တက္သစ္နယ္ေျမရဲစခန္းအပုိင္၌ ေငြတိုးေခ်းငွားသည့္ အမ်ဳိးသမီးတစ္ဦး ဒါးဒဏ္ရာ (၈)ခ်က္ျဖင့္ အသတ္ခံရမႈ ျပစ္မႈက်ဴးလြန္သူမ်ား အခ်ိန္တိုအတြင္းဖမ္းဆီးရမိ….

၂၀၁၉ ဧၿပီ ၁၆ရက္ေန႔ ၅နာရီခြဲအခ်ိန္ခန္႔တြင္ အေနာက္ပိုင္းတကၠသိုလ္ လမ္းမေဘး အမွိုက္ပုံ၌ ပီနံအိတ္ႏွင့္ ထုတ္လ်က္ အမ်ိဳးသမီးအေလာင္း တစ္ေလာင္းေတြ႕ရွိေၾကာင္း သတင္းအရ တာဝန္ရွိသူမ်ား သြားေရာက္စစ္ေဆးခဲ့စဥ္ ခႏၶာကိုယ္၌ ဝဲနားေအာက္၊ ဝဲခ်ိဳင္းေဘး၊ ဝဲနို႔အုံဘ၊ နို႔အုံ၊ ရင္ဘတ္၊ ဝမ္းဗိုက္၊ ယာလည္ပင္းေအာက္၊

ယာခ်ိဳင္းေအာက္တို႔၌ ထိုးသြင္းဒဏ္ရာ(၁)ခ်က္စီႏွင့္ဝဲတံေတာင္မြန္းပဲ့ဒဏ္ရာ(၁)ခ်က္တို႔ေတြ႕ရွိၿပီးေသဆုံးေနသည္အား ေတြ႕ရွိရ၍ ဆက္လက္စစ္ေဆးခ်ိန္ ေသဆုံးသူတြင္ လိႈင္သာယာၿမိဳ႕မရဲစခန္း လူေပ်ာက္အမွတ္စဥ္ (၃၈/၂၀၁၉)ျဖင့္ လူေပ်ာက္ဖြင့္ထားေသာ ေဒၚမာမာ(ခ) သီသီႏြယ္ (၄၇)ႏွစ္၊ ကေနာင္လမ္း၊ (၁)ရပ္ကြက္၊ လိႈင္သာယာၿမိဳ႕နယ္ေနသူျဖစ္ေၾကာင္း အတည္ႏိုင္ခဲ့သည္ဟု စုံစမ္းစစ္ေဆးရသည္။

အဆိုပါလူသတ္မႈႏွင့္ပတ္သတ္၍ ရန္ကုန္တိုင္းေဒသႀကီး ရဲတပ္ဖြဲ႕မႉး၊ ေျမာက္ပိုင္းခရိုင္ရဲတပ္ဖြဲ႕မႉးတို႔မွ “လူသတ္မႈက်ဴးလြန္သူ တရားခံအား အျမန္စုံစမ္းေဖာ္ထုတ္ဖမ္းဆီးေဆာင္႐ြက္သြားရန္”ဟု ၫႊန္ၾကားခ်က္ေၾကာင္း ေျမာက္ပိုင္းခရိုင္ရဲတပ္ဖြဲ႕မႉးဒုတိယရဲမႉးႀကီးလွေဝ၏ အနီးကပ္ႀကီးၾကပ္မႈျဖင့္ ေျမာက္ပိုင္းခရိုင္မႈခင္းႏွိမ္နင္းေရးဌာနစုမွ ဌာနစုမႉးရဲအုပ္ေအာင္ေက်ာ္စိုး ဦးစီး၍ ဒုရဲအုပ္ရန္နိုင္လင္း တပ္ဖြဲ႕ တို႔ပါဝင္ေသာအဖြဲ႕သည္

အခင္းျဖစ္ရပ္စစ္ေဆးျခင္း၊ မွတ္တမ္းဓါတ္ပုံရိုက္ကူးျခင္း၊ ေသဆုံးသူ ရင္ခြဲစစ္ေဆးျခင္းအား ၾကည့္ရႈစစ္ေဆးျခင္း၊ေသဆုံးသူ၏ပတ္ဝန္းက်င္ရွိ သက္ေသမ်ားအား စစ္ေဆးျခင္း တို႔ေဆာင္႐ြက္ခဲ့ၿပီးေနာက္

ေသဆုံးသူေဒၚမာမာ(ခ) သီသီႏြယ္၏ ေနာက္ေၾကာင္းအား စုံစမ္းျခင္း

ေဒၚမာမာ(ခ) သီသီႏြယ္တြင္ ၎သည္ ရပ္ကြက္အတြင္း၌ ေငြတိုးေခ်းငွားျခင္းလုပ္ငန္းျဖင့္ အသက္ေမြးဝမ္းေၾကာင္း လုပ္ကိုင္သူျဖစ္ေၾကာင္း၊ ရပ္ကြက္တြင္ စကားအေျပာအဆိုၾကမ္းတမ္းသူျဖစ္ေၾကာင္း၊ ေ႐ႊထည္ရတနာ ပစၥည္းမ်ားအား ဝတ္ဆင္ေလ့ရွိေၾကာင္း၊ ရပ္ကြက္အတြင္း၌ အေႂကြးလိုက္လံ အေႂကြးေတာင္းခံသူ ျဖစ္ေၾကာင္း စုံစမ္းသိရွိရပါသည္။

ျပစ္မႈက်ဴးလြန္သူအား စုံစမ္းျခင္း

“ေျမာက္ပိုင္းခရိုင္မႈခင္းႏွိမ္နင္းေရးဌာနစုမွ ဌာနစုမႉး ရဲအုပ္ေအာင္ေက်ာ္စိုး ဦးစီးတပ္ဖြဲ႕ဝင္မ်ားတြင္ ေသဆုံးသူထံမွ အေႂကြးယူခဲ့ဘူးသူမ်ားအား စစ္ေဆးတယ္၊ ေဒၚမာမာ(ခ)သီသီႏြယ္ မေသဆုံးမီ ေနာက္ဆုံးဖုန္းဆက္သူ တင္ထြန္းဝင္း(ခ) ပရက္၊ (ခ) ဦးတင္အားစစ္ေဆးျခင္း၊

ေသဆုံးသူထံမွ အၿမဲတေစအေႂကြးယူခဲ့ဘူးသူ ေက်ာ္ေဇယ်ာလင္း (ခ)လင္းလင္းအားစစ္ေဆးတယ္၊ အမာခံသတင္း ေပးမ်ားျဖင့္ စုံစမ္းေဆာင္႐ြက္ခဲ့စဥ္ ေသဆုံးသူ၏ လက္ဝက္ေ႐ႊထည္ပစၥည္းႏွင့္ပုံစံတူ ေ႐ႊလက္ေကာက္(၄)ကြင္းႏွင့္ ေ႐ႊလက္စြပ္(၁)အား၂၁.၄.၂၀၁၉ ရက္ေန႕တြင္

ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ (ဈ)ေဈးရွိ ေ႐ႊဆိုင္တြင္ အမ်ိဳးသမီး(၁)ဦးမွလာေရာက္ေရာင္းခ်ေနေၾကာင္း အမာခံသတင္းေပး၏ ေျပာျပခ်က္အရ သြားေရာက္အတည္ျပဳစုံစမ္းခဲ့ရာေ႐ႊထည္ပစၥည္းမ်ားအား လာေရာက္ေရာင္းခ်သူမွာ လိႈင္သာယာၿမိဳ႕နယ္၊ (၁၅)ရပ္ကြက္တြင္ ေနထိုင္သူမမိုးမိုးဆန္းဆိုသူျဖစ္ေၾကာင္း စုံစမ္းသိရွိရသျဖင့္

မမိုးမိုးဆန္းအား စစ္ေဆးေမးျမန္းခဲ့ရာ ၂၁.၄.၂၀၁၉ရက္ေန႕တြင္ မ/၂၈၆၊ ကေနာင္လမ္း၊ (၁)ရပ္ကြက္၊ လွိုင္သာယာၿမိဳ႕နယ္ေနထိုင္သူ ေက်ာ္ေဇယ်လင္း(ခ)လင္းလင္းမွ ေရာင္းခ်ခိုင္းေသာ ေ႐ႊထည္ပစၥည္းမ်ား ျဖစ္ေၾကာင္း သတင္းအစရရွိခဲ့သည္”ဟု တာဝန္ရွိသူမ်ားမွ မႈခင္ရႈေထာင့္ဂ်ာနယ္သို႔ ေျပာၾကားသည္။

ျပစ္မႈက်ဴးလြန္ေၾကာင္းေပၚေပါက္ျခင္းႏွင့္ဖမ္းဆီးရမိ

“မသကၤာတရားခံ ေက်ာ္ေဇယ်လင္း(ခ)လင္းလင္း (၂၄)ႏွစ္၊ (ဘ)ဦးေအာင္မိုး(ယာဥ္ေမာင္း)၊ ၂၈၆၊ ကေနာင္လမ္း၊ (၁)ရပ္ကြက္၊ လိႈင္သာယာၿမိဳ႕နယ္အားအမႈမွပါဆုံးေ႐ႊထည္ပစၥည္းမ်ားႏွင့္ ပတ္သက္ၿပီး ေထာက္ျပ၍ အေသးစိတ္စစ္ေဆးခဲ့ရာ ၎သည္ ျငင္းကြယ္ထြက္ဆိုျခင္းမျပဳဘဲ တစ္လမ္းတည္းေနထိုင္သူ တင္ထြန္းဝင္း(ခ) ဝက္သား(ခ) ဦးတင္ (၃၀)ႏွစ္၊ (ဘ)ဦးတင္ထြန္း(ဝက္သားေရာင္း)၊ မ/၂၅၉၊ ကေနာင္လမ္း၊ (၁)ရပ္ကြက္၊

လွိုင္သာယာၿမိဳ႕နယ္ေနသူႏွင့္အတူ ျပစ္မႈက်ဴးလြန္ေၾကာင္း ဝန္ခံထြက္ဆိုသျဖင့္ အမႈပါဝင္သည့္ ျပစ္မႈက်ဴးလြန္သူ တင္ထြန္းဝင္း(ခ) ဝက္သား(ခ) ဦးတင္အား ၎ေနထိုင္ရာ လွိုင္သာယာၿမိဳ႕နယ္၊ (၁)ရပ္ကြက္၊ ကေနာင္လမ္း၊ မ/၂၅၉ရွိ ေနအိမ္တြင္ အမႈျဖင့္ ဖမ္းဆီးရမိခဲ့သည္” ဟု မႈခင္းရႈေထာင့္ဂ်ာနယ္သို႔ ေျပာၾကားသည္။

ျပစ္မႈက်ဴးလြန္သူမ်ား၏ စစ္ေဆးေပၚေပါက္ခ်က္

“ျပစ္မႈက်ဴးလြန္သူ ေက်ာ္လင္း(ခ)လင္းလင္း ႏွင့္ တင္ထြန္းဝင္း(ခ) ဝက္သား(ခ) ဦးတင္တို႔(၂)ဦးအား စစ္ေဆးခဲ့စဥ္ ၇.၄.၂၀၁၉ ရက္ေန႕ (၄)နာရီ အခ်ိန္ခန္႔တြင္ တင္ထြန္းဝင္း(ခ) ဝက္သား(ခ) ဦးတင္မွာ ေနအိမ္ဘိလိယက္ခုံတြင္ ရွိေနစဥ္ ေက်ာ္ေဇယ်လင္း(ခ) လင္းလင္း ေရာက္ရွိလာၿပီး ဘိလိယက္ထိုးရာ ရႈံးသျဖင့္ ေဒၚမာမာ(ခ) သီသီႏြယ္၏ တူျဖစ္သူ ကိုနိုင္ထံမွ ေငြ(၃၀၀၀၀)က်ပ္ ေခ်းသြားခဲ့ၿပီး ၁၀.၄.၂၀၁၉ ရက္ေန႔တြင္ ျပန္ေပးမည္ဟု ေျပာဆိုခဲ့တယ္။

၁၂.၄.၂၀၁၉ ရက္ေန႔ (၄)အခ်ိန္ခန႔္တြင္ တင္ထြန္းဝင္း(ခ)ဝက္သား(ခ) ဦးတင္ မွာေနအိမ္ဘိလိယက္ခုံတြင္ရွိေနစဥ္ ေက်ာ္ေဇယ်လင္း(ခ)လင္းလင္း ေရာက္ရွိလာၿပီး ၎စက္ဘီးေပါင္၍မရေၾကာင္း၊ အေႂကြးလည္း မေပးနိုင္ေၾကာင္း ေျပာၿပီး တင္ထြန္းဝင္း(ခ) ဝက္သား(ခ)ဦးတင္ အား ေဒၚမာမာ(ခ) သီသီႏြယ္ထံမွထားေသာ အေႂကြးေပးၿပီးၿပီလားဟုေမးရာ မေပးရေသးေၾကာင္းေျပာရာ ေဒၚမာမာ(ခ) သီသီႏြယ္ကို ဒီညေခၚလိုက္ဟုေျပာရာ

တင္ထြန္းဝင္း(ခ) ဝက္သား (ခ)ဦးတင္မွ ေနအိမ္တြင္မိန္းမရွိေနသျဖင့္ အျပင္ေပ်ာက္၍ မရဟုေျပာဆိုခဲ့ေၾကာင္း၊ ေက်ာ္ေဇယ်လင္း(ခ)လင္းလင္းမွ ၁၃.၄.၂၀၁၉ရက္ေန႔ (သၾကၤန္အႀကိဳေန႔)တြင္ ၎၏ဖခင္ျဖစ္သူႏွင့္အတူ ဘုန္းႀကီးဝတ္ရမည္ဟုေျပာရာ တင္ထြန္းဝင္း(ခ) ဝက္သား (၁)ဦးဟင္မွ ဝတ္ေပါ့ဟု ျပန္လည္ေျပာခဲ့တယ္။

၁၃.၄.၂၀၁၉ ရက္ေန႕(သၾကၤန္အႀကိဳေန႕) ၁၀နာရီ အခ်ိန္ခန႔္တြင္ တင္ထြန္းဝင္း(ခ)ဝက္သား(ခ) ဦးတင္မွာ ေနအိမ္တြင္ရွိေနစဥ္ ေက်ာ္ေဇယ်လင္း(ခ)လင္းလင္းမွာ ဘုန္းႀကီးဝတ္ျဖင့္ေရာက္ရွိလာၿပီး ေဒၚမာမာ(ခ)သီသီႏြယ္ အား အေႂကြးဆပ္မည္ဟုေျပာၿပီး အျပင္ထုတ္ေပးရန္ႏွင့္ လာေရာက္ပါက လူသတ္ၿပီး ေ႐ႊထည္ပစၥည္းမ်ားအားယူမည္ဟု ႀကိဳတင္ႀကံ႐ြယ္ခဲ့ေၾကာင္း၊

၁၂နာရီ အခ်ိန္ခန႔္တြင္ ၎တို႔(၂)ဦး ဘိလိယက္ခုံမွ အတူထြက္၍ ေက်ာ္ေဇယ်လင္း(ခ) လင္းလင္း ေနအိမ္သို႔ သြားေရာက္ခဲ့ေၾကာင္း၊ ေနအိမ္သို႔ေရာက္ရွိခ်ိန္တြင္တင္ထြန္းဝင္း(ခ)ဝက္သား(ခ) ဦးတင္မွ ေက်ာ္ေဇယ်လင္း(ခ) လင္းလင္း၏ ဖုန္းျဖင့္ ေဒၚမာမာ(ခ) သီသီႏြယ္၏ဖုန္းအား ဆက္သြယ္၍ ေက်ာ္ေဇာလင္း(ခ) လင္းလင္း ၏အိမ္ေရွ႕သို႔လာခဲ့ရန္ အေႂကြးေပးမည္ဟုဖုန္းေခၚဆိုခဲ့တယ္။

ယင္းေန႔ (၁)နာရီအခ်ိန္ခန႔္တြင္ မာမာ(ခ)သီသီႏြယ္ ေရာက္ရွိလာသျဖင့္ ေက်ာ္ေဇယ်လင္း(ခ)လင္းလင္းမွ လူေတြျမင္မယ္ အိမ္သို႔ဝင္ခဲ့ေျပာရာ ေဒၚမာမာ(ခ) သီသီႏြယ္မွအိမ္ထဲသို႔ဝင္လာၿပီး အိမ္အတြင္းရွိ ဘုရားစင္ဘက္သို႔ မ်က္ႏွာမူ၍ထိုင္ၿပီး တင္ထြန္းဝင္း(ခ)ဝက္သား(ခ)ဦးတင္မွ ဘုရားစင္ေအာက္တြင္ထိုင္၍ ေက်ာ္ေဇယ်လင္း(ခ) လင္းလင္းမွ မတ္တပ္ရပ္လ်က္ ၎ေနအိမ္ထုတ္တန္းအားကိုင္ေနခဲ့ေၾကာင္း၊

တင္ထြန္းဝင္း(ခ)ဝက္သား(ခ) ဦးတင္ မွ ေဒၚမာမာ(ခ) သီသီႏြယ္အား အေႂကြးေပးပို႔ေခၚတာပါဟုေျပာေနစဥ္ ေက်ာ္ေဇယ်လင္း(ခ) လင္းလင္းမွ အိမ္ေခါင္ထုတ္တန္းရွိ အျပာေရာင္ ေကာ္ပိုက္စြတ္ထားသည့္ အရိုး ၃ လက္မ၊ အေသြး ၇ လက္မခန႔္ရွိ ထိပ္ဦးခြၽန္ဓါးအား ထုတ္ယူၿပီး ေနာက္ေက်ာမွေန၍ ေဒၚမာမာ(ခ) သီသီႏြယ္၏ ဝဲနားေအာက္၊ ဝဲနို႔အုံေဘး၊ ရင္ဘတ္၊ ယာလည္ပင္းေအာက္၊

ယာခ်ဳိင္းေအာက္တို႔အား (၁)ခ်က္ ဆက္တိုက္ထိုးလိုက္ရာ ေဒၚမာမာ(ခ) သီသီႏြယ္မွ မလုပ္ပါနဲ႕ဟုေအာ္လိုက္ၿပီး လဲက်သြားစဥ္ ေဒၚမာမာ(ခ) သီသီႏြယ္ ၿငိမ္သြားၿပီးေနာက္ ေက်ာ္ေဇယ်လင္း (ခ)လင္းလင္းမွ တင္ထြန္းဝင္း မထိုးဘူးလားဟု ေမးသျဖင့္ ဝမ္းပိုက္၊ ဝဲနို႔အုံ၊ ဝဲခ်ိဳင္းေဘးတို႔အား တခ်က္စီထိုးခဲ့ၿပီး

ေဒၚမာမာ(ခ) သီသီႏြယ္၏လက္တြင္ ဝတ္ဆင္ထားေသာ ေ႐ႊလက္ေကာက္(၄)ကြင္းႏွင့္ ေ႐ႊလက္စြပ္(၁)ကြင္းတို႔အား ေက်ာ္ေဇယ်လင္း(ခ) လင္းလင္းမွ ခြၽတ္ယူခဲ့ျခင္းျဖစ္ေၾကာင္း ထြက္ဆိုသည္”ဟု ရဲမွတ္တမ္းအရ သိရွိရသည္။

ေသဆုံးသူေဒၚမာမာ(ခ) သီသီႏြယ္၏ အေလာင္းႏွင့္ သက္ေသခံပစၥည္းမ်ားအား ေဖ်ာက္ျဖတ္ျခင္း

၁၃.၄.၂၀၁၉ ရက္ေန႔ (၁)နာရီ ၁၅မိနစ္အခ်ိန္ခန႔္တြင္ ေသဆုံးသူ ေဒၚမာမာ(ခ) သီသီႏြယ္၏အေလာင္းအား ထည့္ရန္အတြက္ ေက်ာ္ေဇယ်လင္း(ခ) လင္းလင္းမွ ပီနံအိတ္(၂)လုံးအား တင္ထြန္းဝင္း(ခ)ဝက္သား(ခ) ဦးတင္ထံ လွမ္းေပးသျဖင့္ (၁)လုံးအား ေဒၚမာမာ(ခ) သီသီႏြယ္၏ေျခေထာက္မွအရင္စြတ္ထည့္ၿပီး ေနာက္(၁)လုံး၊

ေခါင္းစြပ္ျပည့္ခဲ့ေၾကာင္း၊ ေသဆုံးသူ၏ဖိနပ္၊ ထီးႏွင့္ ေသြးေပေနေသာ ဖေယာင္းပုဆိုး၊ ဓါး(၁)ေခ်ာင္းကို ပိတ္(၁)လုံးအတြင္းသို႔ထည့္ကာ တစ္ရပ္ကြက္တည္းေနအနားတကၠစီးေမာင္းသူ ကိုအာကာ CC××××× အျဖဴေရာင္(ယာဥ္)အား ေခတၱငွားရမ္းၿပီး ေသဆုံးသူ ေဒၚမာမာ(ခ) သီသီႏြယ္အေလာင္းအား ယာဥ္၏ အလယ္ခန္းသို႔ ဆြဲ၍ထည့္ရာ

ေက်ာ္ေဇယ်လင္း(ခ) လင္းလင္း၊ သဃၤန္းခၽြတ္ျဖန႔္၍ လူကာေပးခဲ့ေၾကာင္း၊ ၂နာရီအခ်ိန္ခန႔္တြင္ ေသဆုံးသူအား ပီနံအိတ္ျဖင့္ ထည့္ထားေသာ အေလာင္းကို ယာဥ္ေပၚသို႔ တင္ေဆာင္ၿပီး တင္ထြန္းဝင္း(ခ) ဝက္သား(ခ) ဦးတင္မွ ေမာင္းႏွင္ကာ ေက်ာ္ေဇယ်လင္း(ခ) လင္းလင္းႏွင့္အတူအေနာက္ပိုင္းတကၠသိုလ္လမ္းမေဘး ေရးေျမာင္းေဘးရွိ အမွိုက္ပုံ၌ အေလာင္းအားစြန႔္ပစ္ခဲ့ေၾကာင္း၊ေသဆုံးသူ၏ဖိနပ္၊ ထီးႏွင့္ ေသြးေပေနေသာ ဖေယာင္းပုဆိုး၊ ဓါးတို႔အား ေ႐ႊလင္ပန္းေခ်ာင္းအတြင္းသို႔စြန႔္ပစ္ခဲ့ပါသည္။

ေရႊထည္ပစၥည္းေရာင္းခ်ျခင္း

၂၁.၄.၂၀၁၉ ရက္ေန႕ ၁၃၀ ခန႔္တြင္ ေက်ာ္ေဇယ်လင္း(ခ) လင္းလင္းမွ ေ႐ႊထည္ပစၥည္းမ်ားအား ေရာင္းခ်ျခင္းပစၥည္းမ်ားအား သဘက္လက္ကိုင္ပုဝါပန္းေရာင္ျဖင့္ ထုတ္ကာ ႂကြတ္ႂကြတ္အိတ္အေသး အနက္ေရာင္အတြင္းထည့္ကာ ယခင္က ခင္မင္ရင္းႏွီးသူ လွိုင္သာယာၿမိဳ႕နယ္၊ (၁၅)ရပ္ကြက္၊ ခိုင္ေ႐ႊဝါလမ္းတြင္ေနထိုင္သူ မမိုးမိုးဆန္း၏ေနအိမ္သို႔သြားေရာက္ၿပီး ေ႐ႊလက္ေကာက္ (၄)ကြင္းႏွင့္ ေ႐ႊလက္စြပ္ (၁)ကြင္းတို႔အား ထုခြဲေရာင္းခ်ေပးရန္ႏွင့္ ေရာင္းခ်ၿပီးပါက ဖုန္းဆက္အေၾကာင္းၾကားေပးရန္ မွာၾကားခဲ့ေၾကာင္း၊

၂၁.၄.၂၀၁၉ ရက္ေန႔ (၁၀)နာရီအခ်ိန္ခန႔္တြင္ မမိုးမိုးဆန္းမွ ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ (ဈ)ေဈးရွိ ေက်ာ္ေ႐ႊဆိုင္တြင္ ေ႐ႊလက္ေကာက္(၁)ကြင္းႏွင့္ ေ႐ႊလက္စြပ္(၁)ကြင္း၊ ၿပဳံးပန္းေဝ ေ႐ႊဆိုင္တြင္ ေ႐ႊလက္ေကာက္(၂)ကြင္း၊ နဝလီေ႐ႊဆိုင္တြင္ ေ႐ႊလက္ေကာက္၊ )ၾကင္းတို႔အား ေငြ(၇၀၀၀၀၀)က်ပ္ျဖင့္ ေရာင္းခ်ခဲ့ပါသည္။

သက္ေသခံပစၥည္းမ်ားသိမ္းဆည္းျခင္း

ျပစ္မႈက်ဴးလြန္သူ ေက်ာ္ေဇယ်လင္း(၁) လင္းလင္း ႏွင့္ တင္ထြန္းဝင္း(ခ) ဝက္သား(ခ) ဦးတင္ တို႔(၂)ဦး၏ထြက္ဆိုခ်က္အရ ျပစ္မႈက်ဴးလြန္ရာတြင္ အသုံးျပဳခဲ့သည့္ အျပာေရာင္ ေကာ္ပိုက္စြတ္ထားသည့္ေနေသာ ဖေယာင္းပုဆိုး၊ ပီနံအိတ္ ေ႐ႊလင္ပန္းေခ်ာင္းအတြင္းမွ လည္းေကာင္း၊

ေ႐ႊထည္အရိုး ၃ လက္မ၊ အသြား ၇ လက္မခန႔္ရွိ ထိပ္ခြၽန္ဓါး(၁)ေခ်ာင္း၊ ေသဆုံးသူ၏ ဖိနပ္၊ ထီးႏွင့္ ေသြးေပေနေသာ ပစၥည္းေရာင္းခ်ရာမွရရွိေငြအနက္ ရွိရာရာ(၃၀၀၀၀)က်ပ္၊ ေ႐ႊလက္ေကာက္ (၄)ကြင္းႏွင့္

ေ႐ႊလက္စြပ္ (၁)ကြင္းတို႔အား ေျမာက္ဥကၠာလပၿမိဳ႕နယ္ရွိ (ဈ)ေဈးရွိ ေ႐ႊဆိုင္မ်ားမွ လည္းေကာင္း၊အေလာင္းအားစြန႔္ပစ္ရာတြင္ အသုံးျပဳသည့္ CC××××× အျဖဴေရာင္(ငွားယာဥ္)၊၎ယာဥ္ သက္ေသခံ လက္မွတ္မူရင္း (၁)ခု၊ ၎ယာဥ္လုပ္ငန္းလိုင္စင္မူရင္း (၁)ခု၊ နီညိုေရာင္ သကၤန္း (၁)စုံ၊ honorအမ်ိဳးအစား ဆင္းကဒ္ပါ နက္ျပာေရာင္ဖုန္း(၁)လုံး၊ ဆင္းကဒ္ပါ ကီးပတ္ဖုန္း(၁)လုံး၊ HUAWEI အမ်ိဳးအစားဆင္းကဒ္ပါအျဖဴေရာင္ဖုန္း(၁)လုံးတို႔အား ျပန္လည္သိမ္းဆည္း ရရွိခဲ့ေၾကာင္း စုံစမ္းသိရွိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သတ္ၿပီး ျပစ္မႈက်ဴးလြန္သူမ်ား အား ထန္းတပင္ၿမိဳ႕နယ္၊ တက္သစ္နယ္ေျမရဲစခန္းမွ (ပ)၂၁၆/၂၀၁၉၊ ရာဇသတ္ႀကီးဥပေဒပုဒ္မ ၃၀၂ျဖင့္ အေရးယူ ေဆာင္ရြက္လၽွက္ရွိေၾကာင္း စုံစမ္းသိရွိရသည္။

ဖိုးသူေတာ္(www.phothutaw.com)
Credit:သာခိုင္(မုနိၿမီ)
#Unicode Version#
တက်သစ်နယ်မြေရဲစခန်းအပိုင်၌ ငွေတိုးချေးငှားသည့် အမျိုးသမီးတစ်ဦး ဒါးဒဏ်ရာ (၈)ချက်ဖြင့် အသတ်ခံရမှု ပြစ်မှုကျူးလွန်သူများ အချိန်တိုအတွင်းဖမ်းဆီးရမိ….

၂၀၁၉ ဧပြီ ၁၆ရက်နေ့ ၅နာရီခွဲအချိန်ခန့်တွင် အနောက်ပိုင်းတက္ကသိုလ် လမ်းမဘေး အမှိုက်ပုံ၌ ပီနံအိတ်နှင့် ထုတ်လျက် အမျိုးသမီးအလောင်း တစ်လောင်းတွေ့ရှိကြောင်း သတင်းအရ တာဝန်ရှိသူများ သွားရောက်စစ်ဆေးခဲ့စဉ် ခန္ဓာကိုယ်၌ ဝဲနားအောက်၊ ဝဲချိုင်းဘေး၊ ဝဲနို့အုံဘ၊ နို့အုံ၊ ရင်ဘတ်၊ ဝမ်းဗိုက်၊ ယာလည်ပင်းအောက်၊

ယာချိုင်းအောက်တို့၌ ထိုးသွင်းဒဏ်ရာ(၁)ချက်စီနှင့်ဝဲတံတောင်မွန်းပဲ့ဒဏ်ရာ(၁)ချက်တို့တွေ့ရှိပြီးသေဆုံးနေသည်အား တွေ့ရှိရ၍ ဆက်လက်စစ်ဆေးချိန် သေဆုံးသူတွင် လှိုင်သာယာမြို့မရဲစခန်း လူပျောက်အမှတ်စဉ် (၃၈/၂၀၁၉)ဖြင့် လူပျောက်ဖွင့်ထားသော ဒေါ်မာမာ(ခ) သီသီနွယ် (၄၇)နှစ်၊ ကနောင်လမ်း၊ (၁)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူဖြစ်ကြောင်း အတည်နိုင်ခဲ့သည်ဟု စုံစမ်းစစ်ဆေးရသည်။

အဆိုပါလူသတ်မှုနှင့်ပတ်သတ်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးတို့မှ “လူသတ်မှုကျူးလွန်သူ တရားခံအား အမြန်စုံစမ်းဖော်ထုတ်ဖမ်းဆီးဆောင်ရွက်သွားရန်”ဟု ညွှန်ကြားချက်ကြောင်း မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီးလှဝေ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြောက်ပိုင်းခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ ဌာနစုမှူးရဲအုပ်အောင်ကျော်စိုး ဦးစီး၍ ဒုရဲအုပ်ရန်နိုင်လင်း တပ်ဖွဲ့ တို့ပါဝင်သောအဖွဲ့သည်

အခင်းဖြစ်ရပ်စစ်ဆေးခြင်း၊ မှတ်တမ်းဓါတ်ပုံရိုက်ကူးခြင်း၊ သေဆုံးသူ ရင်ခွဲစစ်ဆေးခြင်းအား ကြည့်ရှုစစ်ဆေးခြင်း၊သေဆုံးသူ၏ပတ်ဝန်းကျင်ရှိ သက်သေများအား စစ်ဆေးခြင်း တို့ဆောင်ရွက်ခဲ့ပြီးနောက်

သေဆုံးသူဒေါ်မာမာ(ခ) သီသီနွယ်၏ နောက်ကြောင်းအား စုံစမ်းခြင်း

ဒေါ်မာမာ(ခ) သီသီနွယ်တွင် ၎င်းသည် ရပ်ကွက်အတွင်း၌ ငွေတိုးချေးငှားခြင်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း လုပ်ကိုင်သူဖြစ်ကြောင်း၊ ရပ်ကွက်တွင် စကားအပြောအဆိုကြမ်းတမ်းသူဖြစ်ကြောင်း၊ ရွှေထည်ရတနာ ပစ္စည်းများအား ဝတ်ဆင်လေ့ရှိကြောင်း၊ ရပ်ကွက်အတွင်း၌ အကြွေးလိုက်လံ အကြွေးတောင်းခံသူ ဖြစ်ကြောင်း စုံစမ်းသိရှိရပါသည်။

ပြစ်မှုကျူးလွန်သူအား စုံစမ်းခြင်း

“မြောက်ပိုင်းခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ ဌာနစုမှူး ရဲအုပ်အောင်ကျော်စိုး ဦးစီးတပ်ဖွဲ့ဝင်များတွင် သေဆုံးသူထံမှ အကြွေးယူခဲ့ဘူးသူများအား စစ်ဆေးတယ်၊ ဒေါ်မာမာ(ခ)သီသီနွယ် မသေဆုံးမီ နောက်ဆုံးဖုန်းဆက်သူ တင်ထွန်းဝင်း(ခ) ပရက်၊ (ခ) ဦးတင်အားစစ်ဆေးခြင်း၊

သေဆုံးသူထံမှ အမြဲတစေအကြွေးယူခဲ့ဘူးသူ ကျော်ဇေယျာလင်း (ခ)လင်းလင်းအားစစ်ဆေးတယ်၊ အမာခံသတင်း ပေးများဖြင့် စုံစမ်းဆောင်ရွက်ခဲ့စဉ် သေဆုံးသူ၏ လက်ဝက်ရွှေထည်ပစ္စည်းနှင့်ပုံစံတူ ရွှေလက်ကောက်(၄)ကွင်းနှင့် ရွှေလက်စွပ်(၁)အား၂၁.၄.၂၀၁၉ ရက်နေ့တွင်

မြောက်ဥက္ကလာပမြို့နယ်ရှိ (ဈ)ဈေးရှိ ရွှေဆိုင်တွင် အမျိုးသမီး(၁)ဦးမှလာရောက်ရောင်းချနေကြောင်း အမာခံသတင်းပေး၏ ပြောပြချက်အရ သွားရောက်အတည်ပြုစုံစမ်းခဲ့ရာရွှေထည်ပစ္စည်းများအား လာရောက်ရောင်းချသူမှာ လှိုင်သာယာမြို့နယ်၊ (၁၅)ရပ်ကွက်တွင် နေထိုင်သူမမိုးမိုးဆန်းဆိုသူဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့်

မမိုးမိုးဆန်းအား စစ်ဆေးမေးမြန်းခဲ့ရာ ၂၁.၄.၂၀၁၉ရက်နေ့တွင် မ/၂၈၆၊ ကနောင်လမ်း၊ (၁)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေထိုင်သူ ကျော်ဇေယျလင်း(ခ)လင်းလင်းမှ ရောင်းချခိုင်းသော ရွှေထည်ပစ္စည်းများ ဖြစ်ကြောင်း သတင်းအစရရှိခဲ့သည်”ဟု တာဝန်ရှိသူများမှ မှုခင်ရှုထောင့်ဂျာနယ်သို့ ပြောကြားသည်။

ပြစ်မှုကျူးလွန်ကြောင်းပေါ်ပေါက်ခြင်းနှင့်ဖမ်းဆီးရမိ

“မသင်္ကာတရားခံ ကျော်ဇေယျလင်း(ခ)လင်းလင်း (၂၄)နှစ်၊ (ဘ)ဦးအောင်မိုး(ယာဉ်မောင်း)၊ ၂၈၆၊ ကနောင်လမ်း၊ (၁)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်အားအမှုမှပါဆုံးရွှေထည်ပစ္စည်းများနှင့် ပတ်သက်ပြီး ထောက်ပြ၍ အသေးစိတ်စစ်ဆေးခဲ့ရာ ၎င်းသည် ငြင်းကွယ်ထွက်ဆိုခြင်းမပြုဘဲ တစ်လမ်းတည်းနေထိုင်သူ တင်ထွန်းဝင်း(ခ) ဝက်သား(ခ) ဦးတင် (၃၀)နှစ်၊ (ဘ)ဦးတင်ထွန်း(ဝက်သားရောင်း)၊ မ/၂၅၉၊ ကနောင်လမ်း၊ (၁)ရပ်ကွက်၊

လှိုင်သာယာမြို့နယ်နေသူနှင့်အတူ ပြစ်မှုကျူးလွန်ကြောင်း ဝန်ခံထွက်ဆိုသဖြင့် အမှုပါဝင်သည့် ပြစ်မှုကျူးလွန်သူ တင်ထွန်းဝင်း(ခ) ဝက်သား(ခ) ဦးတင်အား ၎င်းနေထိုင်ရာ လှိုင်သာယာမြို့နယ်၊ (၁)ရပ်ကွက်၊ ကနောင်လမ်း၊ မ/၂၅၉ရှိ နေအိမ်တွင် အမှုဖြင့် ဖမ်းဆီးရမိခဲ့သည်” ဟု မှုခင်းရှုထောင့်ဂျာနယ်သို့ ပြောကြားသည်။

ပြစ်မှုကျူးလွန်သူများ၏ စစ်ဆေးပေါ်ပေါက်ချက်

“ပြစ်မှုကျူးလွန်သူ ကျော်လင်း(ခ)လင်းလင်း နှင့် တင်ထွန်းဝင်း(ခ) ဝက်သား(ခ) ဦးတင်တို့(၂)ဦးအား စစ်ဆေးခဲ့စဉ် ၇.၄.၂၀၁၉ ရက်နေ့ (၄)နာရီ အချိန်ခန့်တွင် တင်ထွန်းဝင်း(ခ) ဝက်သား(ခ) ဦးတင်မှာ နေအိမ်ဘိလိယက်ခုံတွင် ရှိနေစဉ် ကျော်ဇေယျလင်း(ခ) လင်းလင်း ရောက်ရှိလာပြီး ဘိလိယက်ထိုးရာ ရှုံးသဖြင့် ဒေါ်မာမာ(ခ) သီသီနွယ်၏ တူဖြစ်သူ ကိုနိုင်ထံမှ ငွေ(၃၀၀၀၀)ကျပ် ချေးသွားခဲ့ပြီး ၁၀.၄.၂၀၁၉ ရက်နေ့တွင် ပြန်ပေးမည်ဟု ပြောဆိုခဲ့တယ်။

၁၂.၄.၂၀၁၉ ရက်နေ့ (၄)အချိန်ခန့်တွင် တင်ထွန်းဝင်း(ခ)ဝက်သား(ခ) ဦးတင် မှာနေအိမ်ဘိလိယက်ခုံတွင်ရှိနေစဉ် ကျော်ဇေယျလင်း(ခ)လင်းလင်း ရောက်ရှိလာပြီး ၎င်းစက်ဘီးပေါင်၍မရကြောင်း၊ အကြွေးလည်း မပေးနိုင်ကြောင်း ပြောပြီး တင်ထွန်းဝင်း(ခ) ဝက်သား(ခ)ဦးတင် အား ဒေါ်မာမာ(ခ) သီသီနွယ်ထံမှထားသော အကြွေးပေးပြီးပြီလားဟုမေးရာ မပေးရသေးကြောင်းပြောရာ ဒေါ်မာမာ(ခ) သီသီနွယ်ကို ဒီညခေါ်လိုက်ဟုပြောရာ

တင်ထွန်းဝင်း(ခ) ဝက်သား (ခ)ဦးတင်မှ နေအိမ်တွင်မိန်းမရှိနေသဖြင့် အပြင်ပျောက်၍ မရဟုပြောဆိုခဲ့ကြောင်း၊ ကျော်ဇေယျလင်း(ခ)လင်းလင်းမှ ၁၃.၄.၂၀၁၉ရက်နေ့ (သြင်္ကန်အကြိုနေ့)တွင် ၎င်း၏ဖခင်ဖြစ်သူနှင့်အတူ ဘုန်းကြီးဝတ်ရမည်ဟုပြောရာ တင်ထွန်းဝင်း(ခ) ဝက်သား (၁)ဦးဟင်မှ ဝတ်ပေါ့ဟု ပြန်လည်ပြောခဲ့တယ်။

၁၃.၄.၂၀၁၉ ရက်နေ့(သြင်္ကန်အကြိုနေ့) ၁၀နာရီ အချိန်ခန့်တွင် တင်ထွန်းဝင်း(ခ)ဝက်သား(ခ) ဦးတင်မှာ နေအိမ်တွင်ရှိနေစဉ် ကျော်ဇေယျလင်း(ခ)လင်းလင်းမှာ ဘုန်းကြီးဝတ်ဖြင့်ရောက်ရှိလာပြီး ဒေါ်မာမာ(ခ)သီသီနွယ် အား အကြွေးဆပ်မည်ဟုပြောပြီး အပြင်ထုတ်ပေးရန်နှင့် လာရောက်ပါက လူသတ်ပြီး ရွှေထည်ပစ္စည်းများအားယူမည်ဟု ကြိုတင်ကြံရွယ်ခဲ့ကြောင်း၊

၁၂နာရီ အချိန်ခန့်တွင် ၎င်းတို့(၂)ဦး ဘိလိယက်ခုံမှ အတူထွက်၍ ကျော်ဇေယျလင်း(ခ) လင်းလင်း နေအိမ်သို့ သွားရောက်ခဲ့ကြောင်း၊ နေအိမ်သို့ရောက်ရှိချိန်တွင်တင်ထွန်းဝင်း(ခ)ဝက်သား(ခ) ဦးတင်မှ ကျော်ဇေယျလင်း(ခ) လင်းလင်း၏ ဖုန်းဖြင့် ဒေါ်မာမာ(ခ) သီသီနွယ်၏ဖုန်းအား ဆက်သွယ်၍ ကျော်ဇောလင်း(ခ) လင်းလင်း ၏အိမ်ရှေ့သို့လာခဲ့ရန် အကြွေးပေးမည်ဟုဖုန်းခေါ်ဆိုခဲ့တယ်။

ယင်းနေ့ (၁)နာရီအချိန်ခန့်တွင် မာမာ(ခ)သီသီနွယ် ရောက်ရှိလာသဖြင့် ကျော်ဇေယျလင်း(ခ)လင်းလင်းမှ လူတွေမြင်မယ် အိမ်သို့ဝင်ခဲ့ပြောရာ ဒေါ်မာမာ(ခ) သီသီနွယ်မှအိမ်ထဲသို့ဝင်လာပြီး အိမ်အတွင်းရှိ ဘုရားစင်ဘက်သို့ မျက်နှာမူ၍ထိုင်ပြီး တင်ထွန်းဝင်း(ခ)ဝက်သား(ခ)ဦးတင်မှ ဘုရားစင်အောက်တွင်ထိုင်၍ ကျော်ဇေယျလင်း(ခ) လင်းလင်းမှ မတ်တပ်ရပ်လျက် ၎င်းနေအိမ်ထုတ်တန်းအားကိုင်နေခဲ့ကြောင်း၊

တင်ထွန်းဝင်း(ခ)ဝက်သား(ခ) ဦးတင် မှ ဒေါ်မာမာ(ခ) သီသီနွယ်အား အကြွေးပေးပို့ခေါ်တာပါဟုပြောနေစဉ် ကျော်ဇေယျလင်း(ခ) လင်းလင်းမှ အိမ်ခေါင်ထုတ်တန်းရှိ အပြာရောင် ကော်ပိုက်စွတ်ထားသည့် အရိုး ၃ လက်မ၊ အသွေး ၇ လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးအား ထုတ်ယူပြီး နောက်ကျောမှနေ၍ ဒေါ်မာမာ(ခ) သီသီနွယ်၏ ဝဲနားအောက်၊ ဝဲနို့အုံဘေး၊ ရင်ဘတ်၊ ယာလည်ပင်းအောက်၊

ယာချိုင်းအောက်တို့အား (၁)ချက် ဆက်တိုက်ထိုးလိုက်ရာ ဒေါ်မာမာ(ခ) သီသီနွယ်မှ မလုပ်ပါနဲ့ဟုအော်လိုက်ပြီး လဲကျသွားစဉ် ဒေါ်မာမာ(ခ) သီသီနွယ် ငြိမ်သွားပြီးနောက် ကျော်ဇေယျလင်း (ခ)လင်းလင်းမှ တင်ထွန်းဝင်း မထိုးဘူးလားဟု မေးသဖြင့် ဝမ်းပိုက်၊ ဝဲနို့အုံ၊ ဝဲချိုင်းဘေးတို့အား တချက်စီထိုးခဲ့ပြီး

ဒေါ်မာမာ(ခ) သီသီနွယ်၏လက်တွင် ဝတ်ဆင်ထားသော ရွှေလက်ကောက်(၄)ကွင်းနှင့် ရွှေလက်စွပ်(၁)ကွင်းတို့အား ကျော်ဇေယျလင်း(ခ) လင်းလင်းမှ ချွတ်ယူခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုသည်”ဟု ရဲမှတ်တမ်းအရ သိရှိရသည်။

သေဆုံးသူဒေါ်မာမာ(ခ) သီသီနွယ်၏ အလောင်းနှင့် သက်သေခံပစ္စည်းများအား ဖျောက်ဖြတ်ခြင်း

၁၃.၄.၂၀၁၉ ရက်နေ့ (၁)နာရီ ၁၅မိနစ်အချိန်ခန့်တွင် သေဆုံးသူ ဒေါ်မာမာ(ခ) သီသီနွယ်၏အလောင်းအား ထည့်ရန်အတွက် ကျော်ဇေယျလင်း(ခ) လင်းလင်းမှ ပီနံအိတ်(၂)လုံးအား တင်ထွန်းဝင်း(ခ)ဝက်သား(ခ) ဦးတင်ထံ လှမ်းပေးသဖြင့် (၁)လုံးအား ဒေါ်မာမာ(ခ) သီသီနွယ်၏ခြေထောက်မှအရင်စွတ်ထည့်ပြီး နောက်(၁)လုံး၊

ခေါင်းစွပ်ပြည့်ခဲ့ကြောင်း၊ သေဆုံးသူ၏ဖိနပ်၊ ထီးနှင့် သွေးပေနေသော ဖယောင်းပုဆိုး၊ ဓါး(၁)ချောင်းကို ပိတ်(၁)လုံးအတွင်းသို့ထည့်ကာ တစ်ရပ်ကွက်တည်းနေအနားတက္ကစီးမောင်းသူ ကိုအာကာ CC××××× အဖြူရောင်(ယာဉ်)အား ခေတ္တငှားရမ်းပြီး သေဆုံးသူ ဒေါ်မာမာ(ခ) သီသီနွယ်အလောင်းအား ယာဉ်၏ အလယ်ခန်းသို့ ဆွဲ၍ထည့်ရာ

ကျော်ဇေယျလင်း(ခ) လင်းလင်း၊ သင်္ဃန်းချွတ်ဖြန့်၍ လူကာပေးခဲ့ကြောင်း၊ ၂နာရီအချိန်ခန့်တွင် သေဆုံးသူအား ပီနံအိတ်ဖြင့် ထည့်ထားသော အလောင်းကို ယာဉ်ပေါ်သို့ တင်ဆောင်ပြီး တင်ထွန်းဝင်း(ခ) ဝက်သား(ခ) ဦးတင်မှ မောင်းနှင်ကာ ကျော်ဇေယျလင်း(ခ) လင်းလင်းနှင့်အတူအနောက်ပိုင်းတက္ကသိုလ်လမ်းမဘေး ရေးမြောင်းဘေးရှိ အမှိုက်ပုံ၌ အလောင်းအားစွန့်ပစ်ခဲ့ကြောင်း၊သေဆုံးသူ၏ဖိနပ်၊ ထီးနှင့် သွေးပေနေသော ဖယောင်းပုဆိုး၊ ဓါးတို့အား ရွှေလင်ပန်းချောင်းအတွင်းသို့စွန့်ပစ်ခဲ့ပါသည်။

ရွှေထည်ပစ္စည်းရောင်းချခြင်း

၂၁.၄.၂၀၁၉ ရက်နေ့ ၁၃၀ ခန့်တွင် ကျော်ဇေယျလင်း(ခ) လင်းလင်းမှ ရွှေထည်ပစ္စည်းများအား ရောင်းချခြင်းပစ္စည်းများအား သဘက်လက်ကိုင်ပုဝါပန်းရောင်ဖြင့် ထုတ်ကာ ကြွတ်ကြွတ်အိတ်အသေး အနက်ရောင်အတွင်းထည့်ကာ ယခင်က ခင်မင်ရင်းနှီးသူ လှိုင်သာယာမြို့နယ်၊ (၁၅)ရပ်ကွက်၊ ခိုင်ရွှေဝါလမ်းတွင်နေထိုင်သူ မမိုးမိုးဆန်း၏နေအိမ်သို့သွားရောက်ပြီး ရွှေလက်ကောက် (၄)ကွင်းနှင့် ရွှေလက်စွပ် (၁)ကွင်းတို့အား ထုခွဲရောင်းချပေးရန်နှင့် ရောင်းချပြီးပါက ဖုန်းဆက်အကြောင်းကြားပေးရန် မှာကြားခဲ့ကြောင်း၊

၂၁.၄.၂၀၁၉ ရက်နေ့ (၁၀)နာရီအချိန်ခန့်တွင် မမိုးမိုးဆန်းမှ မြောက်ဥက္ကလာပမြို့နယ်ရှိ (ဈ)ဈေးရှိ ကျော်ရွှေဆိုင်တွင် ရွှေလက်ကောက်(၁)ကွင်းနှင့် ရွှေလက်စွပ်(၁)ကွင်း၊ ပြုံးပန်းဝေ ရွှေဆိုင်တွင် ရွှေလက်ကောက်(၂)ကွင်း၊ နဝလီရွှေဆိုင်တွင် ရွှေလက်ကောက်၊ )ကြင်းတို့အား ငွေ(၇၀၀၀၀၀)ကျပ်ဖြင့် ရောင်းချခဲ့ပါသည်။

သက်သေခံပစ္စည်းများသိမ်းဆည်းခြင်း

ပြစ်မှုကျူးလွန်သူ ကျော်ဇေယျလင်း(၁) လင်းလင်း နှင့် တင်ထွန်းဝင်း(ခ) ဝက်သား(ခ) ဦးတင် တို့(၂)ဦး၏ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် အပြာရောင် ကော်ပိုက်စွတ်ထားသည့်နေသော ဖယောင်းပုဆိုး၊ ပီနံအိတ် ရွှေလင်ပန်းချောင်းအတွင်းမှ လည်းကောင်း၊

ရွှေထည်အရိုး ၃ လက်မ၊ အသွား ၇ လက်မခန့်ရှိ ထိပ်ချွန်ဓါး(၁)ချောင်း၊ သေဆုံးသူ၏ ဖိနပ်၊ ထီးနှင့် သွေးပေနေသော ပစ္စည်းရောင်းချရာမှရရှိငွေအနက် ရှိရာရာ(၃၀၀၀၀)ကျပ်၊ ရွှေလက်ကောက် (၄)ကွင်းနှင့်

ရွှေလက်စွပ် (၁)ကွင်းတို့အား မြောက်ဥက္ကာလပမြို့နယ်ရှိ (ဈ)ဈေးရှိ ရွှေဆိုင်များမှ လည်းကောင်း၊အလောင်းအားစွန့်ပစ်ရာတွင် အသုံးပြုသည့် CC××××× အဖြူရောင်(ငှားယာဉ်)၊၎င်းယာဉ် သက်သေခံ လက်မှတ်မူရင်း (၁)ခု၊ ၎င်းယာဉ်လုပ်ငန်းလိုင်စင်မူရင်း (၁)ခု၊ နီညိုရောင် သင်္ကန်း (၁)စုံ၊ honorအမျိုးအစား ဆင်းကဒ်ပါ နက်ပြာရောင်ဖုန်း(၁)လုံး၊ ဆင်းကဒ်ပါ ကီးပတ်ဖုန်း(၁)လုံး၊ HUAWEI အမျိုးအစားဆင်းကဒ်ပါအဖြူရောင်ဖုန်း(၁)လုံးတို့အား ပြန်လည်သိမ်းဆည်း ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်ပြီး ပြစ်မှုကျူးလွန်သူများ အား ထန်းတပင်မြို့နယ်၊ တက်သစ်နယ်မြေရဲစခန်းမှ (ပ)၂၁၆/၂၀၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ဖြင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ဖိုးသူတော်(www.phothutaw.com)
Credit:သာခိုင်(မုနိမြီ)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top