Credit: Burmese.asia
#Unicode Version# ဖြင့်ဖတ်ပါ ။
ဖြူဖြူထွေးဆိုတာ လွန်ခဲ့တဲ့အချိန်အနည်းငယ်ကမှ အကဗီဒီယိုလေးတွေ၊ဟာသဗီဒီယိုလေးတွေနဲ့ နာမည်ကျော်ကြားလာပြီး ပရိသတ်တွေရင်ထဲဝင်ရောက်လာတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အင်တာဗျူးတွေဖြေရင် ပွင့်ပွင့်လင်းလင်းဟက်ဟက်ပက်ပက်ဖြေတတ်တဲ့ ဖြူဖြူထွေးကိုချစ်တဲ့ပရိသတ်တွေက အခိုင်အမာရှိနေတာဖြစ်ပြီးဖြူဖြူထွေးရဲ့အနုပညာကိုတခဲနက်အားပေးတဲ့သူတွေကလည်း မြန်မာနိုင်ငံရဲ့နယ်ဘက်တွေမှာပါရှိနေတာပါ။
မကြာသေးမီက ဟိန်းမင်းသူ facebook account hack ခံရပြီးနောက်မှာ ဟိန်းမင်းသူကိုဖုန်းနံပါတ်ပေးထားတဲ့ဖြူဖြူထွေးရဲ့ဖုန်းနံပါတ်က ပျံ့နှံ့သွားခဲ့ပါတယ်။အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ဖြူဖြူထွေးက “ဟိန်းမင်းသူနဲ့က သူငယ်ချင်းမဟုတ်ဘူး။ သူက MTV ရိုက်ချင်တယ်ဆိုပြီးတော့။အပြင်မှာလည်းတစ်ခါမှမတွေ့ဖူးဘူး။ သူက MTV ရိုက်ချင်တယ်ဆိုပြီးတော့ ညီမက ဖုန်းနံပါတ်လေးပေးလိုက်တာပါ။ ပြီးတော့ သူက MTV သီချင်းပုံစံလေးတွေပြောပြတယ်။ ကျန်တာက ထွေထွေထူးထူးမရှိပါဘူး။ ဟုတ်ကဲ့”လို့ ဖြေကြားထားပါတယ်။
ကိုယ်ပိုင်ဖုန်းနံပါတ်ပျံ့နှံ့သွားတဲ့အတွက်ကြုံလာရတဲ့ ပြဿနာတွေကိုလည်း ဖြူဖြူထွေးက “နှစ်ရက်သုံးရက်လောက် အိပ်လို့လည်းမရပါဘူး။ ဆက်တိုက်တွေဆက်တာဆိုတော့။ Facebook မှာ နင်ကဘာလဲမလေးမစားလုပ်တာလား။ဖုန်းခေါ်နေတယ်ဆိုပြီးတော့ လုပ်ငန်းရှင်တွေက အထင်လွဲတာပေါ့။ အသားလွတ်ကိုထိုင်ပြီးဆဲတဲ့သူတွေလည်းရှိသလို တကယ်ကိုအားပေးတဲ့ပရိသတ်တွေကျတော့လည်း နစ်နာတာပေါ့။ သူတို့မှာဖုန်းလေးပြောချင်လို့လေ ဖုန်းနံပါတ်ရသွားတာကိုလည်းအပြစ်မပြောပါဘူး”လို့ ပြောပြထားပါတယ်။
နောက်ပြီးဖြူဖြူထွေးရဲ့ဖုန်းနံပါတ်ဟာ သိန်းရာကျော်တန်တဲ့ဖုန်းနံပါတ်ဆိုတော့ အနုပညာအလုပ်လည်းမယ်မယ်ရရမရှိသေးပဲနဲ့ သိန်းရာကျော်တန်တဲ့နံပါတ်ကြီးကိုင်နိုင်တာစပွန်ဆာရှိုလို့ပဲဖြစ်မယ်ဆိုတဲ့ကောလဟလကိုလည်း ဖြူဖြူထွေးက “ဘုရားတရား… စပွန်ဆာဆိုတာဘာမှန်းတောင်မသိပါဘူး။စပွန်ဆာဆိုတာ အချိုရည်တစ်ခုပဲသိပါတယ်။ ညီမမွေးကတည်းက ကိုယ့်အနုပညာရတဲ့ပိုက်ဆံနဲ့ပဲအိမ်ကိုထောက်ပံ့တယ်။ မွေးကတည်းက ညီမ မရှိရင် ဝန်ထမ်းလုပ်လိုက်မယ်။ လမ်းဘေးမှာတောင်းစားလိုက်မယ်။ အဲ့လိုမျိုးတော့မရှိပါဘူး”လို့ ဖြေကြားထားပါတယ်။
ဒါ့အပြင်ဖြူဖြူထွေးက လက်ရှိအနုပညာအလုပ်တွေဆက်တိုက်လုပ်နေကြောင်းကိုလည်း “အခု ကိုယ့်ကိုလာကမ်းလှမ်းတဲ့လုပ်ငန်းရှင်တွေအများကြီးရှိတယ်။ ကြောငြာတွေကလည်း အဆက်မပြတ်ရိုက်ကူးနေရတယ်။ အနုပညာလုပ်ငန်းကဆက်တိုက်ကိုလုပ်နေပါတယ်။ Facebook ပေါ်မတင်ဖြစ်တာလေးတစ်ခုပါပဲ။ ကျောင်းစာမေးပွဲတွေကလည်းတစ်ဖက် အနုပညာအလုပ်တွေကလည်းတစ်ဖက်ဆိုတော့ အချို့ကလည်းထင်ရင်ထင်လိမ့်မယ်။ အနုပညာနဲ့အလှမ်းဝေးသွားပြီလု့ိ အမှန်တော့မဟုတ်ပါဘူးလို့ အနုပညာလှုပ်ရှားမှုကအမြဲတမ်းလုပ်နေပါတယ်”လို့ ပြောကြားထားပါတယ်။
ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဖြူဖြူထွေးကို ချစ်တဲ့သူတွေရှိလား။ အနုပညာအလုပ်တွေဇယ်ဆက်သလိုလုပ်နေရတဲ့ ဖြူဖြူထွေးရဲ့ ရုပ်ရှင်တွေ၊MTV တွေထွက်လာရင်ရော.. အားပေးကြမှာလား။ ပြောခဲ့ကြဦးနော်။
ဖိုးသူတော် (www.phothutaw.com)
Credit: Burmese.asia
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top