

Credit:ဟိန်းအာကာ
#Unicode Version#
ကြားရပြန်ပြီဗျာ.. အသက်ဘေးမှ ကင်းလွတ်ကြပါစေ..။ ဘုရားဖူး အသွားအလာများတဲ့ လမို့လားမသိဘူး အခုရက်ပိုင်း လပိုင်းမှာ ဘုရားဖူးကားတွေ တိမ်းမှောက်တာတွေ တော်တော်များများကြားသိခဲ့ပါတယ်..။
အခုလည်း 4.4.2019 ရက်နေ့ နံနက် ၁၀း၁၅ နာရီ အချိန်ခန့်ကထားဝယ်ခရိုင် ရေဖြူမြိုနယ် ၂၁ မိုင် အနီး လူ ၁၅ ဦးလိုက်ပါလာသော ဘုရားဖူးယာဉ်ငယ်တစ်စီး ဘီးပေါက်ကာ လမ်းနံဘေးသို့ ထိုးကျခဲ့ကြောင်း ကြားသိရပြန်ပြီ..။
ပါလာတဲ့လူတော်တော်များများ ဒဏ်ရာ အပြင်းအထန်ရပြီး ရေဖြူဆေးရုံနျင် ထားဝယ်ဆေးရုံတို့မှာ သယ်ယူပို့ဆောင်ပေးခဲ့ရကြောင်း သိရှိရပါတယ်..။ အသေအပျောက် သတင်း ကပ်ပါမလာတာကိုပဲ တော်တော်လေး စိတ်အေးခဲ့ရပါတယ်..။
ဘုရားဖူးယာဉ်တစ်စီး ဘီးပေါက်ကာ လမ်းဘေးထိုးကျ
4.4.2019 ရက်နေ့ နံနက် ၁၀း၁၅ နာရီ အချိန်ခန့်ကထားဝယ်ခရိုင် ရေဖြူမြိုနယ် ၂၁ မိုင် အနီး လူ ၁၅ ဦးလိုက်ပါလာသော ဘုရားဖူးယာဉ်ငယ်တစ်စီး ဘီးပေါက်ကာ လမ်းနံဘေးသို့ ထိုးကျခဲ့ပါသည်ဒဏ်ရာရရှိသူ ၁၂ ဦး(ကျား ၆ မ ၆) (လေးဦးဒဏ်ရာပြင်း)အား ရေဖြူဆေးရုံနှင့်ထားဝယ်ဆေးရုံကြီး တို့သို့ သယ်ယူပို့ဆောင်ပေးခဲ့ပါသည်
ရေးမြို့မှ ထားဝယ်မြို့သို့ ဘုရားဖူးလာသောကား ဟုသိရှိရကာ ထားဝယ်မြို့မှ ဘုရားဖူးပြီးအပြန်တွင် အခင်းဖြစ်ပွားခြင်းဖြစ်ကြောင်း သိရှိရပါသည်။
ဖိုးသူတော်(www.phothutaw.com)
Credit:ဟိန်းအာကာ