မေန႔ထဲက ေရးခ်င္ေနတဲ့ post

ပန္းေတာင္းၿမိဳ႕နယ္ ၾကာအင္းရြာေဟာင္းကို ေရသြားလႉဖို့ ဗဟိုမီးသတ္ကို ကားသြားငွါးတယ္။ ဂါလံ ၁၆၀၀ တစီး ၄၀၀၀၀ ေတာင္းတယ္ ။ ရတယ္ လႉမယ္ ကြၽန္မတို႔ ၂ စီးလႉမယ္ ေသာက္ေရ ျပတ္ေနလို႔ဆိုေတာ့ တနဂၤေႏြတစီး တနလၤာတစီး ရမယ္တ့ဲ။

ဟုတ္က့ဲ ရတယ္ဆိုပီး မေန႔က သြားလႉတယ္။ ဗဟိုမီးသတ္ေရာက္ေတာ့ အံမယ္ ဝတ္စံုျပည့္ေတနဲ႔ ကိုယ္ေတာင္ က်ီးက်ဴးလိုက္မိေသးတာ ကားလဲ ေသေသသပ္သပ္နဲ႔ေပါ့။ မႏွစ္က သြားလႉတုန္းက ပီးစလြယ္ကားနဲ႔ ထည့္လႊတ္လိုက္တာ ျမင္ေယာင္မိေသးတာ ခုႏွစ္ေတာ့ ေစတနာပါသားေပါ့ေလ အဲလိုေတြးမိေသးရဲ႕

ဘယ္ဟုတ္လိမ့္မလဲ ဒင္းတို႔က အၾကံနဲ႔ ျပည္က စထြက္တုန္းက ဒီလို ဗီႏုိင္းမတပ္ထားဘူး။ ရြာထဲဝင္ခါနီးက် ဗီႏုိင္း ေကာက္ဆင္ပါေလေရာလား။ ရြာထဲ ေရလႉေတာ့လဲ အဲလိုႀကီး ဒီေတာ့ ႐ိုးသားတ့ဲ ရြာသားေတြက ကိုယ္ေတလႉတယ္ဆိုတာ မသိေတာ့ဘူး

သူတို႔ပဲ လႉသေယာင္ေယာင္ ဓာတ္ပံုေတြလဲ တဖ်က္ဖ်က္ သာတို႔ပဲ႐ိုက္ၾက အဲေတာ့ ပါလာတ့ဲ တပြင့္ကို ေခၚေျပာ လိုက္တယ္။ ဒီေရက ဘယ္သူလႉတာလဲလို႔ ေမးလိုက္ေတာ့ အမတို႔လႉတာေလ တကား ၄၀၀၀၀ ပဲ ေပးပါတ့ဲ။ ဟုတ္ပီ ေပးတာက ေပးလို႔ရတယ္ ခုဗီႏိုင္းက ဘယ္လိုလုပ္တာလဲ ဆိုေတာ့ မွတ္တမ္းယူတာပါတ့ဲ မွတ္တမ္းယူတာလဲ အမတို႔ လႉထားတာေလ မသိရင္ ျပည္ခ႐ိုင္မီးသတ္တပ္ဖဲြ႔ကပဲ လႉသလိုလိုျဖစ္မေနဘူးလား ဆိုေတာ့ ဘာမွမေျပာဘူးစကားလဲ မမ်ားခ်င္တာနဲ႔ ဘာမွထပ္မေျပာလိုက္ေတာ့ဘူး ကိုယ္ေတ သေဘာထားလဲ သူတို႔ သိပီပဲေလ ဆိုပီး ထားလိုက္တယ္

အဲဒီအခ်ိန္ ေထြအုပ္က မွတ္တမ္းယူခိုင္းလိုက္တယ္ ဆိုပီး ဓာတ္ပံု လာ႐ိုက္တ့ဲသူလဲ ႐ွိတယ္။ အေ႐ွ႕ေတြ အေနာက္ေတြ စံုလို႔ ကြၽန္မလဲ စိတ္အခ်ဥ္ေပါက္ေပါက္နဲ႔ ဓာတ္ပံုလာ႐ိုက္တ့ဲသူကို ေျပာလိုက္တယ္ ေ႐ွ႕ကဗီႏိုင္းမပါေစနဲ႔လို႔ ေျပာလိုက္တယ္။

သူတို႔ကလဲ ဒီေလာက္ေျပာေနတာေတာင္ မ်က္ႏွာ ေျပာင္ပ ဗီႏိုင္းကို လံုးဝ မျဖဳတ္။ ကဲ ႐ွိေစေတာ့ ဒီမနက္ ရြာကို လွမ္းေမးလိုက္တယ္ ေရကား လာသြားပီလားလို႔ လာသြားပီတ့ဲ ဟိုဗီႏိုင္းႀကီးတပ္လာေသးလားဆိုေတာ့ တပ္လာတယ္တ့ဲ

နာမည္လိုခ်င္လို႔မဟုတ္ဘူး လုပ္တာကို သေဘာမက်လို႔ ဒီpost ကို တင္လိုက္တာ ဝ ေတာ့ ဝ တယ္ လူပါးးး မေန႔က post မတင္ေတာ့ပါဘူးေလ လို႔ေတြးေနတာ ဒီေန႔ ထပ္လုပ္လာလို႔ ေရးလိုက္တာ

ဖိုးသူေတာ္ (www.phothutaw.com)
Credit:Thi Thi Win

#Unicode Version# ျဖင့္ဖတ္ပါ ။

မနေ့ထဲက ရေးချင်နေတဲ့ post

ပန်းတောင်းမြို့နယ် ကြာအင်းရွာဟောင်းကို ရေသွားလှူဖို့ ဗဟိုမီးသတ်ကို ကားသွားငှါးတယ်။ ဂါလံ ၁၆၀၀ တစီး ၄၀၀၀၀ တောင်းတယ် ။ ရတယ် လှူမယ် ကျွန်မတို့ ၂ စီးလှူမယ် သောက်ရေ ပြတ်နေလို့ဆိုတော့ တနင်္ဂနွေတစီး တနင်္လာတစီး ရမယ်တဲ့။

ဟုတ်ကဲ့ ရတယ်ဆိုပီး မနေ့က သွားလှူတယ်။ ဗဟိုမီးသတ်ရောက်တော့ အံမယ် ဝတ်စုံပြည့်တေနဲ့ ကိုယ်တောင် ကျီးကျူးလိုက်မိသေးတာ ကားလဲ သေသေသပ်သပ်နဲ့ပေါ့။ မနှစ်က သွားလှူတုန်းက ပီးစလွယ်ကားနဲ့ ထည့်လွှတ်လိုက်တာ မြင်ယောင်မိသေးတာ ခုနှစ်တော့ စေတနာပါသားပေါ့လေ အဲလိုတွေးမိသေးရဲ့

ဘယ်ဟုတ်လိမ့်မလဲ ဒင်းတို့က အကြံနဲ့ ပြည်က စထွက်တုန်းက ဒီလို ဗီနိုင်းမတပ်ထားဘူး။ ရွာထဲဝင်ခါနီးကျ ဗီနိုင်း ကောက်ဆင်ပါလေရောလား။ ရွာထဲ ရေလှူတော့လဲ အဲလိုကြီး ဒီတော့ ရိုးသားတဲ့ ရွာသားတွေက ကိုယ်တေလှူတယ်ဆိုတာ မသိတော့ဘူး

သူတို့ပဲ လှူသယောင်ယောင် ဓာတ်ပုံတွေလဲ တဖျက်ဖျက် သာတို့ပဲရိုက်ကြ အဲတော့ ပါလာတဲ့ တပွင့်ကို ခေါ်ပြော လိုက်တယ်။ ဒီရေက ဘယ်သူလှူတာလဲလို့ မေးလိုက်တော့ အမတို့လှူတာလေ တကား ၄၀၀၀၀ ပဲ ပေးပါတဲ့။ ဟုတ်ပီ ပေးတာက ပေးလို့ရတယ် ခုဗီနိုင်းက ဘယ်လိုလုပ်တာလဲ ဆိုတော့ မှတ်တမ်းယူတာပါတဲ့ မှတ်တမ်းယူတာလဲ အမတို့ လှူထားတာလေ မသိရင် ပြည်ခရိုင်မီးသတ်တပ်ဖွဲ့ကပဲ လှူသလိုလိုဖြစ်မနေဘူးလား ဆိုတော့ ဘာမှမပြောဘူးစကားလဲ မများချင်တာနဲ့ ဘာမှထပ်မပြောလိုက်တော့ဘူး ကိုယ်တေ သဘောထားလဲ သူတို့ သိပီပဲလေ ဆိုပီး ထားလိုက်တယ်

အဲဒီအချိန် ထွေအုပ်က မှတ်တမ်းယူခိုင်းလိုက်တယ် ဆိုပီး ဓာတ်ပုံ လာရိုက်တဲ့သူလဲ ရှိတယ်။ အရှေ့တွေ အနောက်တွေ စုံလို့ ကျွန်မလဲ စိတ်အချဉ်ပေါက်ပေါက်နဲ့ ဓာတ်ပုံလာရိုက်တဲ့သူကို ပြောလိုက်တယ် ရှေ့ကဗီနိုင်းမပါစေနဲ့လို့ ပြောလိုက်တယ်။

သူတို့ကလဲ ဒီလောက်ပြောနေတာတောင် မျက်နှာ ပြောင်ပ ဗီနိုင်းကို လုံးဝ မဖြုတ်။ ကဲ ရှိစေတော့ ဒီမနက် ရွာကို လှမ်းမေးလိုက်တယ် ရေကား လာသွားပီလားလို့ လာသွားပီတဲ့ ဟိုဗီနိုင်းကြီးတပ်လာသေးလားဆိုတော့ တပ်လာတယ်တဲ့

နာမည်လိုချင်လို့မဟုတ်ဘူး လုပ်တာကို သဘောမကျလို့ ဒီpost ကို တင်လိုက်တာ ဝ တော့ ဝ တယ် လူပါးးး မနေ့က post မတင်တော့ပါဘူးလေ လို့တွေးနေတာ ဒီနေ့ ထပ်လုပ်လာလို့ ရေးလိုက်တာ

ဖိုးသူတော် (www.phothutaw.com)
Credit:Thi Thi Win
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top