တစ္ခါတုန္းက ကၽြန္ေတာ့္ရဲ႕ခ်စ္လွစြာေသာဇနီးသည္က ကၽြန္ေတာ့္ကုိ ေမးပါတယ္။

“ ေမာင္ ကၽြန္မကို ဘာေၾကာင့္ခ်စ္ခဲ့တာလဲဟင္ ”

“ ရွင္... ကၽြန္မကို ဘာလို႔ခ်စ္တာလဲ ”

“ လွလို႔ေပါ့ ” လို႔ ကၽြန္ေတာ္ေျဖလိုက္ခ်င္တယ္။

ဒါေပမဲ့ စဥ္းစားၾကည့္ေတာ့လည္း အဲ့ဒီအေျဖ က မျပည့္စံုပါဘူး။ကၽြန္ေတာ့္ဇနီးသည္လိုမ်ိဳး ေခ်ာေမာလွပတဲ့တျခားအမ်ိဳးသမီးေတြလည္း ေလာက ႀကီးမွာ အမ်ားႀကီးမဟုတ္လား။

ဒါဆိုရင္ သူမက ကၽြန္ေတာ့္ကို ခ်စ္တာေၾကာင့္လား။ ဒါလည္း မဟုတ္ ျပန္ပါဘူး။ သူမလိုပဲ ကၽြန္ေတာ့္ကို ခ်စ္တဲ့သူေတြလည္း ရွိခဲ့တာပဲေလ။

ဒါဆိုရင္ သူမရဲ႕ဉာဏ္ရည္ထက္ ျမက္မႈ၊ ဟာသဉာဏ္ရႊင္မႈနဲ႔ အရသာရွိေအာင္ ခ်က္ျပဳတ္တတ္တဲ့အရည္အခ်င္းေတြေၾကာင့္မ်ားလား။

ဒါေပမဲ့ စားေသာက္ဆိုင္ေတြမွာခ်က္တာက သူမလက္ရာထက္ ပိုေတာင္စားလို႔ ေကာင္းေသးတယ္ မ ဟုတ္လား။

ကုန္ကုန္ေျပာရရင္ ဒီထက္ဆြဲေဆာင္မႈရွိတဲ့လူေတြ၊ ေတာ္တဲ့လူေတြမွ ကၽြန္ေတာ့္ဝန္းက်င္ မွာ အမ်ားႀကီးပါေလ။

ဒါဆို သူမမွာ ကၽြန္ေတာ္မႀကိဳက္တဲ့အဆိုးေတြမရွိလို႔လား။

အဲ့ဒါလည္း မဟုတ္ပါဘူး။

ေနာက္ဆံုးမွာ အေရးႀကီးဆံုးတစ္ခုပဲက်န္ပါတယ္။

တကယ္ေတာ့ သူမကို ကၽြန္ေတာ္ဘာေၾကာင့္ခ်စ္တာလဲဆိုရင္ သူမဟာ သူမျဖစ္ေနလို႔ပါပဲ။ ဒါ က အမွန္ကန္ဆံုးနဲ႔အျပည့္စံုဆံုးအေျဖပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:GandaWin Magazine
# Unicode Version # ျဖင့္ ဖတ္ပါ #


 တစ်ခါတုန်းက ကျွန်တော့်ရဲ့ချစ်လှစွာသောဇနီးသည်က ကျွန်တော့်ကို မေးပါတယ်။

“ မောင် ကျွန်မကို ဘာကြောင့်ချစ်ခဲ့တာလဲဟင် ”

“ ရှင်... ကျွန်မကို ဘာလို့ချစ်တာလဲ ”

“ လှလို့ပေါ့ ” လို့ ကျွန်တော်ဖြေလိုက်ချင်တယ်။

ဒါပေမဲ့ စဉ်းစားကြည့်တော့လည်း အဲ့ဒီအဖြေ က မပြည့်စုံပါဘူး။ကျွန်တော့်ဇနီးသည်လိုမျိုး ချောမောလှပတဲ့တခြားအမျိုးသမီးတွေလည်း လောက ကြီးမှာ အများကြီးမဟုတ်လား။

ဒါဆိုရင် သူမက ကျွန်တော့်ကို ချစ်တာကြောင့်လား။ ဒါလည်း မဟုတ် ပြန်ပါဘူး။ သူမလိုပဲ ကျွန်တော့်ကို ချစ်တဲ့သူတွေလည်း ရှိခဲ့တာပဲလေ။

ဒါဆိုရင် သူမရဲ့ဉာဏ်ရည်ထက် မြက်မှု၊ ဟာသဉာဏ်ရွှင်မှုနဲ့ အရသာရှိအောင် ချက်ပြုတ်တတ်တဲ့အရည်အချင်းတွေကြောင့်များလား။

ဒါပေမဲ့ စားသောက်ဆိုင်တွေမှာချက်တာက သူမလက်ရာထက် ပိုတောင်စားလို့ ကောင်းသေးတယ် မ ဟုတ်လား။

ကုန်ကုန်ပြောရရင် ဒီထက်ဆွဲဆောင်မှုရှိတဲ့လူတွေ၊ တော်တဲ့လူတွေမှ ကျွန်တော့်ဝန်းကျင် မှာ အများကြီးပါလေ။

ဒါဆို သူမမှာ ကျွန်တော်မကြိုက်တဲ့အဆိုးတွေမရှိလို့လား။

အဲ့ဒါလည်း မဟုတ်ပါဘူး။

နောက်ဆုံးမှာ အရေးကြီးဆုံးတစ်ခုပဲကျန်ပါတယ်။

တကယ်တော့ သူမကို ကျွန်တော်ဘာကြောင့်ချစ်တာလဲဆိုရင် သူမဟာ သူမဖြစ်နေလို့ပါပဲ။ ဒါ က အမှန်ကန်ဆုံးနဲ့အပြည့်စုံဆုံးအဖြေပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit:GandaWin Magazine
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top