မေကြးတိုင္း ေအာင္ လံၿမိဳ႕နယ္ရွိ ေက်းရြာအခ်ိဳ႕တြင္ စက္ေရတြင္းစက္ခြၽတ္ယြင္းမႈႏွင့္ ေရကန္ခန္းေျခာက္မႈမ်ားေၾကာင့္ ဧၿပီပထမပတ္က စတင္ကာ ေသာက္သုံးေရရွားပါးေနေၾကာင္း ေက်းရြာေဒသခံမ်ားက ေျပာ သည္။

ေအာင္လံၿမိဳ႕နယ္ တင္း ေတာေက်းရြာအုပ္စု သရက္ ေခ်ာင္းေက်းရြာ၊ ငါးရံ႕ေက်ာ္ ေက်းရြာ၌ ေသာက္သုံးေရရွားပါး ေနၿပီး ေသာက္သုံးေရရရွိေရး ႏွစ္ မိုင္ခန္႔ေ၀းေသာ စိမ့္စမ္းေရကန္ မ်ားတြင္ ေစာင့္ခပ္ယူေနရ ေၾကာင္း သရက္ေခ်ာင္းေက်းရြာ ရြာခြဲတာ၀န္ခံဦးျမင့္သိန္းက ေျပာ သည္။

‘‘အစုိးရက တူးေပးထားတဲ့ ေရတြင္းေတာ့ရွိပါတယ္။ သုံးေရ အတြက္ပဲရတယ္၊ ေသာက္လုိ႔ မရဘူး။ ေသာက္ေရက ရြာကန္ရွိ တယ္။ အခုရြာကန္က ေရခန္း သြားေတာ့ တျခားေနရာက သြား ခပ္ေနရတယ္။ စိမ့္စမ္းဆုိေတာ့ ေစာင့္ၿပီး ခပ္ေတာ့ခပ္ရတာေပါ့’’ ဟု ၎ကေျပာသည္။
ေအာင္လံ ငါးရံ႕ေခ်ာင္းေက်းရြာ ေဒသခံအခ်ိဳ႕ လက္ယက္တြင္းမ်ားမွ ေရေစာင့္ဆိုင္းခပ္ယူေနသည္ကို ေတြ႔ရစဥ္

ေသာက္သုံးေရကန္ ျပန္ လည္တူးေဖာ္ႏုိင္ေရး ေဒသခံမ်ား က  ေငြစုေဆာင္းထားေသာ္လည္း လုံေလာက္မႈမရွိသျဖင့္ အေကာင္ အထည္မေဖာ္ႏုိင္ေၾကာင္း ၎က ေျပာသည္။

အလားတူပင္ ငါးရံ႕ေက်ာ္ ေက်းရြာတြင္ စက္ေရတြင္းေရ တင္စက္ ခြၽတ္ယြင္းမႈေၾကာင့္ ေသာက္သုံးေရရွားပါးေနၿပီး အနီး ရွိ စိမ့္စမ္းမ်ားမွေရကုိ ခပ္ယူသုံး စြဲေနရေၾကာင္း ယင္းေက်းရြာေဒ သခံမ်ားက ဆုိသည္။

‘‘စက္ေရတြင္း ပ်က္ေနတာ ကုိ ေက်းလက္ဌာနကုိတင္ျပထား ပါတယ္။ အခုေသာက္ေရအတြက္ ကေတာ့ စိမ့္စမ္းကထြက္တဲ့ေရ ကုိ ေစာင့္ခပ္ၿပီးသုံးေနရတာပါ’’ ဟု တင္းေတာေက်းရြာအုပ္စု အုပ္ခ်ဳပ္ေရးမွဴးဦးေအာင္မုိးက ေျပာသည္။

ယင္းကိစၥႏွင့္ ပတ္သက္၍ ေအာင္လံၿမိဳ႕နယ္ေက်းလက္ေဒ သဖြံံ႕ၿဖိဳးတိုးတက္ေရးဦးစီးဌာန ၿမိဳ႕နယ္ဦးစီးမွဴးဦးေအာင္ႀကီးက ‘‘အဲဒီေက်းရြာေတြကဌာနက စက္ ေရတြင္းတူးေပးထားတာရွိပါ တယ္။ ေဒသရဲ႕အေျခအေနအရ ေရကေတာ့ေကာင္းမြန္တဲ့ေရ မရ ဘူးေပါ့ေလ။ ေရျပတ္တာမ်ိဳး ေတာ့ မဟုတ္ဘူး။ ျဖစ္႐ုိးျဖစ္စဥ္ သေဘာပါပဲ။ အနီးမွာက စိမ့္စမ္း ေရရရွိႏုိင္တဲ့ေနရာေတြရွိတယ္။ သြားခပ္ရတာမ်ိဳးေတာ့ရွိတာေပါ့ ေလ။ ဌာနကလည္း ကြင္းဆင္း ၾကည့္ၿပီးပါၿပီ။ သက္ဆုိင္တဲ့ရြာက အုပ္ခ်ဳပ္ေရးမွဴးေတြကုိလည္း ေခၚယူေမးျမန္းထားပါတယ္’’ ဟု ဦးေအာင္မုိးက ေျပာသည္။

ၿမိဳ႕နယ္အတြင္း  ေရျပတ္ လပ္ႏုိင္ေသာေက်းရြာမ်ား ယခု အခ်ိန္ထိ မရွိေသးေၾကာင္းႏွင့္ အ မွန္တကယ္ေရျပတ္လပ္ပါက နီး စပ္ရာေရရရွိႏုိင္ေသာ ေနရာမ်ား မွ ေရသယ္ယူျဖန္႔ေ၀ႏိုင္ေရး အသင့္ျပင္ဆင္ထားေၾကာင္း ၎ က ေျဖၾကားသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: 7daydaily
(ဓာတ္ပံု − ေက်ာ္စိုး၀င္း)
#Unicode Version#
မကွေးတိုင်း အောင် လံမြို့နယ်ရှိ ကျေးရွာအချို့တွင် စက်ရေတွင်းစက်ချွတ်ယွင်းမှုနှင့် ရေကန်ခန်းခြောက်မှုများကြောင့် ဧပြီပထမပတ်က စတင်ကာ သောက်သုံးရေရှားပါးနေကြောင်း ကျေးရွာဒေသခံများက ပြော သည်။

အောင်လံမြို့နယ် တင်း တောကျေးရွာအုပ်စု သရက် ချောင်းကျေးရွာ၊ ငါးရံ့ကျော် ကျေးရွာ၌ သောက်သုံးရေရှားပါး နေပြီး သောက်သုံးရေရရှိရေး နှစ် မိုင်ခန့်ဝေးသော စိမ့်စမ်းရေကန် များတွင် စောင့်ခပ်ယူနေရ ကြောင်း သရက်ချောင်းကျေးရွာ ရွာခွဲတာဝန်ခံဦးမြင့်သိန်းက ပြော သည်။

‘‘အစိုးရက တူးပေးထားတဲ့ ရေတွင်းတော့ရှိပါတယ်။ သုံးရေ အတွက်ပဲရတယ်၊ သောက်လို့ မရဘူး။ သောက်ရေက ရွာကန်ရှိ တယ်။ အခုရွာကန်က ရေခန်း သွားတော့ တခြားနေရာက သွား ခပ်နေရတယ်။ စိမ့်စမ်းဆိုတော့ စောင့်ပြီး ခပ်တော့ခပ်ရတာပေါ့’’ ဟု ၎င်းကပြောသည်။
အောင်လံ ငါးရံ့ချောင်းကျေးရွာ ဒေသခံအချို့ လက်ယက်တွင်းများမှ ရေစောင့်ဆိုင်းခပ်ယူနေသည်ကို

သောက်သုံးရေကန် ပြန် လည်တူးဖော်နိုင်ရေး ဒေသခံများ က  ငွေစုဆောင်းထားသော်လည်း လုံလောက်မှုမရှိသဖြင့် အကောင် အထည်မဖော်နိုင်ကြောင်း ၎င်းက ပြောသည်။

အလားတူပင် ငါးရံ့ကျော် ကျေးရွာတွင် စက်ရေတွင်းရေ တင်စက် ချွတ်ယွင်းမှုကြောင့် သောက်သုံးရေရှားပါးနေပြီး အနီး ရှိ စိမ့်စမ်းများမှရေကို ခပ်ယူသုံး စွဲနေရကြောင်း ယင်းကျေးရွာဒေ သခံများက ဆိုသည်။

‘‘စက်ရေတွင်း ပျက်နေတာ ကို ကျေးလက်ဌာနကိုတင်ပြထား ပါတယ်။ အခုသောက်ရေအတွက် ကတော့ စိမ့်စမ်းကထွက်တဲ့ရေ ကို စောင့်ခပ်ပြီးသုံးနေရတာပါ’’ ဟု တင်းတောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးအောင်မိုးက ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ အောင်လံမြို့နယ်ကျေးလက်ဒေ သဖွံံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးအောင်ကြီးက ‘‘အဲဒီကျေးရွာတွေကဌာနက စက် ရေတွင်းတူးပေးထားတာရှိပါ တယ်။ ဒေသရဲ့အခြေအနေအရ ရေကတော့ကောင်းမွန်တဲ့ရေ မရ ဘူးပေါ့လေ။ ရေပြတ်တာမျိုး တော့ မဟုတ်ဘူး။ ဖြစ်ရိုးဖြစ်စဉ် သဘောပါပဲ။ အနီးမှာက စိမ့်စမ်း ရေရရှိနိုင်တဲ့နေရာတွေရှိတယ်။ သွားခပ်ရတာမျိုးတော့ရှိတာပေါ့ လေ။ ဌာနကလည်း ကွင်းဆင်း ကြည့်ပြီးပါပြီ။ သက်ဆိုင်တဲ့ရွာက အုပ်ချုပ်ရေးမှူးတွေကိုလည်း ခေါ်ယူမေးမြန်းထားပါတယ်’’ ဟု ဦးအောင်မိုးက ပြောသည်။

မြို့နယ်အတွင်း  ရေပြတ် လပ်နိုင်သောကျေးရွာများ ယခု အချိန်ထိ မရှိသေးကြောင်းနှင့် အ မှန်တကယ်ရေပြတ်လပ်ပါက နီး စပ်ရာရေရရှိနိုင်သော နေရာများ မှ ရေသယ်ယူဖြန့်ဝေနိုင်ရေး အသင့်ပြင်ဆင်ထားကြောင်း ၎င်း က ဖြေကြားသည်။

ဖိုးသူတော်(www.phothutaw.com)
Credit: 7daydaily
တွေ့ရစဉ် (ဓာတ်ပုံ − ကျော်စိုးဝင်း)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top