
Credit: Popular News
Photo – Twitter/Bernama
#Unicode Version#
ကြီးမားသော ရေဆင်နှာမောင်းလေပွေကြီးတစ်ခု ပီနန်တွင် ယမန်နေ့က ဝင်ရောက်တိုက်ခတ်သောကြောင့် ပီနန်ပြည်နယ် တန်ဂျွန်းတိုကွန်းမြို့မှ အိမ်ခြေ ၅၀ ထက်မနည်း ပျက်စီးခဲ့ရသည်။
အဆိုပါ ရေဆင်နှာမောင်းကြီးသည် တန်ဂျွန်းတိုကွန်းမြို့၏ ကမ်းခြေအနီး ပင်လယ်ပြင်ထဲဝယ် ရုတ်တရက်ပေါ်ပေါက်လာကာ လှည့်ပတ်တိုက်ခတ်နေပြီးနောက် ၅ မိနစ်မျှအတွင်း ကုန်းတွင်းသို့ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယင်းကြောင့် အိမ်အချို့၏ ခေါင်မိုးများပျက်စီးခဲ့ပြီး သစ်ပင်များလည်း ပြိုလဲခဲ့သည်။
”အဲဒီ လေပွေတိုက်ခတ်မှုကြောင့် ပြိုပျက်သွားတဲ့ အပျက်အစီးတွေကို ရှင်းလင်ဖယ်ရှားနေပါတယ်”ဟု ဒေသတာဝန်ရှိသူတစ်ဦးကပြောသည်။
”နှစ်ပေါင်း ၅၀ လောက်အတွင်း တစ်ခါမှ မကြုံဖူးဘူး”ဟု အသက် ၇၅နှစ်အရွယ် ဒေသခံအဖွားအိုတစ်ဦးကပြောသည်။
ယင်းလေပွေ ရေဆင်နှာမောင်းကြီးကြောင့် ထိခိုက်ဒဏ်ရာရသူ မရှိကြောင်းသိရသည်။
ဖိုးသူတော်(www.phothutaw.com)
Credit: Popular News
Photo – Twitter/Bernama