တိုင္းျပည္သာယာေအာင္ သစ္ပင္ေတြစိုက္ႀကပါလို့ သူတုိ ့ဘုရင္ႀကီးရဲ ့မိန့္ႀကားခ်က္ကုိ အသိတရားထဲမွာ စဲြျမဲျပီး ထန္းပင္ေပါင္း ၃သန္းကို ေက်ာ္ကို တဦးတည္းဦးေဆာင္ျပီး ဇဲြရိွရိွစုိက္ပ်ိဳးခဲ့တဲ့အတြက္ ထုိင္းနိုင္ငံသားတဦးလူမူ ့သူရဲေကာင္းဆုကုိ ရရွိိခဲ့ပါတယ္။

ထိုင္းနိုင္ငံ အေ၇ွ ့ပိုင္း စီစကက္ ခရိုင္ Prang Ku ပရမ္ကူ ကားလမ္း၀ဲယာတေလွ်ာက္မွာ ထန္းပင္ေတြ စိုက္ပ်ိဳးခဲ့သူကေတာ့ အသက္ (၇၀) ေက်ာ္အရြယ္ နိုင္ ၀ိခ်ိဳင္ ျဖစ္ျပီးသူဟာ ရဲအရာရွိေဟာင္း တဦးျဖစ္ပါတယ္။

အခုေတာ့ သူတို့ထန္းပင္က ထြက္ကုန္ေတြဟာ ခရိုင္စီးပြားေရး အတြက္ အက်ိဳးျဖစ္လာသလို ထန္းေတာလမ္းမဟာ ကမၻာလွည့္ ခ၇ီးသြားေတြအတြက္ စိတ္၀င္စားစရာ ေနရာျဖစ္လာတယ္လို့ ထိုင္းအာဏာပိုင္ေတြက ဆိုပါတယ္။

အပူပိုင္းဇံုေဒသျဖစ္္တဲ့ ပူျပင္းတဲ့ရာသီဥတုရွိတဲ့ သူ ့ခရိုင္အတြင္းမွာခရီးသြားေတြ ေအးခ်မ္းေအာင္ ထန္းပင္ေပါက္ ကေလးေတြကို သူက ေန့တိုင္း စတင္စိုက္ခဲ့ပါတယ္…

မင္းကိုးဆက္ေျမာက္ ထိုင္းဘုရင္ၾကီး ဘူမိေဘာ ရဲ ့ တိုင္းျပည္တြင္း သာယာေအာင္ သစ္ပင္စိုက္ၾကပါ ဆိုတဲ့ မိန္ ့ၾကားခ်က္အတိုင္း လိုက္နာျပိး သူဟာအိမ္မွာ ထန္းပင္ေလးေတြပိ်ဳးျပိီး ေန႔စဥ္ အလုပ္တခုလို လုပ္ျပိးစိုက္ခဲ့တာလို ့ဆုိပါတယ္ ။

သူရဲ ့ဇဲြလံုံ႔လ ေစတနာေတြကုိ သိရျပိးတဲ့ေနာက္ ခရိုင္အတြင္းလူေတြက သူေနာက္ကေန လိုက္လံစုိက္ပ်ိဳးမူေတြ ကူညီမူေတြလုပ္ခဲ့တာေႀကာင့္ သစ္ပင္ေပါင္း သံုးသန္းေက်ာ္ စိုက္ပ်ိဳးႏိုင္ခဲ့ပါတယ္။

အခု အခ်ိန္မွာေတာ့ သစ္ပင္သစ္ရိပ္ေတြနဲ့ လွပတဲ့ခရိုင္ေလးကို သူအသက္ ရွိစဥ္မွာပဲ ျမင္ေတြ ့ခဲ့ရပါျပိ။ သူဟာ ႏွစ္ရွည္လမ်ား အပင္ေလးေတြကုိ စိုက္ခဲ့သူပါ။

ျမန္မာႏိုင္ငံမွာလည္း ထန္းတပင္ကုိ တရုတ္ေတြက က်ပ္တေသာင္းခဲြေပးတာနဲ့ ခုတ္ေရာင္းတာေတြျမင္ရတာ စိတ္မသက္သာစရာပါ။

ျပည္တြင္းက တုိင္းျပည္သာယာေစခ်င္သူေတြက မခုတ္ေအာင္ တားျမစ္ေပးေစခ်င္ပါတယ္။ ထန္းေတာင္သူေတြရဲ ့သူတုိ့ဘ၀ရပ္တည္ေရးကို လုပ္ေဆာင္ေပးႀကပါ ၀မ္းစာေရးအတြက္ ျပသနာကို ေျဖ၇ွင္းေပးႀကပါ ႏွစ္ရွည့္အပင္ေတြကုိမခုတ္လွဲေအာင္ မ ေရာင္းစားေအာင္လုပ္ေပးႀက ေစလိုပါတယ္။

သူငယ္ခ်င္းတဦးကေတာ့ သူက ထန္းပင္ေတြရွိတ ဲ့ေနရာမွာ ထန္းပင္ေတြ တစ္ပင္ခ်င္း ျပန္၀ယ္ျပိး မခုတ္ရေအာင္ လုုပ္ေဆာင္ေနတယ္ ဆိုေတာ့ ၀မ္းသာမိေသးတယ္။

ထန္းေတာင္သူေတ ြအခက္အခဲျဖစ္ေနရင္ မခုတ္လွဲေအာင္ တဥိီးခ်င္းဆီတိုင္းျပည္ခ်စ္တဲ့ အသိစိတ္ဓါတ္ေလးနဲ့ တပင္စီ ျပန္၀ယ္ေပးတဲ့ အစီစဥ္ က်ယ္က်ယ္ျပန့္ျပန့္ျဖစ္ရင္ သိတ္ေကာင္းမွာပဲလို ့ေတြးေနမိတယ္။

သူမ်ားတိုုင္းျပည္က အပင္ေတြ ျမင္တုိင္း ကုိယ့္တိုင္းျပည္နဲ ့ယွဥ္တဲြေတြးေနမိတာကလည္း အစဲြတခုလိုျဖစ္ေနသလားပဲ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thutasone

#Unicode Version# ျဖင့္ဖတ္ပါ ။

တိုင်းပြည်သာယာအောင် သစ်ပင်တွေစိုက်ကြပါလို့ သူတို့ဘုရင်ကြီးရဲ့မိန့်ကြားချက်ကို အသိတရားထဲမှာ စွဲမြဲပြီး ထန်းပင်ပေါင်း ၃သန်းကို ကျော်ကို တဦးတည်းဦးဆောင်ပြီး ဇွဲရှိရှိစိုက်ပျိုးခဲ့တဲ့အတွက် ထိုင်းနိုင်ငံသားတဦးလူမူ့သူရဲကောင်းဆုကို ရရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံ အရှေ့ပိုင်း စီစကက် ခရိုင် Prang Ku ပရမ်ကူ ကားလမ်းဝဲယာတလျှောက်မှာ ထန်းပင်တွေ စိုက်ပျိုးခဲ့သူကတော့ အသက် (၇၀) ကျော်အရွယ် နိုင် ဝိချိုင် ဖြစ်ပြီးသူဟာ ရဲအရာရှိဟောင်း တဦးဖြစ်ပါတယ်။

အခုတော့ သူတို့ထန်းပင်က ထွက်ကုန်တွေဟာ ခရိုင်စီးပွားရေး အတွက် အကျိုးဖြစ်လာသလို ထန်းတောလမ်းမဟာ ကမ္ဘာလှည့် ခရီးသွားတွေအတွက် စိတ်ဝင်စားစရာ နေရာဖြစ်လာတယ်လို့ ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။

အပူပိုင်းဇုံဒေသဖြစ်တဲ့ ပူပြင်းတဲ့ရာသီဥတုရှိတဲ့ သူ့ခရိုင်အတွင်းမှာခရီးသွားတွေ အေးချမ်းအောင် ထန်းပင်ပေါက် ကလေးတွေကို သူက နေ့တိုင်း စတင်စိုက်ခဲ့ပါတယ်…

မင်းကိုးဆက်မြောက် ထိုင်းဘုရင်ကြီး ဘူမိဘော ရဲ့ တိုင်းပြည်တွင်း သာယာအောင် သစ်ပင်စိုက်ကြပါ ဆိုတဲ့ မိန့်ကြားချက်အတိုင်း လိုက်နာပြိး သူဟာအိမ်မှာ ထန်းပင်လေးတွေပျိုးပြီး နေ့စဉ် အလုပ်တခုလို လုပ်ပြိးစိုက်ခဲ့တာလို့ဆိုပါတယ် ။

သူရဲ့ဇွဲလုံံ့လ စေတနာတွေကို သိရပြိးတဲ့နောက် ခရိုင်အတွင်းလူတွေက သူနောက်ကနေ လိုက်လံစိုက်ပျိုးမူတွေ ကူညီမူတွေလုပ်ခဲ့တာကြောင့် သစ်ပင်ပေါင်း သုံးသန်းကျော် စိုက်ပျိုးနိုင်ခဲ့ပါတယ်။

အခု အချိန်မှာတော့ သစ်ပင်သစ်ရိပ်တွေနဲ့ လှပတဲ့ခရိုင်လေးကို သူအသက် ရှိစဉ်မှာပဲ မြင်တွေ့ခဲ့ရပါပြိ။ သူဟာ နှစ်ရှည်လများ အပင်လေးတွေကို စိုက်ခဲ့သူပါ။

မြန်မာနိုင်ငံမှာလည်း ထန်းတပင်ကို တရုတ်တွေက ကျပ်တသောင်းခွဲပေးတာနဲ့ ခုတ်ရောင်းတာတွေမြင်ရတာ စိတ်မသက်သာစရာပါ။

ပြည်တွင်းက တိုင်းပြည်သာယာစေချင်သူတွေက မခုတ်အောင် တားမြစ်ပေးစေချင်ပါတယ်။ ထန်းတောင်သူတွေရဲ့သူတို့ဘဝရပ်တည်ရေးကို လုပ်ဆောင်ပေးကြပါ ဝမ်းစာရေးအတွက် ပြသနာကို ဖြေ၇ှင်းပေးကြပါ နှစ်ရှည့်အပင်တွေကိုမခုတ်လှဲအောင် မ ရောင်းစားအောင်လုပ်ပေးကြ စေလိုပါတယ်။

သူငယ်ချင်းတဦးကတော့ သူက ထန်းပင်တွေရှိတ ဲ့နေရာမှာ ထန်းပင်တွေ တစ်ပင်ချင်း ပြန်ဝယ်ပြိး မခုတ်ရအောင် လုပ်ဆောင်နေတယ် ဆိုတော့ ဝမ်းသာမိသေးတယ်။

ထန်းတောင်သူတေ ွအခက်အခဲဖြစ်နေရင် မခုတ်လှဲအောင် တဦးချင်းဆီတိုင်းပြည်ချစ်တဲ့ အသိစိတ်ဓါတ်လေးနဲ့ တပင်စီ ပြန်ဝယ်ပေးတဲ့ အစီစဉ် ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ရင် သိတ်ကောင်းမှာပဲလို့တွေးနေမိတယ်။

သူများတိုင်းပြည်က အပင်တွေ မြင်တိုင်း ကိုယ့်တိုင်းပြည်နဲ့ယှဉ်တွဲတွေးနေမိတာကလည်း အစွဲတခုလိုဖြစ်နေသလားပဲ ။

ဖိုးသူတော် (www.phothutaw.com)
Credit: thutasone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top