ေတာင္အာဖရိက ေရႀကီးမႈ လူ ၅၀ ေက်ာ္ ေသ
ေတာင္အာဖရိကႏိုင္ငံမွာ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္း မိုးအဆက္မျပတ္ သည္းထန္စြာ ႐ြာသြန္းၿပီး ေရလႊမ္းမိုးမႈေတြ၊ ေျမၿပိဳမႈေတြျဖစ္လို႔ လူေပါင္း ၅၁ ဦးထက္မနည္း ေသဆုံးသြားတယ္လို႔ တာဝန္ရွိသူတစ္ဦးက ဧၿပီ ၂၄ မွာ ေျပာပါတယ္။
ေရလႊမ္းမိုးမႈ အႀကီးအက်ယ္ ႀကဳံေတြ႕ခဲ့တဲ့ ႏိုင္ငံအေရွ႕ပိုင္းေဒသကို သမၼတ ဆိုင္ရဲလ္ ရာမာဖိုဆာ သြားေရာက္ၾကည့္ရႈအားေပးခဲ့တယ္လို႔လည္း ဆိုပါတယ္။
ယင္းႏိုင္ငံမွာ ၿပီးခဲ့တဲ့ ရက္ေတြအတြင္း မိုးသည္းထန္စြာ ႐ြာသြန္းၿပီး ႏိုင္ငံေတာင္ပိုင္းနဲ႔ အေရွ႕ပိုင္းေတြမွာ ဆိုးဆိုး႐ြား႐ြား ေရလႊမ္းမိုးမႈေတြျဖစ္ေပၚခဲ့တာျဖစ္ပါတယ္။
ေရႀကီးမႈေၾကာင့္ ေနအိမ္ ေတြ ၿပိဳက်တာ၊ လမ္းေတြ ေရဖုံးလႊမ္းသြားတာ၊ မိလႅာပိုက္လိုင္းေတြ ပိတ္ဆို႔ကုန္တာ၊ လွ်ပ္စစ္ဓာတ္တိုင္ေတြ လဲက်တာ စတဲ့အေျခအေနေတြနဲ႔ ႀကဳံေတြ႕ခဲ့ရပါတယ္။
လက္ရွိအခ်ိန္မွာ သဘာဝေဘး ႀကဳံေတြြ႕ခ်ိန္ ကယ္ဆယ္ကူညီေ႐ႊ႕ေျပာင္းမႈလုပ္ငန္းေတြ ေဆာင္႐ြက္ဖို႔ စစ္တပ္ကိုပါ တာဝန္ေပး ျဖန႔္က်က္ထားတယ္လို႔ သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:mizzimaburmese
# Unicode Version # ျဖင့္ ဖတ္ပါ #
တောင်အာဖရိကနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းပြီး ရေလွှမ်းမိုးမှုတွေ၊ မြေပြိုမှုတွေဖြစ်လို့ လူပေါင်း ၅၁ ဦးထက်မနည်း သေဆုံးသွားတယ်လို့ တာဝန်ရှိသူတစ်ဦးက ဧပြီ ၂၄ မှာ ပြောပါတယ်။
ရေလွှမ်းမိုးမှု အကြီးအကျယ် ကြုံတွေ့ခဲ့တဲ့ နိုင်ငံအရှေ့ပိုင်းဒေသကို သမ္မတ ဆိုင်ရဲလ် ရာမာဖိုဆာ သွားရောက်ကြည့်ရှုအားပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
ယင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်တွေအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး နိုင်ငံတောင်ပိုင်းနဲ့ အရှေ့ပိုင်းတွေမှာ ဆိုးဆိုးရွားရွား ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။
ရေကြီးမှုကြောင့် နေအိမ်တွေ ပြိုကျတာ၊ လမ်းတွေ ရေဖုံးလွှမ်းသွားတာ၊ မိလ္လာပိုက်လိုင်းတွေ ပိတ်ဆို့ကုန်တာ၊ လျှပ်စစ်ဓာတ်တိုင်တွေ လဲကျတာ စတဲ့အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
လက်ရှိအချိန်မှာ သဘာဝဘေး ကြုံတွေ့ချိန် ကယ်ဆယ်ကူညီရွှေ့ပြောင်းမှုလုပ်ငန်းတွေ ဆောင်ရွက်ဖို့ စစ်တပ်ကိုပါ တာဝန်ပေး ဖြန့်ကျက်ထားတယ်လို့ သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit:mizzimaburmese