ပုဂံေရွးေဟာင္းယဥ္ေက်းမႈ ဇုန္နယ္ေျမအတြင္း  ႐ုပ္ရွင္၊ ဗီဒီယို႐ိုက္ကူးခ တစ္ရက္ကုိ တစ္သိန္း ေကာက္ခံသြားမယ္လို႔ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန ပုဂံဌာနခြဲကေန ထုတ္ျပန္ပါတယ္။

ဧၿပီလ ၁ ရက္စတင္ကာ ေျပာင္းလဲ ျပင္ဆင္ ေကာက္ခံေနတာျဖစ္ၿပီး Still ကင္မရာနဲ႔ စီးပြားျဖစ္ ဓာတ္ပံုရုိက္ကူးပါက တစ္ရက္ကုိ သံုးေသာင္းေပးေဆာင္ရမွာ ျဖစ္သလို ႏုိင္ငံျခားသားေတြအေနနဲ႔ အဆုိပါ ေငြနဲ႔ ညီမွ်တဲ့ ႏုိင္ငံျခားေငြကုိ ေပးေဆာင္ရမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ေန႔ဘက္ရုိက္ကူးေရးအတြက္ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ ဦးစီးဌာန၊ ပုဂံဌာနခြဲ လံုျခံဳေရးဌာနစိတ္မွ လံုျခံဳေရးႀကီးၾကပ္လိုက္ပါ ေဆာင္ရြက္ျခင္းမျပဳဘဲ ညဘက္ရိုက္ကူးေရးမွာ ေတာ့ ဌာနကေန လုိက္ပါတဲ့ ၀န္ထမ္း ၂ ဦးအတြက္ တစ္ရက္ တစ္ေသာင္း ေပးေဆာင္ရမွာ ျဖစ္ၿပီး ပုဂံဌာနခြဲကုိ ရုိက္ကူးခေပးသြင္းၿပီးမွ ရိုက္ကူးမႈ စတင္ရမွာ ျဖစ္ပါတယ္။

ရုိက္ကူးေရးအဖြဲ႕ တာဝန္ခံအေနနဲ႔  ႐ိုက္ကူးမည့္ေနရာ၊ အေၾကာင္းအရာ တို႔ကို ျပည့္စံုစြာတင္ျပရမွာ ျဖစ္ၿပီး ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန၊ ပုဂံဌာနခြဲမွ သတ္မွတ္ထားေသာ စည္းကမ္းေတြကို လိုက္နာမည္ဆုိတဲ့ ဝန္ခံကတိကုိ ႐ိုက္ကူးေရးမစတင္မီ တာဝန္ရွိပုဂၢိဳလ္က လက္မွတ္ေရးထိုးရမယ္လုိ႔ ဆုိပါတယ္။



ပုဂံယဥ္ေက်းမႈနယ္ ေျမ အတြင္း ႐ိုက္ကူးရာမွာ ေဂါပကဖြဲ႕စည္းထားတဲ့ ဘုရားေတြမွာ ေဂါပကအဖြဲ႕အစည္းမ်ား၊ တာဝန္ရွိသူေတြထံ သတင္းပို႔ၿပီးမွ ႐ိုက္ကူးမႈ ေဆာင္ရြက္ရမွာ ျဖစ္ၿပီး ႐ုပ္ရွင္ႏွင့္ ဗီဒီယို႐ိုက္ကူးမႈေတြအတြက္ ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာန (႐ံုးခ်ဳပ္)ေနျပည္ေတာ္၏ ခြင့္ျပဳခ်က္ရရွိမွသာ ႐ိုက္ကူးခြင့္ျပဳမယ္လုိ႔သိရပါတယ္။

ခြင့္ျပဳခ်က္မရွိဘဲ နံရံေဆးေရးပန္းခ်ီမ်ား၊ ျပတိုက္၊ ျပခန္းေတြကုိ ရုိက္ကူးခြင့္ျပဳမႈ မဟုတ္သလုိ ေစတီ၊ ပုထိုးမ်ားႏွင့္ ေရွးေဟာင္းအေဆာက္အအံုေတြကုိ ပ်က္စီးမႈ၊ ဖ်က္ဆီးမႈမျဖစ္ေစရန္ ႐ိုက္ကူးရမွာ ျဖစ္ၿပီး ပ်က္စီးပါက ျပင္ဆင္ကုန္က်မႈ တန္ဖုိးအတုိင္းေပးလ်ာ္ရမွာလည္း ျဖစ္ပါတယ္။

႐ိုက္ကူးသည့္ေစတီ၊ ပုထိုးမ်ားႏွင့္ ေရွးေဟာင္းအေဆာက္အအံုမ်ား အတြင္း/အျပင္တြင္ ကြမ္းတံေတြး၊ ေဆးလိပ္တို၊ ေဆးလိပ္ျပာ၊ ဘီယာ၊ အခ်ိဳရည္ပုလင္းဘူးခြံမ်ား၊ အမႈိက္မ်ား ကင္းစင္ၿပီး သန္႔ရွင္းစြာျဖစ္ေစေရး၊ ျပည္တြင္း/ျပည္ပဧည့္သည္မ်ား အေႏွာင့္အယွက္ျဖစ္ေစသည့္ လမ္းပိတ္႐ိုက္ကူးျခင္း၊ သြားလမ္း၊ လာလမ္းမ်ား ပိတ္ဆို႔႐ိုက္ကူးျခင္း မျပဳေရးတို႔  ႐ိုက္ကူးေရးအဖြဲ႕မွ တာ၀န္ယူုရမွာလည္းျဖစ္ပါတယ္။

႐ိုက္ကူးရာမွာ ဘုရားမ်ားအနီးႏွင့္ ဘုရားမ်ားေပၚတြင္ အဂါရဝျဖစ္ေစတဲ့ ဝတ္စံုျဖင့္ ႐ိုက္ကူးခြင့္မျပဳသလုိ ျမန္မာ့ယဥ္ေက်းမႈ၊ ဘာသာေရးႏွင့္ ဓေလ့ထံုးတမ္းတို႔ကို ထိခိုက္ေစေသာ အျပဳအမူမ်ား၊ ဝတ္စား ဆင္ယင္မႈမ်ား၊ လႈပ္ရွားမႈႏွင့္ သီဆိုမႈ၊ ကခုန္မႈမ်ား မျပဳလုပ္ရဘူးလုိ႔ သိရပါတယ္။

႐ိုက္ကူးေရးသည္ ခြင့္ျပဳထားတဲ့ ဇာတ္လမ္းနဲ႔ ႐ိုက္ကူးရမည့္ေနရာေတြအတြက္သာ ျဖစ္ရၿပီး အျခားမသက္ဆိုင္တဲ့ ၾကားျဖတ္ေၾကာ္ျငာမ်ား၊ ဇာတ္လမ္းမ်ား၊ အျခားလုပ္ငန္းမ်ားအတြက္ ပတ္သက္မႈမရွိေစရဘဲ သိရွိပါက မူလ႐ိုက္ကူးခ ေကာက္ခံႏႈန္းရဲ႕ ႏွစ္ဆကို ဒဏ္ေငြအျဖစ္ ေပးရမယ္လို႔ ဆုိပါတယ္။

႐ိုက္ကူးေရးအဖြဲ႕ေတြအေနနဲ႔ ထုတ္ျပန္ထားတဲ့ စည္းကမ္းခ်က္ေတြကုိ လုိက္နာရမွာ ျဖစ္ၿပီး မလိုက္နာပါက တည္ဆဲဥေပဒနဲ႔ အညီ အေရးယူခံရမွာ ျဖစ္သလို ဇာတ္လမ္း၊ ေၾကာ္ျငာကုိလည္း ပိတ္ပင္တားျမစ္ခံရမယ္လုိ႔ ပုဂံဌာနခြဲကေန ေၾကညာထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:duwun
# Unicode Version # ျဖင့္ ဖတ္ပါ #


ပုဂံရှေးဟောင်းယဉ်ကျေးမှု ဇုန်နယ်မြေအတွင်း  ရုပ်ရှင်၊ ဗီဒီယိုရိုက်ကူးခ တစ်ရက်ကို တစ်သိန်း ကောက်ခံသွားမယ်လို့ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲကနေ ထုတ်ပြန်ပါတယ်။

ဧပြီလ ၁ ရက်စတင်ကာ ပြောင်းလဲ ပြင်ဆင် ကောက်ခံနေတာဖြစ်ပြီး Still ကင်မရာနဲ့ စီးပွားဖြစ် ဓာတ်ပုံရိုက်ကူးပါက တစ်ရက်ကို သုံးသောင်းပေးဆောင်ရမှာ ဖြစ်သလို နိုင်ငံခြားသားတွေအနေနဲ့ အဆိုပါ ငွေနဲ့ ညီမျှတဲ့ နိုင်ငံခြားငွေကို ပေးဆောင်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။

နေ့ဘက်ရိုက်ကူးရေးအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၊ ပုဂံဌာနခွဲ လုံခြုံရေးဌာနစိတ်မှ လုံခြုံရေးကြီးကြပ်လိုက်ပါ ဆောင်ရွက်ခြင်းမပြုဘဲ ညဘက်ရိုက်ကူးရေးမှာ တော့ ဌာနကနေ လိုက်ပါတဲ့ ဝန်ထမ်း ၂ ဦးအတွက် တစ်ရက် တစ်သောင်း ပေးဆောင်ရမှာ ဖြစ်ပြီး ပုဂံဌာနခွဲကို ရိုက်ကူးခပေးသွင်းပြီးမှ ရိုက်ကူးမှု စတင်ရမှာ ဖြစ်ပါတယ်။

ရိုက်ကူးရေးအဖွဲ့ တာဝန်ခံအနေနဲ့  ရိုက်ကူးမည့်နေရာ၊ အကြောင်းအရာ တို့ကို ပြည့်စုံစွာတင်ပြရမှာ ဖြစ်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲမှ သတ်မှတ်ထားသော စည်းကမ်းတွေကို လိုက်နာမည်ဆိုတဲ့ ဝန်ခံကတိကို ရိုက်ကူးရေးမစတင်မီ တာဝန်ရှိပုဂ္ဂိုလ်က လက်မှတ်ရေးထိုးရမယ်လို့ ဆိုပါတယ်။

ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း ရိုက်ကူးရာမှာ ဂေါပကဖွဲ့စည်းထားတဲ့ ဘုရားတွေမှာ ဂေါပကအဖွဲ့အစည်းများ၊ တာဝန်ရှိသူတွေထံ သတင်းပို့ပြီးမှ ရိုက်ကူးမှု ဆောင်ရွက်ရမှာ ဖြစ်ပြီး ရုပ်ရှင်နှင့် ဗီဒီယိုရိုက်ကူးမှုတွေအတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ရုံးချုပ်)နေပြည်တော်၏ ခွင့်ပြုချက်ရရှိမှသာ ရိုက်ကူးခွင့်ပြုမယ်လို့သိရပါတယ်။

ခွင့်ပြုချက်မရှိဘဲ နံရံဆေးရေးပန်းချီများ၊ ပြတိုက်၊ ပြခန်းတွေကို ရိုက်ကူးခွင့်ပြုမှု မဟုတ်သလို စေတီ၊ ပုထိုးများနှင့် ရှေးဟောင်းအဆောက်အအုံတွေကို ပျက်စီးမှု၊ ဖျက်ဆီးမှုမဖြစ်စေရန် ရိုက်ကူးရမှာ ဖြစ်ပြီး ပျက်စီးပါက ပြင်ဆင်ကုန်ကျမှု တန်ဖိုးအတိုင်းပေးလျာ်ရမှာလည်း ဖြစ်ပါတယ်။

ရိုက်ကူးသည့်စေတီ၊ ပုထိုးများနှင့် ရှေးဟောင်းအဆောက်အအုံများ အတွင်း/အပြင်တွင် ကွမ်းတံတွေး၊ ဆေးလိပ်တို၊ ဆေးလိပ်ပြာ၊ ဘီယာ၊ အချိုရည်ပုလင်းဘူးခွံများ၊ အမှိုက်များ ကင်းစင်ပြီး သန့်ရှင်းစွာဖြစ်စေရေး၊ ပြည်တွင်း/ပြည်ပဧည့်သည်များ အနှောင့်အယှက်ဖြစ်စေသည့် လမ်းပိတ်ရိုက်ကူးခြင်း၊ သွားလမ်း၊ လာလမ်းများ ပိတ်ဆို့ရိုက်ကူးခြင်း မပြုရေးတို့  ရိုက်ကူးရေးအဖွဲ့မှ တာဝန်ယူုရမှာလည်းဖြစ်ပါတယ်။

ရိုက်ကူးရာမှာ ဘုရားများအနီးနှင့် ဘုရားများပေါ်တွင် အဂါရဝဖြစ်စေတဲ့ ဝတ်စုံဖြင့် ရိုက်ကူးခွင့်မပြုသလို မြန်မာ့ယဉ်ကျေးမှု၊ ဘာသာရေးနှင့် ဓလေ့ထုံးတမ်းတို့ကို ထိခိုက်စေသော အပြုအမူများ၊ ဝတ်စား ဆင်ယင်မှုများ၊ လှုပ်ရှားမှုနှင့် သီဆိုမှု၊ ကခုန်မှုများ မပြုလုပ်ရဘူးလို့ သိရပါတယ်။

ရိုက်ကူးရေးသည် ခွင့်ပြုထားတဲ့ ဇာတ်လမ်းနဲ့ ရိုက်ကူးရမည့်နေရာတွေအတွက်သာ ဖြစ်ရပြီး အခြားမသက်ဆိုင်တဲ့ ကြားဖြတ်ကြော်ငြာများ၊ ဇာတ်လမ်းများ၊ အခြားလုပ်ငန်းများအတွက် ပတ်သက်မှုမရှိစေရဘဲ သိရှိပါက မူလရိုက်ကူးခ ကောက်ခံနှုန်းရဲ့ နှစ်ဆကို ဒဏ်ငွေအဖြစ် ပေးရမယ်လို့ ဆိုပါတယ်။

ရိုက်ကူးရေးအဖွဲ့တွေအနေနဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာရမှာ ဖြစ်ပြီး မလိုက်နာပါက တည်ဆဲဥပေဒနဲ့ အညီ အရေးယူခံရမှာ ဖြစ်သလို ဇာတ်လမ်း၊ ကြော်ငြာကိုလည်း ပိတ်ပင်တားမြစ်ခံရမယ်လို့ ပုဂံဌာနခွဲကနေ ကြေညာထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top