ေရႊတိဂံု​ေစတီ​ေတာ္​ပန္​း​ေမြ႔ရာခင္​းပူ​ေဇာ္​ျခင္​းႏွင္​့ဆီမီး၉ေထာင္ထြန္​းညိွပူ​ေဇာ္​

ဧျပီလ ၂၈ ရက္ညေနပိုင္းက ရန္ကုန္ျမိဳ႕ေရႊတိဂံုေစတီေတာ္ျမတ္ၾကီး ေအာင္ေျမတြင္ ပန္းမ်ိဳးစံု အပြင္႕ေပါင္း ၅ သိန္းေက်ာ္ျဖင္႕ ပန္းေမြ႔ရာခင္းပူေဇာ္ျခင္း ဆီမီး ၉ ေထာင္ ထြန္းညွိပူေဇာ္ျခင္းကို Strategy First University မွ ဆရာဆရာမမ်ား၊ ေက်ာင္းသားေက်ာင္းသူမ်ားနွင္႕ ေစတနာရွင္ မ်ား စုေပါင္းကာ ကပ္လွဴပူေဇာ္ခဲ႕ၾကသည္။…..

ဓာတ္ပံု-မ်ိဳးေက်ာ္စိုး #ုျပည္ျမန္မာ

ျမန္မာမွာသာမက ကမၻာမွာေတာင္ အႀကီးဆုံး ျဖစ္လာႏိုင္မယ့္ပန္းေမြ႔ရာ ခင္းလႈ ပူေဇာ္ပြဲႀကီး….

လာမယ္႔ တနဂၤေႏြေန႔ 28.4.19 ညေန ငါးနာရီေက်ာ္မွာ ေ႐ွႊတိဂုံ ေစတီေတာ္ႀကီး ေအာင္ေျမအနီးမွာ ကပ္လႈပူေဇာ္ခြင့္ရပါၿပီ။

ကြၽန္မတို႔ ျမန္မာ သီခ်င္းတစ္ပုဒ္ထဲမွာ အလြန္ မဂၤလာ ရိွတဲ့ စကား “ပန္းေမြ႔ရာ ေရႊေကာ္ေဇာ ေရာေႏွာလို႔ထိုင္” ဆိုသလို ျမတ္စြာဘုရား႐ွင္ကို ရည္စူးၿပီး မြန္ျမတ္လွစြာေသာ ပန္ပြင့္ေပါင္း ငါးသိန္းခန္႔ႏွင့္ ပူေဇာ္မယ့္ ပန္းေမြ႔ရာႀကီးပါ။

စရတဲ့ အေတြးကေတာ့ သီရိလကၤာကေန ေရႊတိဂံုေစတီေတာ္ႀကီးမွာ လာၿပီး ပန္းစက္ဝိုင္း ခင္းလႈသြားရာက စပါတယ္။ လြန္ခဲ့ ႏွစ္ႏွစ္ေလာက္ကေပါ့ ။ သူတို႔တေတြ ပန္းပြင့္ဖတ္ေတြကို သယ္ယူၿပီး ဘုရားႀကီးကို ပူေဇာ္ခဲ့တဲ့ အခ်ိန္ကထဲက ကြၽန္မရဲ႕ စိတ္ကူး အေတြးေတြထဲမွာ ငါတို႔ ျမန္မာေတြကေရာ ဘာလို႔ ဒီလို မလုပ္ႏိုင္ရမွာလဲဆိုတဲ့ အေတြးပါ။

ကုသိုလ္စိတ္အေတြးဆိုတာ အင္မတန္ အားႀကီးပါတယ္။ ဘယ္ေတာ့လုပ္ၿပီး ဘယ္လို လုပ္ရမယ္ဆုိတာသာ မသိေသးတာ။အခုေတာ့ အေကာင္အထည္ ေပၚပါၿပီ။ Strategy First University အျဖစ္ တည္ေထာင္ဖြင့္လွစ္ခြင့္ရတဲ့ အထိမ္းအမွတ္ နဲ႔ ဆရာမ ေဒၚေအးေအးဝင္းက ဆီမီးနဲ႔ ပန္းလႈဒါန္းၾကရေအာင္ဆိုၿပီး စႏိႈးေဆာ္ပါတယ္။

ဝမ္းသာအားရ လႈဒါန္း ပါတယ္။ ၿပီးေတာ့ ကိုယ့္ရဲ႕ စိတ္ကူး အိပ္မက္ထဲက ပန္းေမြ႔ရာ က ေခါင္းေထာင္လာပါတယ္ ။ ေရႊတိဂံုေစတီကို ကမၻာ့အႀကီးဆုံး ပန္းေမြ႔ရာ ခင္းလႉၾကရေအာင္လို႔ အၾကံေပးေတာ့ သေဘာက်ၾကတယ္။

ဘယ္ေလာက္လုပ္ခ်င္လဲလို႔ေမးေတာ့ ေရႊတိဂုံ ေစတီေတာ္ျမတ္ႀကီးရဲ႕ ေစတိယဂၤဏ ရင္ျပင္မွာ အက်ယ္ဆုံး ရႏိုင္တဲ့ ေနရာက ေအာင္ေျမအနီးမွာ ရိွတဲ့ ကြက္လပ္။ေျခလွမ္းနဲ႔ ပမာဏတိုင္းၾကည့္တာ အရႏိုင္ဆုံးက 36’ေပ ေလာက္ပဲ။

အမ်ားျပည္သူ လမ္းေလ်ွာက္ဖို႔ခ်န္ေတာ့ ေပသုံးဆယ္ပတ္လည္။ သၾကၤန္မတိုင္ခင္ ပန္းနဲ႔ ဆီမီး ပူေဇာ္ ဖို႔အတြက္ အလႈေငြေတြ ထည့္ၾကတာ ပန္းဖိုးက သိန္း သုံးဆယ္ေက်ာ္ ရပါတယ္။အဲ့ဒါနဲ႔ လုပ္ခ်င္ေနတဲ့ ေပ ၃၀ ပတ္လည္ အကြက္ထဲမွာ ေပ၃၀ အလ်ား ေပႏွစ္ဆယ္အနံရိွမယ့္ သာသနာ့အလံႀကီးကို ဒီဇိုင္းထြက္ပါတယ္။

အေရာင္အလိုက္ ပန္းေတြေရြးၾကေတာ့ ပထမ သက္သာေအာင္ ပန္းပြင့္ခ်ပ္ေတြနဲ႔ပဲ ခင္းမယ္ စဥ္းစားေပမယ့္ အလွဴ ေငြ ေတြက လုံေလာက္ေနတာေၾကာင့္ ႏွင္းဆီ ဂနၶမာ ထိုင္းသစ္ခြ စံပယ္ စတာေတြကို အပြင္လိုက္ အျပည့္ခင္းမွာပါ။ ပန္းပြင့္ေရ စုစုေပါင္း ငါးသိန္းခန္႔ျဖစ္မယ္ထင္ပါတယ္။

ၿပီးေတာ့ ေရႊတိဂံုေစတီ ေဂါပကကို ခြင့္ေတာင္းရပါတယ္။ ကိုစိုင္းနဲ႔ ဦးသန္းေဇာ္တို႔က ဝိုင္းကူေပးၾကတာေရာ ကြၽန္မကိုယ္တိုင္လဲေျပာ ေက်ာင္းကလဲ စာတင္နဲ႔ ေနာက္ဆုံး ခြင့္ျပဳမိန္႔ကို ဗုဒၶဟူးေန႔ မွာ ရၿပီဆိုတာသိရေတာ့ ေပ်ာ္လိုက္တာေလ။

ဒီအေတာအတြင္းမွာပဲ အဖြဲ႔လိုက္ တာဝန္ေတြခြဲေဝၿပီး ပန္းေတြကို ေစ်းအနည္းဆုံးနဲ႔ ဝယ္ယူလို႔ရဖို႔ အခ်ိန္မွီရဖို႔ ေရေထာင္ဖို႔ သယ္ဖို႔ အစီအစဥ္ ေတြ အတူတူဝိုင္းၿပီးလုပ္ၾကရ၊ ေခါင္းပူေအာင္ စဥ္းစားၾကပါတယ္။

ဒီတနဂၤေႏြေန႔ ညေန ငါးနာရီခန္႔မွာ ပန္းေစတီႀကီး သုံးဆူ နဲ႔ ပူေဇာ္မယ့္ ပန္းပြင္ သုံးသိန္းခန္႔ကို ေရႊတိဂံုေစတီေတာ္ႀကီးကို ဘုရား ဂုဏ္ေတာ္ကိုးပါး ပဌန္းပါဠိေတာ္ေတြရြတိဆိုရင္း လက်္ာရစ္ ရစ္ပတ္ ပူေဇာ္ ပါမယ္။

ၿပီးရင္ ေပ ၃၀ ေပ၂၀ ကမၻာ့အႀကီးဆုံး ပန္းေမြ႔ရာ သာသနာ့အလံေတာ္ႀကီး ၊ ဆယ္ေပပတ္လည္ ပန္း ပဌန္းစက္ဝိုင္းႀကီးႏွစ္ခုတို႔ကို စီခ်ယ္ပူေဇာ္မွာပါ။ညေန ေျခာက္နာရီမွာ ေစတီေတာိႀကီး တစ္ပတ္လုံး ဆီမီး ၁၁,၀၀၀ ပူေဇာ္ၾကၿပီးည ခုႏွစ္နာရီမွာ ပဌန္းပစၥယုေဒၵသ အက်ယ္နဲ႔ ပရိတ္ေတာ္မ်ား ရြတ္ဆိုပူေဇာ္ၿပီး အမ်ွေပးေဝၾကမွာ ျဖစ္ပါတယ္။

ၾကံဳေတာင့္ၾကံဳခဲ ျမန္မာ့ အႀကီးဆုံး ပန္းေမြ႔ရာႀကီး ခင္းလႈပူေဇာ္ပြဲကို ကိုယ္တိုင္ႂကြေရာက္ ၾကည္ညိဳ ကုသိုလ္ယူရင္း ကုသိုလ္ေစတသိက္မ်ား ပြားမ်ားႏိုင္ၾကဖို႔ ဖိတ္ေခၚပါရေစ…..။

ေမတၱာမြန္ျဖင့္ သတၱဝါအားလုံး ခ်မ္းသာၾကပါေစ….ေအးၿငိမ္းၾကပါေစ…ေကာင္းက်ိဳး လိုရာဆနၵ ျပည့္ဝၾကပါေစ….။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:မူရင္း

#Unicode Version# ျဖင့္ဖတ္ပါ ။

ရွှေတိဂုံစေတီတော်ပန်းမွေ့ရာခင်းပူဇော်ခြင်းနှင့်ဆီမီး၉ထောင်ထွန်းညှိပူဇော်

ဧပြီလ ၂၈ ရက်ညနေပိုင်းက ရန်ကုန်မြို့ရွှေတိဂုံစေတီတော်မြတ်ကြီး အောင်မြေတွင် ပန်းမျိုးစုံ အပွင့်ပေါင်း ၅ သိန်းကျော်ဖြင့် ပန်းမွေ့ရာခင်းပူဇော်ခြင်း ဆီမီး ၉ ထောင် ထွန်းညှိပူဇော်ခြင်းကို Strategy First University မှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် စေတနာရှင် များ စုပေါင်းကာ ကပ်လှူပူဇော်ခဲ့ကြသည်။…..

ဓာတ်ပုံ-မျိုးကျော်စိုး #ုပြည်မြန်မာ

မြန်မာမှာသာမက ကမ္ဘာမှာတောင် အကြီးဆုံး ဖြစ်လာနိုင်မယ့်ပန်းမွေ့ရာ ခင်းလှု ပူဇော်ပွဲကြီး….

လာမယ့် တနင်္ဂနွေနေ့ 28.4.19 ညနေ ငါးနာရီကျော်မှာ ရှေွှတိဂုံ စေတီတော်ကြီး အောင်မြေအနီးမှာ ကပ်လှုပူဇော်ခွင့်ရပါပြီ။

ကျွန်မတို့ မြန်မာ သီချင်းတစ်ပုဒ်ထဲမှာ အလွန် မင်္ဂလာ ရှိတဲ့ စကား “ပန်းမွေ့ရာ ရွှေကော်ဇော ရောနှောလို့ထိုင်” ဆိုသလို မြတ်စွာဘုရားရှင်ကို ရည်စူးပြီး မွန်မြတ်လှစွာသော ပန်ပွင့်ပေါင်း ငါးသိန်းခန့်နှင့် ပူဇော်မယ့် ပန်းမွေ့ရာကြီးပါ။

စရတဲ့ အတွေးကတော့ သီရိလင်္ကာကနေ ရွှေတိဂုံစေတီတော်ကြီးမှာ လာပြီး ပန်းစက်ဝိုင်း ခင်းလှုသွားရာက စပါတယ်။ လွန်ခဲ့ နှစ်နှစ်လောက်ကပေါ့ ။ သူတို့တတွေ ပန်းပွင့်ဖတ်တွေကို သယ်ယူပြီး ဘုရားကြီးကို ပူဇော်ခဲ့တဲ့ အချိန်ကထဲက ကျွန်မရဲ့ စိတ်ကူး အတွေးတွေထဲမှာ ငါတို့ မြန်မာတွေကရော ဘာလို့ ဒီလို မလုပ်နိုင်ရမှာလဲဆိုတဲ့ အတွေးပါ။

ကုသိုလ်စိတ်အတွေးဆိုတာ အင်မတန် အားကြီးပါတယ်။ ဘယ်တော့လုပ်ပြီး ဘယ်လို လုပ်ရမယ်ဆိုတာသာ မသိသေးတာ။အခုတော့ အကောင်အထည် ပေါ်ပါပြီ။ Strategy First University အဖြစ် တည်ထောင်ဖွင့်လှစ်ခွင့်ရတဲ့ အထိမ်းအမှတ် နဲ့ ဆရာမ ဒေါ်အေးအေးဝင်းက ဆီမီးနဲ့ ပန်းလှုဒါန်းကြရအောင်ဆိုပြီး စနှိုးဆော်ပါတယ်။

ဝမ်းသာအားရ လှုဒါန်း ပါတယ်။ ပြီးတော့ ကိုယ့်ရဲ့ စိတ်ကူး အိပ်မက်ထဲက ပန်းမွေ့ရာ က ခေါင်းထောင်လာပါတယ် ။ ရွှေတိဂုံစေတီကို ကမ္ဘာ့အကြီးဆုံး ပန်းမွေ့ရာ ခင်းလှူကြရအောင်လို့ အကြံပေးတော့ သဘောကျကြတယ်။

ဘယ်လောက်လုပ်ချင်လဲလို့မေးတော့ ရွှေတိဂုံ စေတီတော်မြတ်ကြီးရဲ့ စေတိယင်္ဂဏ ရင်ပြင်မှာ အကျယ်ဆုံး ရနိုင်တဲ့ နေရာက အောင်မြေအနီးမှာ ရှိတဲ့ ကွက်လပ်။ခြေလှမ်းနဲ့ ပမာဏတိုင်းကြည့်တာ အရနိုင်ဆုံးက 36’ပေ လောက်ပဲ။

အများပြည်သူ လမ်းလျှောက်ဖို့ချန်တော့ ပေသုံးဆယ်ပတ်လည်။ သြင်္ကန်မတိုင်ခင် ပန်းနဲ့ ဆီမီး ပူဇော် ဖို့အတွက် အလှုငွေတွေ ထည့်ကြတာ ပန်းဖိုးက သိန်း သုံးဆယ်ကျော် ရပါတယ်။အဲ့ဒါနဲ့ လုပ်ချင်နေတဲ့ ပေ ၃၀ ပတ်လည် အကွက်ထဲမှာ ပေ၃၀ အလျား ပေနှစ်ဆယ်အနံရှိမယ့် သာသနာ့အလံကြီးကို ဒီဇိုင်းထွက်ပါတယ်။

အရောင်အလိုက် ပန်းတွေရွေးကြတော့ ပထမ သက်သာအောင် ပန်းပွင့်ချပ်တွေနဲ့ပဲ ခင်းမယ် စဉ်းစားပေမယ့် အလှူ ငွေ တွေက လုံလောက်နေတာကြောင့် နှင်းဆီ ဂန္ဓမာ ထိုင်းသစ်ခွ စံပယ် စတာတွေကို အပွင်လိုက် အပြည့်ခင်းမှာပါ။ ပန်းပွင့်ရေ စုစုပေါင်း ငါးသိန်းခန့်ဖြစ်မယ်ထင်ပါတယ်။

ပြီးတော့ ရွှေတိဂုံစေတီ ဂေါပကကို ခွင့်တောင်းရပါတယ်။ ကိုစိုင်းနဲ့ ဦးသန်းဇော်တို့က ဝိုင်းကူပေးကြတာရော ကျွန်မကိုယ်တိုင်လဲပြော ကျောင်းကလဲ စာတင်နဲ့ နောက်ဆုံး ခွင့်ပြုမိန့်ကို ဗုဒ္ဓဟူးနေ့ မှာ ရပြီဆိုတာသိရတော့ ပျော်လိုက်တာလေ။

ဒီအတောအတွင်းမှာပဲ အဖွဲ့လိုက် တာဝန်တွေခွဲဝေပြီး ပန်းတွေကို ဈေးအနည်းဆုံးနဲ့ ဝယ်ယူလို့ရဖို့ အချိန်မှီရဖို့ ရေထောင်ဖို့ သယ်ဖို့ အစီအစဉ် တွေ အတူတူဝိုင်းပြီးလုပ်ကြရ၊ ခေါင်းပူအောင် စဉ်းစားကြပါတယ်။

ဒီတနင်္ဂနွေနေ့ ညနေ ငါးနာရီခန့်မှာ ပန်းစေတီကြီး သုံးဆူ နဲ့ ပူဇော်မယ့် ပန်းပွင် သုံးသိန်းခန့်ကို ရွှေတိဂုံစေတီတော်ကြီးကို ဘုရား ဂုဏ်တော်ကိုးပါး ပဌန်းပါဠိတော်တွေရွတိဆိုရင်း လကျ်ာရစ် ရစ်ပတ် ပူဇော် ပါမယ်။

ပြီးရင် ပေ ၃၀ ပေ၂၀ ကမ္ဘာ့အကြီးဆုံး ပန်းမွေ့ရာ သာသနာ့အလံတော်ကြီး ၊ ဆယ်ပေပတ်လည် ပန်း ပဌန်းစက်ဝိုင်းကြီးနှစ်ခုတို့ကို စီချယ်ပူဇော်မှာပါ။ညနေ ခြောက်နာရီမှာ စေတီတောိကြီး တစ်ပတ်လုံး ဆီမီး ၁၁,၀၀၀ ပူဇော်ကြပြီးည ခုနှစ်နာရီမှာ ပဌန်းပစ္စယုဒ္ဒေသ အကျယ်နဲ့ ပရိတ်တော်များ ရွတ်ဆိုပူဇော်ပြီး အမျှပေးဝေကြမှာ ဖြစ်ပါတယ်။

ကြုံတောင့်ကြုံခဲ မြန်မာ့ အကြီးဆုံး ပန်းမွေ့ရာကြီး ခင်းလှုပူဇော်ပွဲကို ကိုယ်တိုင်ကြွရောက် ကြည်ညို ကုသိုလ်ယူရင်း ကုသိုလ်စေတသိက်များ ပွားများနိုင်ကြဖို့ ဖိတ်ခေါ်ပါရစေ…..။

မေတ္တာမွန်ဖြင့် သတ္တဝါအားလုံး ချမ်းသာကြပါစေ….အေးငြိမ်းကြပါစေ…ကောင်းကျိုး လိုရာဆန္ဒ ပြည့်ဝကြပါစေ….။

ဖိုးသူတော် (www.phothutaw.com)
Credit:မူရင်း
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top