iMyanmarHouse.com - Best Property Website for Myanmar
×

ဝက္ေသြးႀကိဳက္သူေတြအတြက္ေတာ့ ထိတ္လန႔္စရာ သတင္းတစ္ပုဒ္ပါပဲ။ အထူးသျဖင့္ ဝက္သားဒုတ္ထိုး မၾကာခဏစားၾကသူေတြ အထူးသတိထားရမွာကေတာ့ ဝက္ေသြးျဖစ္ပါတယ္။ ဒုတ္ထိုးဆိုင္ေတြမွာ ဝက္ေသြးက ေစ်းအသက္သာဆုံးျဖစ္လို႔ အမ်ားႀကီးစားမိရင္ အခုလိုအျဖစ္ဆိုမ်ိဳးနဲ႔ လူတိုင္းၾကဳံေတြ႕နိုင္ပါတယ္။

ထိုင္းနိုင္ငံက Pao Nopparat Milinthanuch ဆိုတဲ့ လူငယ္ဟာ ဝက္ေသြးကေနတစ္ဆင့္ ေသြးထဲကို ဗိုင္းရပ္စ္ပိုးကူးစက္ၿပီး ေနာက္ဆုံးမွာ အသက္ရွင္ဖို႔အတြက္ ေျခေထာက္ႏွစ္ဖက္လုံးကို ဒူးေအာက္ကေနစၿပီး ျဖတ္ေတာက္ပစ္ခဲ့ရပါတယ္။ အရြယ္ေကာင္းတုန္းမွာပဲ အစားတစ္လုတ္ေၾကာင့္ ဒုကၡိတဘဝကို ေရာက္သြားခဲ့ပါတယ္။
 
ခိုေဆာ့သတင္းမီဒီယာမွာ ေဖာ္ျပထားတာကေတာ့ ၂၀၁၆ ခုႏွစ္တုန္းက အခုလို သၾကၤန္ပြဲေတာ္ရက္မွာ ဘန္ေကာက္ၿမိဳ႕ကေန ေနရပ္ကို ျပန္လာခဲ့ပါတယ္။ သၾကၤန္တြင္းမွာ အလွူတစ္ခုနဲ႔ ၾကဳံၿပီး တည္ခင္းထားတဲ့ ဝက္ေသြးတုံးေတြ စားခဲ့မိပါတယ္။ အဲဒီေနာက္မွာ ေနမေကာင္းခ်င္သလို မအီမသာ ျဖစ္ခဲ့ပါတယ္။ သၾကၤန္ၿပီးလို႔ ဘန္ေကာက္ကို ျပန္ေရာက္တဲ့အခ်ိန္မွာေတာ့ သူ႔ရဲ့ႂကြက္သားေတြ လွုပ္ရွားလို႔မေကာင္းပဲ မူမမွန္တာ၊ လက္ဖ်ားေျခဖ်ားေတြ အရမ္းေအးစက္ေနတာေတြကို စတင္ခံစားလာရပါတယ္။ အဲဒါေၾကာင့္ ေဆး႐ုံသြားျပခဲ့ပါတယ္။
 
ေဆးစစ္ခ်က္အေျဖထြက္လာတဲ့အခါမွာေတာ့ သူ႔ရဲ့ေသြးထဲမွာ ေရာဂါပိုးကူးစက္ခံရမွုအေျခေန အေတာ္ေလးဆိုးေနတယ္လို႔ သိလိုက္ရပါတယ္။ ခႏၶာကိုယ္ထဲမွာ ေရာဂါပိုးကို တိုက္ဖ်က္ေပးတဲ့ ခုခံအားစနစ္ေတြ က်လာသလို ေက်ာက္ကပ္ပိုင္းဆိုင္ရာ စြမ္းေဆာင္ရည္ေတြလည္း က်လာပါတယ္၊ ဒါ့အျပင္ အသက္ရွုရခက္တဲ့ ေဝဒနာေတြကိုပါ တစ္ၿပိဳင္တည္း ခံစားေနရပါတယ္။

ဆရာဝန္ေတြက ခ်က္ျခင္းကုသဖို႔ ဆုံးျဖတ္ေပမယ့္ ေနာက္ထပ္ ၂၄ နာရီဟာ သူ႔အတြက္ ေသေရးရွင္ေရးနဲ႔ နပမ္းလုံးရမွာျဖစ္ၿပီး ကုသမွုမေအာင္ျမင္ရင္ အသက္အႏၲရာယ္ပါရွိေနတယ္လို႔ ဆိုပါတယ္။။ အဲဒီအခ်ိန္မွာ သူ႔ရဲ့ေျခေထာက္ရဲ့ ဆဲလ္ေတြ ေရာဂါပိုးေၾကာင့္ ဆိုးရြားစြာပ်က္ဆီးေနပါၿပီ။ ေျခေထာက္ျဖတ္ပစ္မွသာ အသက္ရွင္နိုင္မယ္လို႔ ဆရာဝန္ေတြက ေျပာၾကားခဲ့တဲ့အတြက္ ေရြးစရာလမ္းမရွိေတာ့ပဲ ေျခေထာက္ ႏွစ္ဖက္စလုံး ျဖတ္ပစ္ခဲ့ရပါတယ္။
ဒီအေၾကာင္းေတြကို ႐ုပ္သံအစီစဥ္မွာ သူကိုယ္တိုင္ ပရိသတ္ေတြကို ေဝမၽွေျပာဆိုခဲ့ပါတယ္။

ကမၻာ့က်န္းမာေရးအဖြဲ႕ႀကီး(WHO) ရဲ့ ညႊန္ၾကားခ်က္မွာ ေရာဂါပိုးဟာ အပူခ်ိန္ ၇၀ ဒီဂရီေအာက္ ခ်က္ျပဳတ္တဲ့အစားအေသာက္ေတြကေန ကူးစက္နိုင္သလို ဓါးရွရာ၊ ပြန္းပဲ့ရာေတြကေနလည္း ကူးစက္နိုင္တယ္လို႔ ေဖာ္ျပထားပါတယ္။ ကူးစက္ေရာဂါပိုးဟာ ဝက္ရဲ့ အတြင္းကလီစာေတြမွာ အမ်ားဆုံးရွိေနတာမို႔ ႀကိဳက္တတ္သူေတြအေနနဲ႔ ေသေသခ်ာခ်ာက်က္ေအာင္ စနစ္တက်ခ်က္ျပဳတ္ၿပီးမွ စားေသာက္သင့္ပါတယ္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:Popolay
#Unicode Version#
ဝက်သွေးကြိုက်သူတွေအတွက်တော့ ထိတ်လန့်စရာ သတင်းတစ်ပုဒ်ပါပဲ။ အထူးသဖြင့် ဝက်သားဒုတ်ထိုး မကြာခဏစားကြသူတွေ အထူးသတိထားရမှာကတော့ ဝက်သွေးဖြစ်ပါတယ်။ ဒုတ်ထိုးဆိုင်တွေမှာ ဝက်သွေးက ဈေးအသက်သာဆုံးဖြစ်လို့ အများကြီးစားမိရင် အခုလိုအဖြစ်ဆိုမျိုးနဲ့ လူတိုင်းကြုံတွေ့နိုင်ပါတယ်။

ထိုင်းနိုင်ငံက Pao Nopparat Milinthanuch ဆိုတဲ့ လူငယ်ဟာ ဝက်သွေးကနေတစ်ဆင့် သွေးထဲကို ဗိုင်းရပ်စ်ပိုးကူးစက်ပြီး နောက်ဆုံးမှာ အသက်ရှင်ဖို့အတွက် ခြေထောက်နှစ်ဖက်လုံးကို ဒူးအောက်ကနေစပြီး ဖြတ်တောက်ပစ်ခဲ့ရပါတယ်။ အရွယ်ကောင်းတုန်းမှာပဲ အစားတစ်လုတ်ကြောင့် ဒုက္ခိတဘဝကို ရောက်သွားခဲ့ပါတယ်။

ခိုဆော့သတင်းမီဒီယာမှာ ဖော်ပြထားတာကတော့ ၂၀၁၆ ခုနှစ်တုန်းက အခုလို သြင်္ကန်ပွဲတော်ရက်မှာ ဘန်ကောက်မြို့ကနေ နေရပ်ကို ပြန်လာခဲ့ပါတယ်။ သြင်္ကန်တွင်းမှာ အလှူတစ်ခုနဲ့ ကြုံပြီး တည်ခင်းထားတဲ့ ဝက်သွေးတုံးတွေ စားခဲ့မိပါတယ်။ အဲဒီနောက်မှာ နေမကောင်းချင်သလို မအီမသာ ဖြစ်ခဲ့ပါတယ်။ သြင်္ကန်ပြီးလို့ ဘန်ကောက်ကို ပြန်ရောက်တဲ့အချိန်မှာတော့ သူ့ရဲ့ကြွက်သားတွေ လှုပ်ရှားလို့မကောင်းပဲ မူမမှန်တာ၊ လက်ဖျားခြေဖျားတွေ အရမ်းအေးစက်နေတာတွေကို စတင်ခံစားလာရပါတယ်။ အဲဒါကြောင့် ဆေးရုံသွားပြခဲ့ပါတယ်။

ဆေးစစ်ချက်အဖြေထွက်လာတဲ့အခါမှာတော့ သူ့ရဲ့သွေးထဲမှာ ရောဂါပိုးကူးစက်ခံရမှုအခြေနေ အတော်လေးဆိုးနေတယ်လို့ သိလိုက်ရပါတယ်။ ခန္ဓာကိုယ်ထဲမှာ ရောဂါပိုးကို တိုက်ဖျက်ပေးတဲ့ ခုခံအားစနစ်တွေ ကျလာသလို ကျောက်ကပ်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေလည်း ကျလာပါတယ်၊ ဒါ့အပြင် အသက်ရှုရခက်တဲ့ ဝေဒနာတွေကိုပါ တစ်ပြိုင်တည်း ခံစားနေရပါတယ်။

ဆရာဝန်တွေက ချက်ခြင်းကုသဖို့ ဆုံးဖြတ်ပေမယ့် နောက်ထပ် ၂၄ နာရီဟာ သူ့အတွက် သေရေးရှင်ရေးနဲ့ နပမ်းလုံးရမှာဖြစ်ပြီး ကုသမှုမအောင်မြင်ရင် အသက်အန္တရာယ်ပါရှိနေတယ်လို့ ဆိုပါတယ်။။ အဲဒီအချိန်မှာ သူ့ရဲ့ခြေထောက်ရဲ့ ဆဲလ်တွေ ရောဂါပိုးကြောင့် ဆိုးရွားစွာပျက်ဆီးနေပါပြီ။ ခြေထောက်ဖြတ်ပစ်မှသာ အသက်ရှင်နိုင်မယ်လို့ ဆရာဝန်တွေက ပြောကြားခဲ့တဲ့အတွက် ရွေးစရာလမ်းမရှိတော့ပဲ ခြေထောက် နှစ်ဖက်စလုံး ဖြတ်ပစ်ခဲ့ရပါတယ်။
ဒီအကြောင်းတွေကို ရုပ်သံအစီစဉ်မှာ သူကိုယ်တိုင် ပရိသတ်တွေကို ဝေမျှပြောဆိုခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO) ရဲ့ ညွှန်ကြားချက်မှာ ရောဂါပိုးဟာ အပူချိန် ၇၀ ဒီဂရီအောက် ချက်ပြုတ်တဲ့အစားအသောက်တွေကနေ ကူးစက်နိုင်သလို ဓါးရှရာ၊ ပွန်းပဲ့ရာတွေကနေလည်း ကူးစက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ ကူးစက်ရောဂါပိုးဟာ ဝက်ရဲ့ အတွင်းကလီစာတွေမှာ အများဆုံးရှိနေတာမို့ ကြိုက်တတ်သူတွေအနေနဲ့ သေသေချာချာကျက်အောင် စနစ်တကျချက်ပြုတ်ပြီးမှ စားသောက်သင့်ပါတယ်။


ဖိုးသူတော်(www.phothutaw.com)
Credit:Popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top