ေဟမာေနဝင္းဟာဆိုရင္ တစ္နုိင္ငံလံုးကပရိသတ္ေတြတခဲနက္အားေပးၾကတဲ့ ဂႏၱဝင္အဆိုေတာ္တစ္ဦးျဖစ္သလို အခုထိလည္းေဟမာေနဝင္းရဲ႕သီခ်င္းအသစ္ေတြနဲ႔ေဖ်ာ္ေျဖမႈေတြကုိ ပရိသတ္ေတြက အားေပးဖို႔ေစာင့္ေမွ်ာ္ေနၾကဆဲျဖစ္ပါတယ္။ ေဟမာေနဝင္းဟာ ကုသိုလ္ေရးမွာဆိုရင္လည္းလက္မေနွးပဲ အလွဴအတန္းေတြျပဳတတ္သူပါ။ မၾကာေသးမီက ေဟမာေနဝင္းက ပဲခူးမွာ ဘုရားတည္ျပီးပူေဇာ္ဖို႔ၾကိဳးပမ္းရာမွာ အခက္အခဲေတြၾကံဳေတြ႕ေနရတယ္လို႔သိရပါတယ္။

ေဟမာေနဝင္းက ပဲခူးတိုင္းေဒသႀကီး ဇီးျပဴကုန္း ရြာမရွိ ဇမၺဴထိန္လင္းေစတီေတာ္ သာသနာ့ေျမ ၂ ဒသမ ၅၃ ဧကအတြက္ ေျမဆိုင္ရာအျငင္းပြားမႈေတြေတြ႕ၾကံဳေနရတယ္လို႔သိရပါတယ္။ ေဟမာေနဝင္းက ဘုရားေဆာက္တည္ကပူေဇာ္ခ်င္တာျဖစ္ေပမယ့္ ဘုရားရဲ႕ ေဂါပကေတြျဖစ္တဲ့ ဗုဒၶျမတ္စြယ္ေတာ္ေဂါပကအဖြဲ႕အေနနဲ႔ ေဟမာေနဝင္းကုိ ဘုရားဝတၱကေျမကုိ က်ဴးေက်ာ္လိမ္လည္ရယူတယ္လို႔ေျပာဆိုမႈေတြရွိေနပါတယ္။

ဗုဒၶျမတ္စြယ္ေတာ္ေဂါပကအဖြဲ႕က သတင္းစာရွင္းလင္းပြဲတစ္ခုလုပ္ခဲ့ျပီးအဲဒီပြဲမွာ ေဂါပကအဖြဲ႕ဆိုတာဟာ ဗုဒၶျမတ္စြယ္ေတာ္ေဂါပကအဖြဲ႕သာရွိေၾကာင္းနဲ႔ ဘုရားေျမကိုက်ဴးေက်ာ္လာမႈကုိ ျပင္းထန္စြာတံု႔ျပန္သြားမွာျဖစ္ေၾကာင္းေတြေျပာထားခဲ့ပါတယ္။ ဗုဒၶျမတ္စြယ္ေတာ္ေဂါပကအဖြဲ႕မွ တာဝန္ရွိသူက “တို္င္းေဒသၾကီးအစုိးရအဖြဲ႕က တိုက္ရိုက္ၾကည္ညိဳပူေဇာ္တဲ့ ဘုရားဝတၱကေျမကို ဒီလုိက်ဴးေက်ာ္ေစာ္ကားတာ၊ခြင့္ျပဳခ်က္မရွိပဲ သာသနာ့အလံကုိအလြဲသံုးစားလုပ္ျပီးစုိက္ထူတာေတြ၊အုပ္ခ်ဳပ္ေရးအဆင့္ဆင့္ကသြားေရာက္တားျမစ္တဲ့အခါ ဇမၺဴထိန္လင္းေဂါပကအဖြဲ႕ဘက္က ျပင္းထန္စြာတံု႔ျပန္တာေတြကုိ အေရးယူဖို႔ရွိမရွိဟာ အစိုးရအဖြဲ႕ရဲ႕တာဝန္ျဖစ္ပါတယ္။ ကြ်န္ေတာ္တို႕ကေတာ့ ဇမၺဴထိန္လင္းေဂါပကအဖြဲ႕ဟာ ၉/၉၅ မွာကတည္းက နုိင္ငံေတာ္မဟာသံဃနာယကအဖြဲ႕က ဆရာေတာ္ၾကီးေတြက အဲဒီ ဇမၺဴထိန္လင္းေဂါပကအဖြဲ႕ကုိဖ်က္သိမ္းျပီး ဗုဒၶျမတ္စြယ္ေတာ္ေဂါပကအဖြဲ႕တစ္ဖြဲ႕တည္းသာထားရွိရမယ္လို႔ ၾသဝါဒေပးျပီးသားျဖစ္ပါတယ္”လို႔ ေျပာဆိုထားပါတယ္။

ဒါ့အျပင္ ေဟမာေနဝင္းကလိမ္လည္ခဲ့တယ္လို႔လည္း “ဒါ့အျပင္ ေဒၚေဟမာေနဝင္း ဘာေၾကာင့္လိမ္လဲ။ ေဒၚေဟမာေနဝင္းက မီဒီယာမွာေျပာသြားတယ္။ တရားရံုးမွာ ရံႈးသြားတာေတြ တရားစီရင္ပုိင္ခြင့္အမိန္႔ေတြကုိတစ္ခုမွထည့္ေျပာမသြားဘူး။ ေျမကုိအဓမၼသြတ္သြင္းတယ္။ ေဂါပကက ေျမခိုးတယ္။ ဝန္ၾကီးခ်ဳပ္ကေနျပီးေတာ့ မတရားအမိန္႔ထုတ္တယ္ဆိုတာေတြက ဒါေတြအားလံုးက ျဖစ္စဥ္အမွန္ေတြမဟုတ္ပဲနဲ႔ သတင္းအမွားေတြ၊ေကာလဟလေတြကုိ မီဒီယာေတြကေနတရားဝင္လိမ္လည္သြားျခင္းျဖစ္ပါတယ္”လို႔ ေျပာသြားခဲ့ပါေသးတယ္။

ေဟမာေနဝင္းကေတာ့ ေျမေနရာအျငင္းပြားမႈနဲ႔ပတ္သက္ျပီး သက္ဆိုင္ရာကေျဖရွင္းမေပးလို႔ နုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ဆီ ဘုရားဆက္လက္တည္ခြင့္ရဖုိ႔ အသနားခံစာတင္မယ္လို႔ေျပာသြားခဲ့ပါတယ္။ ေျပာခ်င္လြန္းလို႔ပရိသတ္ၾကီးေရာ ဒီျဖစ္စဥ္မွာ ဘယ္သူ႔ဘက္ကမွန္ျပီး ဘယ္သူကမွားတယ္ထင္လဲ။ ေဟမာေနဝင္းရဲ႕ဘုရားတည္ဖို႔ိကိစၥေရာဘယ္လိုျဖစ္သြားမယ္ထင္လဲ။ေျပာခဲ့ၾကပါဦး။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Can’t Wait To Say
#Unicode Version#
ဟေမာနေဝင်းဟာဆိုရင် တစ်နိုင်ငံလုံးကပရိသတ်တွေတခဲနက်အားပေးကြတဲ့ ဂန္တဝင်အဆိုတော်တစ်ဦးဖြစ်သလို အခုထိလည်းဟေမာနေဝင်းရဲ့သီချင်းအသစ်တွေနဲ့ဖျော်ဖြေမှုတွေကို ပရိသတ်တွေက အားပေးဖို့စောင့်မျှော်နေကြဆဲဖြစ်ပါတယ်။ ဟေမာနေဝင်းဟာ ကုသိုလ်ရေးမှာဆိုရင်လည်းလက်မနှေးပဲ အလှူအတန်းတွေပြုတတ်သူပါ။ မကြာသေးမီက ဟေမာနေဝင်းက ပဲခူးမှာ ဘုရားတည်ပြီးပူဇော်ဖို့ကြိုးပမ်းရာမှာ အခက်အခဲတွေကြုံတွေ့နေရတယ်လို့သိရပါတယ်။

ဟေမာနေဝင်းက ပဲခူးတိုင်းဒေသကြီး ဇီးပြူကုန်း ရွာမရှိ ဇမ္ဗူထိန်လင်းစေတီတော် သာသနာ့မြေ ၂ ဒသမ ၅၃ ဧကအတွက် မြေဆိုင်ရာအငြင်းပွားမှုတွေတွေ့ကြုံနေရတယ်လို့သိရပါတယ်။ ဟေမာနေဝင်းက ဘုရားဆောက်တည်ကပူဇော်ချင်တာဖြစ်ပေမယ့် ဘုရားရဲ့ ဂေါပကတွေဖြစ်တဲ့ ဗုဒ္ဓမြတ်စွယ်တော်ဂေါပကအဖွဲ့အနေနဲ့ ဟေမာနေဝင်းကို ဘုရားဝတ္တကမြေကို ကျူးကျော်လိမ်လည်ရယူတယ်လို့ပြောဆိုမှုတွေရှိနေပါတယ်။

ဗုဒ္ဓမြတ်စွယ်တော်ဂေါပကအဖွဲ့က သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ခဲ့ပြီးအဲဒီပွဲမှာ ဂေါပကအဖွဲ့ဆိုတာဟာ ဗုဒ္ဓမြတ်စွယ်တော်ဂေါပကအဖွဲ့သာရှိကြောင်းနဲ့ ဘုရားမြေကိုကျူးကျော်လာမှုကို ပြင်းထန်စွာတုံ့ပြန်သွားမှာဖြစ်ကြောင်းတွေပြောထားခဲ့ပါတယ်။ ဗုဒ္ဓမြတ်စွယ်တော်ဂေါပကအဖွဲ့မှ တာဝန်ရှိသူက “တိုင်းဒေသကြီးအစိုးရအဖွဲ့က တိုက်ရိုက်ကြည်ညိုပူဇော်တဲ့ ဘုရားဝတ္တကမြေကို ဒီလိုကျူးကျော်စော်ကားတာ၊ခွင့်ပြုချက်မရှိပဲ သာသနာ့အလံကိုအလွဲသုံးစားလုပ်ပြီးစိုက်ထူတာတွေ၊အုပ်ချုပ်ရေးအဆင့်ဆင့်ကသွားရောက်တားမြစ်တဲ့အခါ ဇမ္ဗူထိန်လင်းဂေါပကအဖွဲ့ဘက်က ပြင်းထန်စွာတုံ့ပြန်တာတွေကို အရေးယူဖို့ရှိမရှိဟာ အစိုးရအဖွဲ့ရဲ့တာဝန်ဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ဇမ္ဗူထိန်လင်းဂေါပကအဖွဲ့ဟာ ၉/၉၅ မှာကတည်းက နိုင်ငံတော်မဟာသံဃနာယကအဖွဲ့က ဆရာတော်ကြီးတွေက အဲဒီ ဇမ္ဗူထိန်လင်းဂေါပကအဖွဲ့ကိုဖျက်သိမ်းပြီး ဗုဒ္ဓမြတ်စွယ်တော်ဂေါပကအဖွဲ့တစ်ဖွဲ့တည်းသာထားရှိရမယ်လို့ သြဝါဒပေးပြီးသားဖြစ်ပါတယ်”လို့ ပြောဆိုထားပါတယ်။

ဒါ့အပြင် ဟေမာနေဝင်းကလိမ်လည်ခဲ့တယ်လို့လည်း “ဒါ့အပြင် ဒေါ်ဟေမာနေဝင်း ဘာကြောင့်လိမ်လဲ။ ဒေါ်ဟေမာနေဝင်းက မီဒီယာမှာပြောသွားတယ်။ တရားရုံးမှာ ရှုံးသွားတာတွေ တရားစီရင်ပိုင်ခွင့်အမိန့်တွေကိုတစ်ခုမှထည့်ပြောမသွားဘူး။ မြေကိုအဓမ္မသွတ်သွင်းတယ်။ ဂေါပကက မြေခိုးတယ်။ ဝန်ကြီးချုပ်ကနေပြီးတော့ မတရားအမိန့်ထုတ်တယ်ဆိုတာတွေက ဒါတွေအားလုံးက ဖြစ်စဉ်အမှန်တွေမဟုတ်ပဲနဲ့ သတင်းအမှားတွေ၊ကောလဟလတွေကို မီဒီယာတွေကနေတရားဝင်လိမ်လည်သွားခြင်းဖြစ်ပါတယ်”လို့ ပြောသွားခဲ့ပါသေးတယ်။

ဟေမာနေဝင်းကတော့ မြေနေရာအငြင်းပွားမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာကဖြေရှင်းမပေးလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဆီ ဘုရားဆက်လက်တည်ခွင့်ရဖို့ အသနားခံစာတင်မယ်လို့ပြောသွားခဲ့ပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဒီဖြစ်စဉ်မှာ ဘယ်သူ့ဘက်ကမှန်ပြီး ဘယ်သူကမှားတယ်ထင်လဲ။ ဟေမာနေဝင်းရဲ့ဘုရားတည်ဖို့ိကိစ္စရောဘယ်လိုဖြစ်သွားမယ်ထင်လဲ။ပြောခဲ့ကြပါဦး။

ဖိုးသူတော်(www.phothutaw.com)
Credit:Can’t Wait To Say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top