျောက်ကပ် ဆေးကုသဆောင်၊ တတိယထပ်တွင် ဆေးကုသဆောင် – ၁ နှင့် ဆီးချို ရောဂါစစ်ဆေးကုသမှုစင်တာ၊ စတုတ္ထထပ်တွင် ဆေးကုသဆောင် -၂ နှင့် ပဉ္စမထပ်တွင် ရင်ခေါင်းဆေးကုသဆောင်တို့ဖြင့် ပြည်သူတို့၏ ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။

သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီးသည် လူနေထူထပ်ပြီး အချက်အချာကျသည့် နေရာတွင်တည်ရှိပြီး လူနာများ အားကိုးအားထားပြုခြင်းကြောင့် ဆေးရုံကြီးရှိ လူနာဆောင် အဆောက်အအုံများ ထပ်မံတိုးချဲ့ရန် လိုအပ်သောကြောင့် ယင်းဆေးကုသဆောင် အသစ်ကြီးကို ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ၃,၂၈၈ ကျော် အကုန်အကျခံ ဆောက်လုပ်ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနထံမှ သိရသည်။သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီးအတွင်းရှိ ၆ ထပ် ဆေးကုသဆောင်သစ်ကို ပြီးခဲ့သည့် မတ်လတွင်ဖွင့်လှစ်ခဲ့ပြီး ယင်းအဆောင်သစ်ရှိ ဆီးနှင့် ကျောက်ကပ်ဆေးကုသဌာနတွင် ကျောက်ကပ်သွေး သန့်စင်ခြင်းကို တစ်ပတ်လျှင် လူနာ တစ်ရာကျော်ခန့်ကို ကုသမှုဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါဆေးရုံကြီးတွင် ကျောက်ကပ်သွေးသန့်စင်စက် ၂၄ လုံးရှိပြီး ရုံးဖွင့်ရက်များတွင် တစ်နေ့လျှင် နံနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ပုံမှန်ဆောင်ရွက်ပေးနိုင်ပြီး အရေးပေါ် လူနာများအတွက် ပိတ်ရက်မရှိ ၂၄ နာရီ ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ထိုဆေးရုံကြီး၏ ၆ ထပ်ဆောင် အသစ် မြေညီထပ်တွင် အစာအိမ်နှင့် အူလမ်းကြောင်း ဆေးကုသဆောင်၊ ပထမထပ်တွင် ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ခွဲစိတ်ကုသဆောင်၊ ဒုတိယထပ်တွင် ဆီးနှင့် ကျောက်ကပ် ဆေးကုသဆောင်၊ တတိယထပ်တွင် ဆေးကုသဆောင် – ၁ နှင့် ဆီးချို ရောဂါစစ်ဆေးကုသမှုစင်တာ၊ စတုတ္ထထပ်တွင် ဆေးကုသဆောင် -၂ နှင့် ပဉ္စမထပ်တွင် ရင်ခေါင်းဆေးကုသဆောင်တို့ဖြင့် ပြည်သူတို့၏ ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။

သင်္ဃန်းကျွန်း ပြည်သူ့ဆေးရုံကြီးသည် လူနေထူထပ်ပြီး အချက်အချာကျသည့် နေရာတွင်တည်ရှိပြီး လူနာများ အားကိုးအားထားပြုခြင်းကြောင့် ဆေးရုံကြီးရှိ လူနာဆောင် အဆောက်အအုံများ ထပ်မံတိုးချဲ့ရန် လိုအပ်သောကြောင့် ယင်းဆေးကုသဆောင် အသစ်ကြီးကို ဘဏ္ဍာငွေ ကျပ်သန်းပေါင်း ၃,၂၈၈ ကျော် အကုန်အကျခံ ဆောက်လုပ်ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနထံမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: The Voice Daily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top