မိတၳီလာၿမိဳ႕နယ္ ပန္ေတာ္ဆက္ေက်း႐ြာမွ ရွစ္တန္းေက်ာင္းသူႏွစ္ဦးကို ဧၿပီလ (၃) ရက္ေန႔ ညေန ၅ နာရီခြဲခန္႔က မလိုက္လၽွင္ ဖမ္းခိုင္းမည္ဟု ၿခိမ္းေျခာက္ကာ ေခၚေဆာင္သြားသည့္ အမ်ိဳးသားႏွစ္ဦးကို အမႈဖြင့္အေရးယူထားေၾကာင္း ယင္းနယ္ေျမခံရဲစခန္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယင္းေက်းရြာမွ ေဒၚခင္မာဦး (၄၅ ႏွစ္) သည္ မိတၳီလာေဈးႀကီးတြင္ ေဈးဝယ္ၿပီး ေနအိမ္သို႔ ျပန္လာစဥ္ အသက္ ၁၄ ႏွစ္အရြယ္ရွိ ရွစ္တန္းေက်ာင္းသူႏွင့္ ၎၏ သူငယ္ခ်င္းတို႔ ေနအိမ္တြင္ မရွိသျဖင့္ လိုက္လံရွာေဖြရာ တစ္႐ြာတည္းေန ကိုေအာင္စိုးဝင္းက ယင္းမိန္းကေလးႏွစ္ဦးကို မိဘမ်ားမရွိခိုက္ ဦးျမေမာင္ႏွင့္ ကိုေက်ာ္ဆန္းဝင္းတို႔က ေခၚေဆာင္သြားေၾကာင္း ေျပာျပသျဖင့္ လိုက္လံရွာေဖြရာ ည ၁၁ နာရီ ၄၅ မိနစ္ခန္႔တြင္ မိတၳီလာၿမိဳ႕၊ မဟာစည္တိုးခ်ဲ႕ရပ္ကြက္ အနီးတြင္ ျပန္လည္ေတြ႕ရွိခဲ့ေၾကာင္း၊ ၎မိန္းကေလးႏွစ္ဦးကို ေမးျမန္းရာကို ကုိျမေမာင္ႏွင့္ ကိုေက်ာ္ဆန္းဝင္းတို႔မွ သူတို႔ႏွင့္ မလိုက္လၽွင္ ဖမ္းခိုင္းမည္ဟုၿခိမ္းေျခာက္ကာ ၎၏ ေနအိမ္သို႔ေခၚေဆာင္သြားစဥ္ ထြက္ေျပးလာေၾကာင္း မႈခင္းမွတ္တမ္းအရ သိရသည္။

အဆိုပါျဖစ္စဥ္အရ မိန္းကေလးႏွစ္ဦးကုိ ၿခိမ္းေျခာက္ေခၚေဆာင္သြားေသာ မိတၳီလာၿမိဳ႕နယ္ ေညာင္ပင္သာ႐ြာမွ ဦးျမေမာင္ (၅၈ ႏွစ္) ႏွင့္ သားျဖစ္သူ ကိုေက်ာ္ဆန္းဝင္း (၃၁ ႏွစ္) တို႔ႏွစ္ဦးကို မိတၳီလာၿမိဳ႕ အမွတ္(၂) နယ္ေျမရဲစခန္းမွ ရာဇသတ္ႀကီး ပုဒ္မ ၃၆၃/၅၀၆/၁၁၄ တို႔ျဖင့္ အမႈဖြင့္ကာ စစ္ေဆးေနေၾကာင္း ယင္းရဲစခန္းထံမွ သိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Thevoice

#Unicode Version#
 မိတ္ထီလာမြို့နယ် ပန်တော်ဆက်ကျေးရွာမှ ရှစ်တန်းကျောင်းသူနှစ်ဦးကို ဧပြီလ (၃) ရက်နေ့ ညနေ ၅ နာရီခွဲခန့်က မလိုက်လျှင် ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်ကာ ခေါ်ဆောင်သွားသည့် အမျိုးသားနှစ်ဦးကို အမှုဖွင့်အရေးယူထားကြောင်း ယင်းနယ်မြေခံရဲစခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယင်းကျေးရွာမှ ဒေါ်ခင်မာဦး (၄၅ နှစ်) သည် မိတ္ထီလာဈေးကြီးတွင် ဈေးဝယ်ပြီး နေအိမ်သို့ ပြန်လာစဉ် အသက် ၁၄ နှစ်အရွယ်ရှိ ရှစ်တန်းကျောင်းသူနှင့် ၎င်း၏ သူငယ်ချင်းတို့ နေအိမ်တွင် မရှိသဖြင့် လိုက်လံရှာဖွေရာ တစ်ရွာတည်းနေ ကိုအောင်စိုးဝင်းက ယင်းမိန်းကလေးနှစ်ဦးကို မိဘများမရှိခိုက် ဦးမြမောင်နှင့် ကိုကျော်ဆန်းဝင်းတို့က ခေါ်ဆောင်သွားကြောင်း ပြောပြသဖြင့် လိုက်လံရှာဖွေရာ ည ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် မိတ္ထီလာမြို့၊ မဟာစည်တိုးချဲ့ရပ်ကွက် အနီးတွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း၊ ၎င်းမိန်းကလေးနှစ်ဦးကို မေးမြန်းရာကို ကိုမြမောင်နှင့် ကိုကျော်ဆန်းဝင်းတို့မှ သူတို့နှင့် မလိုက်လျှင် ဖမ်းခိုင်းမည်ဟုခြိမ်းခြောက်ကာ ၎င်း၏ နေအိမ်သို့ခေါ်ဆောင်သွားစဉ် ထွက်ပြေးလာကြောင်း မှုခင်းမှတ်တမ်းအရ သိရသည်။

အဆိုပါဖြစ်စဉ်အရ မိန်းကလေးနှစ်ဦးကို ခြိမ်းခြောက်ခေါ်ဆောင်သွားသော မိတ္ထီလာမြို့နယ် ညောင်ပင်သာရွာမှ ဦးမြမောင် (၅၈ နှစ်) နှင့် သားဖြစ်သူ ကိုကျော်ဆန်းဝင်း (၃၁ နှစ်) တို့နှစ်ဦးကို မိတ္ထီလာမြို့ အမှတ်(၂) နယ်မြေရဲစခန်းမှ ရာဇသတ်ကြီး ပုဒ်မ ၃၆၃/၅၀၆/၁၁၄ တို့ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း ယင်းရဲစခန်းထံမှ သိရသည်။


ဖိုးသူတော်(www.phothutaw.com)
Credit:Thevoice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top