အာဆီယံႏိုင္ငံတကာ႐ုပ္ရွင္ပြဲေတာ္နဲ႔ ဆုေပးပြဲ (AIFFA) က အေရွ႕ေတာင္အာရွႏိုင္ငံေတြက ႐ုပ္ရွင္ကားေတြကို ဂုဏ္ျပဳခ်ီးျမႇင့္ေပးတဲ့ပြဲတစ္ပြဲျဖစ္ပါတယ္။ ဂ်က္ကီခ်မ္း (Jackie Chan)၊ ဒြန္နီယန္း (Donnie Yan)၊ မီရွဲယိုး (Michelle Yeoh) အပါအဝင္ နာမည္ႀကီးဆယ္လီေတြ တက္ေရာက္ၾကတဲ့ ႀကီးက်ယ္ခမ္းနားတဲ့ပြဲတစ္ခုလည္းျဖစ္ပါတယ္။ AIFFA ၂၀၁၉ ပြဲကို မေလးရွားႏိုင္ငံမွာ ဧၿပီလ (၂၅) ကေန (၂၇) ရက္အထိ သုံးရက္တာ က်င္းပျပဳလုပ္သြားမွာျဖစ္ပါတယ္။

အာဆီယံ အျပည္္ျပည္ဆိုင္ရာ ႐ုပ္ရွင္ပြဲေတာ္နဲ႔ ထူးခၽြန္ဆု(Asean International Film Festival & Awards–AIFFA) ဆန္ကာတင္စာရင္းမွာ ျမန္မာ႐ုပ္ရွင္ကား မီက ဆု ၃ ဆုနဲ႔ ပါ၀င္ေနခဲ့ၿပီး ေရႊၾကာ႐ုပ္ရွင္ကားကေတာ့ ဆုတဆုနဲ႔ ပါ၀င္ေနပါတယ္။

၂၀၁၉ ခုႏွစ္အတြက္ AIFFA ႐ုပ္ရွင္ထူးခၽြန္ဆုေတြအတြက္ အေကာင္းဆံုးတည္းျဖတ္ဆု၊ ဓာတ္ပံုဆု၊ ဇာတ္ညႊန္းဆု၊ အမ်ိဳးသမီးဇာတ္ပို႔ဆု၊ ဇာတ္ေဆာင္ဆု၊ အမ်ိဳးသားဇာတ္ပို႔ဆု၊ ဇာတ္ေဆာင္ဆု၊ ဒါ႐ုိက္တာဆုနဲ႔ ဇာတ္ကားဆု အပါအ၀င္ အမ်ိဳးအစား ၉ မ်ိဳး သတ္မွတ္ထုတ္ျပန္လိုက္တာပါ။

မီရုပ္ရွင္ကားက အေကာင္းဆံုး ဇာတ္ကားဆု၊ ဓာတ္ပံုဆုနဲ႔ အေကာင္းဆံုးသ႐ုပ္ေဆာင္ မင္းသမီးဆုေတြအတြက္ ပါ၀င္ေနခဲ့ကာ ေရႊၾကာ႐ုပ္ရွင္ကေတာ့ အေကာင္းဆံုး အမ်ိဳးသား ဇာတ္ပို႔ဆုအတြက္ ဆန္ကာတင္စာရင္းမွာ ပါ၀င္လာခဲ့တာပါ။

အေကာင္းဆံုး ႐ုပ္ရွင္ဇာတ္ကားဆု စာရင္းမွာေတာ့ မီ႐ုပ္ရွင္ကားဟာ မေလးရွား ႐ုပ္ရွင္ – Crossroads: One Two Jag ၊ အင္ဒိုနီးရွာ႐ုပ္ရွင္ – Ave Maryam၊ ဖိလစ္ပိုင္ရုပ္ရွင္ – Signal Rock၊ ဗီယက္နမ္႐ုပ္ရွင္ – Like An Old House စတဲ့ ႐ုပ္ရွင္ကားေတြ နဲ႔ ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။

အေကာင္းဆံုး ႐ုပ္ရွင္ဓာတ္ပံုဆုမွာ မီ႐ုပ္ရွင္ကားရဲ႕ ဖန္တီးရွင္ ဒါရိုက္တာ ဏႀကီးနဲ႔ အတူ ဆန္ကာတင္စာရင္းမွာ ပါ၀င္ေနသူေတြကေတာ့ အင္ဒိုနီးရွားႏိုင္ငံမွ Ipung Rachmat Syaiful (27 Steps of May)၊ ဗီယက္နမ္ႏိုင္ငံမွ Bob Nguyen (Song Lang) ၊ ဖိလစ္ပိုင္ႏိုင္ငံမွ TM Malones(Baconaua) နဲ႔ မေလးရွားႏိုင္ငံမွ Chen Ko Chin( Shuttle Life)တို႔ပဲ ျဖစ္ပါတယ္။

အေကာင္းဆံုး သ႐ုပ္ေဆာင္ မင္းသမီးဆုအတြက္ မီ႐ုပ္ရွင္ကားထဲက သ႐ုပ္ ေဆာင္မင္းသမီး ပိုင္ၿဖိဳးသုနဲ႔အတူ ဆန္ကာတင္စာရင္းမွာ ပါ၀င္ေနသူေတြကေတာ့ မေလး ရွားသ႐ုပ္ေဆာင္ မင္းသမီး Sangeeta Krishnasamy(Adiwiraku)၊ အင္ဒိုနီးရွား သ႐ုပ္ေဆာင္မင္းသမီး Maudy Koesnaedi(Ave Maryam)၊ ဖိလစ္ပိုင္သ႐ုပ္ေဆာင္မင္းသမီး Elora Espano (Signal Rock)၊ အင္ဒိုနီးရွား သ႐ုပ္ေဆာင္မင္းသမီး Raihaanun (27 Steps of May) တို႔ ျဖစ္ၾကပါတယ္။

ေရႊၾကာ႐ုပ္ရွင္ကားထဲက သ႐ုပ္ေဆာင္မင္းသား အလင္းေရာင္ကေတာ့ အေကာင္းဆံုး အမ်ိဳးသားဇာတ္ပို႔ဆု ဆန္ကာတင္စာရင္းမွာ မေလးရွားသ႐ုပ္ေဆာင္ မင္းသား Amerul Affendi(Crossroads: One Two Jaga) ၊ အင္ဒိုနီးရွား သ႐ုပ္ေဆာင္မင္းသား Verdi Soleiman(27 Steps of May)၊ ဗီယက္နမ္သ႐ုပ္ေဆာင္မင္းသား Isaac (Song Lang)၊ ဖိလစ္ပိုင္သ႐ုပ္ေဆာင္မင္းသား Ronwaldo Martin(Bhoy Intsik) တို႔နဲ႔ အတူ ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။

ဒီ႐ုပ္ရွင္ပြဲေတာ္ကို ကူခ်င္းၿမိဳ႕မွာ က်င္းပေနတာျဖစ္ၿပီး လာမယ့္ ဧၿပီ ၂၇ ရက္ေန႔မွာေတာ့ ဆုရရွိသူေတြကုိ ထုတ္ျပန္ေၾကညာမွာ ျဖစ္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit: DVB
#Unicode Version#
အာဆီယံနိုင်ငံတကာရုပ်ရှင်ပွဲတော်နဲ့ ဆုပေးပွဲ (AIFFA) က အရှေ့တောင်အာရှနိုင်ငံတွေက ရုပ်ရှင်ကားတွေကို ဂုဏ်ပြုချီးမြှင့်ပေးတဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။ ဂျက်ကီချမ်း (Jackie Chan)၊ ဒွန်နီယန်း (Donnie Yan)၊ မီရှဲယိုး (Michelle Yeoh) အပါအဝင် နာမည်ကြီးဆယ်လီတွေ တက်ရောက်ကြတဲ့ ကြီးကျယ်ခမ်းနားတဲ့ပွဲတစ်ခုလည်းဖြစ်ပါတယ်။ AIFFA ၂၀၁၉ ပွဲကို မလေးရှားနိုင်ငံမှာ ဧပြီလ (၂၅) ကနေ (၂၇) ရက်အထိ သုံးရက်တာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

အာဆီယံ အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်နဲ့ ထူးချွန်ဆု(Asean International Film Festival & Awards–AIFFA) ဆန်ကာတင်စာရင်းမှာ မြန်မာရုပ်ရှင်ကား မီက ဆု ၃ ဆုနဲ့ ပါဝင်နေခဲ့ပြီး ရွှေကြာရုပ်ရှင်ကားကတော့ ဆုတဆုနဲ့ ပါဝင်နေပါတယ်။

၂၀၁၉ ခုနှစ်အတွက် AIFFA ရုပ်ရှင်ထူးချွန်ဆုတွေအတွက် အကောင်းဆုံးတည်းဖြတ်ဆု၊ ဓာတ်ပုံဆု၊ ဇာတ်ညွှန်းဆု၊ အမျိုးသမီးဇာတ်ပို့ဆု၊ ဇာတ်ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ ဇာတ်ဆောင်ဆု၊ ဒါရိုက်တာဆုနဲ့ ဇာတ်ကားဆု အပါအဝင် အမျိုးအစား ၉ မျိုး သတ်မှတ်ထုတ်ပြန်လိုက်တာပါ။

မီရုပ်ရှင်ကားက အကောင်းဆုံး ဇာတ်ကားဆု၊ ဓာတ်ပုံဆုနဲ့ အကောင်းဆုံးသရုပ်ဆောင် မင်းသမီးဆုတွေအတွက် ပါဝင်နေခဲ့ကာ ရွှေကြာရုပ်ရှင်ကတော့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်လာခဲ့တာပါ။

အကောင်းဆုံး ရုပ်ရှင်ဇာတ်ကားဆု စာရင်းမှာတော့ မီရုပ်ရှင်ကားဟာ မလေးရှား ရုပ်ရှင် – Crossroads: One Two Jag ၊ အင်ဒိုနီးရှာရုပ်ရှင် – Ave Maryam၊ ဖိလစ်ပိုင်ရုပ်ရှင် – Signal Rock၊ ဗီယက်နမ်ရုပ်ရှင် – Like An Old House စတဲ့ ရုပ်ရှင်ကားတွေ နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုမှာ မီရုပ်ရှင်ကားရဲ့ ဖန်တီးရှင် ဒါရိုက်တာ ဏကြီးနဲ့ အတူ ဆန်ကာတင်စာရင်းမှာ ပါဝင်နေသူတွေကတော့ အင်ဒိုနီးရှားနိုင်ငံမှ Ipung Rachmat Syaiful (27 Steps of May)၊ ဗီယက်နမ်နိုင်ငံမှ Bob Nguyen (Song Lang) ၊ ဖိလစ်ပိုင်နိုင်ငံမှ TM Malones(Baconaua) နဲ့ မလေးရှားနိုင်ငံမှ Chen Ko Chin( Shuttle Life)တို့ပဲ ဖြစ်ပါတယ်။

အကောင်းဆုံး သရုပ်ဆောင် မင်းသမီးဆုအတွက် မီရုပ်ရှင်ကားထဲက သရုပ် ဆောင်မင်းသမီး ပိုင်ဖြိုးသုနဲ့အတူ ဆန်ကာတင်စာရင်းမှာ ပါဝင်နေသူတွေကတော့ မလေး ရှားသရုပ်ဆောင် မင်းသမီး Sangeeta Krishnasamy(Adiwiraku)၊ အင်ဒိုနီးရှား သရုပ်ဆောင်မင်းသမီး Maudy Koesnaedi(Ave Maryam)၊ ဖိလစ်ပိုင်သရုပ်ဆောင်မင်းသမီး Elora Espano (Signal Rock)၊ အင်ဒိုနီးရှား သရုပ်ဆောင်မင်းသမီး Raihaanun (27 Steps of May) တို့ ဖြစ်ကြပါတယ်။

ရွှေကြာရုပ်ရှင်ကားထဲက သရုပ်ဆောင်မင်းသား အလင်းရောင်ကတော့ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆု ဆန်ကာတင်စာရင်းမှာ မလေးရှားသရုပ်ဆောင် မင်းသား Amerul Affendi(Crossroads: One Two Jaga) ၊ အင်ဒိုနီးရှား သရုပ်ဆောင်မင်းသား Verdi Soleiman(27 Steps of May)၊ ဗီယက်နမ်သရုပ်ဆောင်မင်းသား Isaac (Song Lang)၊ ဖိလစ်ပိုင်သရုပ်ဆောင်မင်းသား Ronwaldo Martin(Bhoy Intsik) တို့နဲ့ အတူ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ပွဲတော်ကို ကူချင်းမြို့မှာ ကျင်းပနေတာဖြစ်ပြီး လာမယ့် ဧပြီ ၂၇ ရက်နေ့မှာတော့ ဆုရရှိသူတွေကို ထုတ်ပြန်ကြေညာမှာ ဖြစ်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top