Credit:သီဟ
#Unicode Version# ဖြင့်ဖတ်ပါ ။
မုံရွာတက္ကသိုလ်ထဲလာကျက်စားနေတဲ့ကျားတစ်ကောင်တွေ့ရှိကြောင်း သယံဇာတနှင့် သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကယနေ့ထုတ်ပြန်လိုက်ပါတယ်။
အဆိုပါကျားဟာIndochinese Tiger(Panthera Tigris Corbetti)ကျားမျ ိုးစိတ်ဖြစ်ပြီး လက်ရှိမှာလျို့ဝှက်ကင်မရာတွေကနေတစ်ဆင့် ကျားတစ်ကောင်သွားလာကျက်စားနေတာကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ယခုလိုကျားတွေ့ရှိတာဟာပထမဆုံးအကြိမ်ဖြစ်ပြီးယခင်က မုံရွာတက္ကသိုလ် မှာ ကျားရှိကြောင်းသိထားသော်လည်း အထောက်အထားခိုင်လုံစွာမရရှိတာကြောင့်အသိပေးမပြောကြားခဲ့တာဖြစ်တယ်လို့ဝန်ကြီးဌာနကရှင်းပြပါတယ်။
မုံရွာ တက္ကသိုလ် အတွင်းCCTV ကင်မရာ အလုံး 40 တပ်ဆင်ခြင်းကို၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ စတင် ဆောင်ရွက်ခဲ့ပြီးဇီဝမျိုးစုံမျိုးကွဲများ တွေ့ရှိရနိုင်မှု၊ ကျက်စား နေထိုင်မှု၊ ပျံ့နှံ့ကျက်စားမှုအခြေအနေများကို သိရှိမှတ်တမ်းတင်နိုင်ရန်ဖြစ်တယ်လို့သိရပါတယ်။
လက်ရှိမှာ မုံရွာတက္ကသိုလ်ထဲမှာသွားလာကျက်စားနေတဲ့ကျားတစ်ကောင်ပုံငါးပုံရရှိထားပြီး ကျားကျက်စားသွားလာ နိုင်တဲ့နယ်မြေတွေမှာ ကင်မရာ(၁၈)လုံးကို ထပ်မံတပ်ဆင်သွားမယ်လို့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ကပြောဆိုထားပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:သီဟ