ေဒၚေအာင္ဆန္းစုၾကည္ကုိ ေဝဖန္သည့္ ထားဝယ္တကၠသုိလ္ကထိက စိတ္က်န္းမာေရးခ်ဳိ႕တဲ့သူ ျဖစ္ဟုဆုိ

ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ကုိ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ၾကမ္းတမ္းစြာေဝဖန္ေရး သားသည့္ ထားဝယ္တကၠသိုလ္ဘူမိေဗဒဌာနမွ ကထိကေဒါက္တာခိုင္ခုိင္သက္လြင္သည္ စိတ္က်န္းမာေရး ခ်ဳိ႕တဲ့သူျဖစ္ေၾကာင္း သိရသည္။

”ဟုတ္ကဲရွင့္၊ အခုေလာေလာဆယ္ေတာ့ေလ ကြၽန္မတို႔ေတြတဆင့္ၿပီး တဆင့္သြားဖို႔ရွိပါတယ္။ နံပါတ္တစ္က ေတာ့ သူတင္ထားတဲ့ပို႔စ္ေတြ ျပန္ျဖဳတ္ခိုင္း ရမယ္။ နံပါတ္ႏွစ္ကေတာ့ သူကိုေဆးျပ ဖို႔ေပါ့ေနာ္။ အဲဒါေတြမွ မရဘူးဆိုရင္ ကြၽန္မတို႔ေတြအေနနဲ႔ ဝန္ထမ္းစည္းမ်ဥ္းစည္းကမ္းအရ အေရးယူေဆာင္ရြက္ရေတာ့မွာ ေပါ့ေနာ္”ဟု ထားဝယ္တကၠသိုလ္ ဒုတိယပါေမာကၡခ်ဳပ္ေဒါက္တာခ်ဳိခ်ဳိျမင့္က ေျပာသည္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို လူမူကြန္ရက္စာမ်က္ႏွာတြင္ ေဝဖန္ေရးသားသူ ေဒါက္တာ ခိုင္ခိုင္သက္လြင္သည္ စိတ္ေရာဂါ ခံစားေနရသည့္အတြက္ ကိုင္တြယ္ရခက္ခဲေၾကာင္း၊ ၎လူမႈကြန္ရက္တြင္ တင္သည့္ ပို႔စ္မ်ားကို မသိရွိခဲ့သည့္အတြက္ အခ်ိန္မီတားဆီးႏိုင္မႈအားနည္းခဲ့ရျခင္း ျဖစ္ေၾကာင္း၊ ယခင္တႀကိမ္ ေဝဖန္ခ်ိန္က ေဒါက္တာခိုင္ခိုင္သက္လြင္၏ အမ်ဳိးသားကိုေခၚယူ၍သတိေပးခဲ့ၿပီး ထိန္းသိမ္းရန္ ေျပာၾကားခဲ့ ေၾကာင္း၊ ယခုဒုတိယအႀကိမ္ ျပန္လည္ျဖစ္ေပၚျခင္းျဖစ္သည့္အတြက္ ပါေမာကၡခ်ဳပ္ႏွင့္ ညႇိႏႈိင္းတိုင္ပင္ကာလုပ္ေဆာင္မည္ျဖစ္ေၾကာင္း ၎ကေျပာသည္။

”ကြၽန္ေတာ္တို႔ ဒီကိစၥနဲ႔ပတ္သက္ၿပီး ဆရာမ်ားသမဂၢထံကိုလည္း တိုင္ဖို႔ရွိပါတယ္။ ဘယ္လိုဆက္လက္ ေဆာင္ရြက္မလဲ ဆိုတာကိုလဲ လူႀကီးေတြနဲ႔ တိုင္ပင္ေနပါတယ္”ဟု ထားဝယ္တကၠသိုလ္ေက်ာင္း သားသမဂၢဥကၠ႒ကိုေကာင္းေဝယံထြန္းက ေျပာသည္။

ေဒါက္တာခိုင္ခိုင္သက္လြင္သည္ ၎၏လူမႈကြန္ရက္စာမ်က္ႏွာတြင္ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္ထံ အိတ္ဖြင့္ေပးစာဟုဆိုကာ ပို႔စ္တင္ခဲ့ျခင္းျဖစ္ၿပီး ၎ကိုယ္၎ဘုရင္မႀကီးရွင္ေစာပုႏွင့္ ခိုင္းႏႈိင္းခဲ့ကာ ေဝဖန္ေရးသားခဲ့ျခင္း ျဖစ္သည္။ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ထံကို မည္သည္အတြက္ေၾကာင့္ ေဝဖန္ေရးသားရသည္ဆိုေသာ အေၾကာင္းရင္းကုိ ကာယကံရွင္ေဒါက္တာခိုင္ခိုင္သက္လြင္အား ဆက္သြယ္ ေမးျမန္းေသာ္လည္း ျပန္လည္ေျဖၾကားျခင္းမျပဳခဲ့ေပ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:News Watch

#Unicode Version# ျဖင့္ဖတ္ပါ ။

ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်သည့် ထားဝယ်တက္ကသိုလ်ကထိက စိတ်ကျန်းမာရေးချို့တဲ့သူ ဖြစ်ဟုဆို

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို လူမှုကွန်ရက်စာမျက်နှာတွင် ကြမ်းတမ်းစွာဝေဖန်ရေး သားသည့် ထားဝယ်တက္ကသိုလ်ဘူမိဗေဒဌာနမှ ကထိကဒေါက်တာခိုင်ခိုင်သက်လွင်သည် စိတ်ကျန်းမာရေး ချို့တဲ့သူဖြစ်ကြောင်း သိရသည်။

”ဟုတ်ကဲရှင့်၊ အခုလောလောဆယ်တော့လေ ကျွန်မတို့တွေတဆင့်ပြီး တဆင့်သွားဖို့ရှိပါတယ်။ နံပါတ်တစ်က တော့ သူတင်ထားတဲ့ပို့စ်တွေ ပြန်ဖြုတ်ခိုင်း ရမယ်။ နံပါတ်နှစ်ကတော့ သူကိုဆေးပြ ဖို့ပေါ့နော်။ အဲဒါတွေမှ မရဘူးဆိုရင် ကျွန်မတို့တွေအနေနဲ့ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ အရေးယူဆောင်ရွက်ရတော့မှာ ပေါ့နော်”ဟု ထားဝယ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဒေါက်တာချိုချိုမြင့်က ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လူမူကွန်ရက်စာမျက်နှာတွင် ဝေဖန်ရေးသားသူ ဒေါက်တာ ခိုင်ခိုင်သက်လွင်သည် စိတ်ရောဂါ ခံစားနေရသည့်အတွက် ကိုင်တွယ်ရခက်ခဲကြောင်း၊ ၎င်းလူမှုကွန်ရက်တွင် တင်သည့် ပို့စ်များကို မသိရှိခဲ့သည့်အတွက် အချိန်မီတားဆီးနိုင်မှုအားနည်းခဲ့ရခြင်း ဖြစ်ကြောင်း၊ ယခင်တကြိမ် ဝေဖန်ချိန်က ဒေါက်တာခိုင်ခိုင်သက်လွင်၏ အမျိုးသားကိုခေါ်ယူ၍သတိပေးခဲ့ပြီး ထိန်းသိမ်းရန် ပြောကြားခဲ့ ကြောင်း၊ ယခုဒုတိယအကြိမ် ပြန်လည်ဖြစ်ပေါ်ခြင်းဖြစ်သည့်အတွက် ပါမောက္ခချုပ်နှင့် ညှိနှိုင်းတိုင်ပင်ကာလုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

”ကျွန်တော်တို့ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆရာများသမဂ္ဂထံကိုလည်း တိုင်ဖို့ရှိပါတယ်။ ဘယ်လိုဆက်လက် ဆောင်ရွက်မလဲ ဆိုတာကိုလဲ လူကြီးတွေနဲ့ တိုင်ပင်နေပါတယ်”ဟု ထားဝယ်တက္ကသိုလ်ကျောင်း သားသမဂ္ဂဥက္ကဋ္ဌကိုကောင်းဝေယံထွန်းက ပြောသည်။

ဒေါက်တာခိုင်ခိုင်သက်လွင်သည် ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ထံ အိတ်ဖွင့်ပေးစာဟုဆိုကာ ပို့စ်တင်ခဲ့ခြင်းဖြစ်ပြီး ၎င်းကိုယ်၎င်းဘုရင်မကြီးရှင်စောပုနှင့် ခိုင်းနှိုင်းခဲ့ကာ ဝေဖန်ရေးသားခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံကို မည်သည်အတွက်ကြောင့် ဝေဖန်ရေးသားရသည်ဆိုသော အကြောင်းရင်းကို ကာယကံရှင်ဒေါက်တာခိုင်ခိုင်သက်လွင်အား ဆက်သွယ် မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခြင်းမပြုခဲ့ပေ။

ဖိုးသူတော် (www.phothutaw.com)
Credit:News Watch
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top